တရုတ် ကာကွယ်ရေးဝန်ကြီးဟောင်းနှစ်ယောက်ကို ကွန်မြူနစ်ပါတီကနေ ထုတ်ပယ်

 

ပေကျင်း ၊ ဇွန်-၂၈-၂၀၂၄
မျိုးဆက်(VOM)

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နစ်ယောက်ဟာ ပါတီစည်းကမ်းချိုးဖောက်မှု၊ နိုင်ငံဥပဒေချိုးဖောက်မှုတို့ကြောင့် ပါတီကနေ ထုတ်ပယ်ဖို့ တရုတ်ကွန်မြူနစ်ပါတီက ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်ဖူနဲ့ ဝေဖန်ဂီတို့ကို ပါတီကနေ ထုတ်ပယ်ရေးနဲပတ်သက်ပြီး ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေက ပြီးခဲ့တဲ့နေ့က အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုစစ်ကော်မရှင်ဟာ လီရှန်ဖူနဲ့ ဝေဖန်ဂီတို့အပေါ် ပြီးခဲ့နှစ်ကတည်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပြီး သူတို့နှစ်ယောက်ဟာ အခြားသူတွေအတွက်နဲ့ ကိုယ်ကျိုးအတွက် ရာထူးအာဏာကို အလွဲသုံးစားပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။

သူတို့ရဲ့လုပ်ရပ်တွေဟာ နိုင်ငံကာကွယ်ရေးနဲ့ လက်နက်ကိုင်တပ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ထိခိုက်မှုကို ဖြစ်ပေါ်စေခဲ့တယ်လို့ တရုတ်အစိုးရပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း တရုတ်နိုင်ငံရဲ့ ထိပ်တန်းဥပဒေပြုအဖွဲ့ဖြစ်တဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်မှ အဆင့်မြင့် စစ်ဘက်အရာရှိ ကိုးယောက်ကို ဖယ်ရှားခဲ့ပါတယ်။ အဲဒီလမှာပဲ တရုတ်နိုင်ငံပိုင် စစ်ဘက်ဆိုင်ရာ ကုမ္ပဏီကြီးတွေရဲ့ အကြီးတန်း အမှုဆောင်သုံးယောက်ကိုလည်း ထိပ်တန်းအကြံပေးအဖွဲ့ကနေ ထုတ်ပယ်ခဲ့ပါတယ်။

Ref:NHK
Photo:Getty Images

#Voiceofmyanmar #VOM #တရုတ် #ကာကွယ်ရေးဝန်ကြီးဟောင်း #ကွန်မြူနစ်ပါတီ #ထုတ်ပယ်

Related posts

Leave a Comment

VOM News

FREE
VIEW