ဆိုမာလီ အပန်းဖြေကမ်းခြေမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် ၃၂ ယောက်သေပြီး ၆၀ ကျော်ဒဏ်ရာရ

 

မိုဂါဒစ်ရှူး ၊ ဩဂုတ်-၃-၂၀၂၄
မျိုးဆက်(VOM)

ဆိုမာလီနိုင်ငံရှိ နာမည်ကျော် အပန်းဖြေကမ်းခြေတခုမှာ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ အသေခံဗုံးခွဲမှုတွေကြောင့် လူ ၃၂ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြော ပါတယ်။

ဒီတိုက်ခို်ကမှုအတွင်း လူ ၆၃ ယောက်ဒဏ်ရာရရှိခဲ့ပြီး အချို့က စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ဆိုမာလီတောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသအများအပြားကို ထိန်းချုပ်ထားတဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွတွေလက်ချက်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုအပြီးမှာ ပစ်ခတ်မှုတွေ ချက်ချင်းဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။တိုက်ခိုက်မှုကို လူငါးယောက်ထက်မနည်း ပြုလုပ်ခဲ့ပြီး တယောက်က အသေခံဗုံးခွဲခဲ့ကာ သုံးယောက်သေဆုံးပြီး တယောက်ကို အရှင်ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အယ်လ်ရှာဘတ်အဖွဲ့ဟာ အယ်လ်ကေးဒါအဖွဲ့နဲ့လည်း ဆက်နွယ်နေပြီး ကုလသမဂ္ဂကျောထောက်နောက်ခံပြု ဆိုမာလီအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတာ နှစ်ပေါင်း ၂၀ ရှိပြီဖြစ်ပြီး အကြမ်းဖက်မှုတွေ မြင့်တက်နေပါတယ်။

Ref: BBC
Photo:Reuters

#Voiceofmyanmar #VOM #ဆိုမာလီ #ကမ်းခြေ #အသေခံဗုံးကွဲ #၃၂ ယောက် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW