နစက အထူးကိုယ်စားလှယ် ကမ္ဘောဒီယားမှာ ဟွန်ဆန်သားအဖနဲ့တွေ့၊ မြန်မာ့အရေး အမြန်ဆုံးပြေလည်ဖို့ ဟွန်မာနက်မျှော်လင့်

 

ဖနွမ်းပင်၊ ဩဂုတ်-၃-၂၀၂၄
မျိုးဆက်(VOM)

နစကဥက္ကဌရဲ့ အထူးသံတမန်ဖြစ်တဲ့ ဥက္ကဌရုံး ဝန်ကြီးဌာန ၂ ရဲ့ ဝန်ကြီးဖြစ်သူ ဦးကိုကိုလှိုင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ အထက်လွှတ်တော်ဥက္ကဌ ဟွန်ဆန်တို့နဲ့တို့ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နစကအထူးသံတမန်ဖြစ်သူ ဦးကိုကိုလှိုင်နဲ့ ဖနွမ်းပင်မှာ ဩဂုတ် ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သူ့ရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။

“ကမ္ဘောဒီးယား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ နယ်ပယ်များစွာမှာ အလားအလာကောင်းတွေရှိနေပြီး မဝေးတော့တဲ့ အနာဂတ်မှာ မြန်မာနိုင်ငံက အခြေအနေတွေ ပြေလည်ဖို့ မျှော်လင့်ထားတယ်” လို့ ဟွန်မာနက်က ပြောပါတယ်။

ဆွေးနွေးမှုမှားတော့ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနဲ့ ပြည်သူချင်း ကူးလူးဆက်သွယ်ရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလားအလာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေနဲ့ စီးပွားရေးအကူအညီတွေပေးဖို့နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ရာမှာ တခြားအာဆီယံနိုင်ငံတွေနဲ့အတူ ကမ္ဘောဒီးယားက ကူညီဖို့ အသင့်ရှိတယ်လို့ ဟွန်မာနက်က ပြောပါတယ်။

ဦးကိုကိုလှိုင်ဟာ ဩဂုတ် ၂ ရက်မှာတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းလည်းဖြစ် အထက်လွှတ်တော်ဥက္ကဌဖြစ်သူ ဟွန်ဆန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ကြား ရှိရင်းစွဲဆက်ဆံရေးကို မြှင့်တင်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

Ref: Phnom Penh Post
Photo: Phnom Penh Post

#Voiceofmyanmar #VOM #မြန်မာ #ကမ္ဘောဒီးယား #အထူးကိုယ်စားလှယ် #ဟွန်မာနက်

Related posts

Leave a Comment

VOM News

FREE
VIEW