ဝါရှင်တန်၊ ဩဂုတ်-၇-၂၀၂၄
မျိုးဆက်(VOM)
အမေရိကန်သမ္မလောင်း ကမလာဟားရစ်ဟာ လာမယ့်နှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ သူမနဲ့ အတူဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတလောင်းအဖြစ် မင်နီဆိုးတားပြည်နယ်အုပ်ချုပ်ရေးမှူး တင်ဝေါဇ်ကို ရွေးချယ်လိုက်ပါတယ်။
စစ်ပြန်၊ နည်းပြ၊ ကျောင်းဆရာနှင့် နိုင်ငံရေးသမားဖြစ်သူ တင်ဝေါဇ် ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ ရွေးချယ်နိုင်ခဲ့ခြင်းက အလွန်ကောင်းမွန်တဲ့ အရာဖြစ်ကြောင်း ဒုတိယသမ္မတ ကမလာဟားရစ်က ဆိုသည်။ တင်ဝေါဇက်တော့ ဟားရစ်ရဲ့ မဲဆွယ်စည်းရုံးရေးမှာ ပါဝင်ခွင့်ရတာက တသက်တာ ဂုဏ်ယူစရာလို့ ပြောပါတယ်။
သူတို့နှစ်ယောက်ဟာ အဓိကမဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေကို ဩဂုတ် ၆ ရက်ကနေ ၁၀ ရက်နေ့ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အသက် ၆၀ နီးပါးအရွယ် ဒုသမ္မတလောင်း တင်ဝေါဇ်ဟာ အမျိုးသားအစောင့်တပ်မှာ ၂၄ နှစ်ကြာ အမှုထမ်းခဲ့ပြီးနောက် အထက်တန်းကျောင်းဆရာအဖြစ် အသက်မွေးခဲ့ပါတယ်။
အဲဒီနောက်မှာ အောက်လွှတ်တော်အမတ်ဖြစ်လာခဲ့ပြီး ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အနောက်အလယ်ပိုင်းရှိ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်လာပါတယ်။ လူမည်းနဲ့ တောင်အာရှနွယ်ဖွား ကမလာဟားရစ်ဟာ လူဖြူနဲ့ ကျေးလက်မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုတွေရရှိဖို့ တင်ဝေါဇ်ကို ရွေးချယ်ခဲ့တာလို့ အကဲခတ်တွေက သုံးသပ်ထားပါတယ်။
Ref:NHK
Photo:Getty Images
#Voiceofmyanmar #VOM #အမေရိကန် #ဒုသမ္မတလောင်း #တင်ဝေါဇ် #ကမလာဟားရစ်