သီပေါမှာ သုံးရက်အတွင် လက်နက်ကြီးကြောင့် အရပ်သား ကိုးယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ

 

ဩဂုတ် ၁၂ – ၂၀၂၄
CC (VOM)

ရှမ်းမြောက် ၊သီပေါမြို့နယ်မှာ တိုက်ပွဲမရှိပေမယ့် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒီနေ့ ဩဂုတ်လ ၁၂ ရက်နေ့မှာ မိသားစုသုံးယောက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သီပေါမြို့နယ်မှာ ဩဂုတ်လ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တုန်းကလည်း လက်နက်ကြီးထိမှန်လို့ သေဆုံးခဲ့ရသူ ခြောက်ယောက်နဲ့ထိခိုက်ဒဏ်ရာရသူခြောက်ယောက်ရှိခဲ့တာကြောင့် ဒီနေ့အထိ သုံးရက်အတွင်းမှာဆိုရင် အရပ်သားသေဆုံးမှု ကိုးယောက်အထိရှိတယ်လို့သိရပါတယ်။

” ဒီနေ့သေတဲ့မိသားစုသုံးယောက်က သီပေါဒေသခံတွေမဟုတ်ဘဲအိမ်ငှားနေကြသူတွေလို့သိရတယ်။သူတို့အိမ်ပေါ်လက်နက်ကြီးကျတာပါ။သီပေါမှာကအခုထိငြိမ်နေတယ်တိုက်ပွဲမရှိပါဘူး။အိမ်ကမြို့လယ်ရပ်၊ပြောင်းပွဲရုံနားကအိမ်ပါ။တိုက်ပွဲမရှိဘဲ မြို့ထဲကိုလက်နက်ကြီးတွေကျတာပါ။” လို့ဒေသခံကပြောပါတယ်။

သီပေါမှာ အရက်ရက်တွေက နှစ်ဖက်ထိတွေ့တိုက်ပွဲတွေပြင်းထန်ပြီး ဒရုန်းဗုံးတွေပစ်ခတ်ခြင်း၊လေကြောင်းပစ်ကူပစ်ခတ်ခြင်းတွေအထိရှိခဲ့တာကြောင့် မြို့ထဲကို လက်နက်ကြီးကျပေါက်ပွဲကာ အရပ်သားသေဆုံးရတာဖြစ်ပြီး လူနေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့သိရပါတယ်။

သီပေါမြို့နယ်မှာ မနေ့ကဩဂုတ်လ၁၁ ရက်နေ့ညပိုင်းကစပြီး မြေပြင်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရပ်သွားတာ လက်ရှိအချိန်ထိဖြစ်ကြောင်း ၊ တိုက်ပွဲကြောင့်သီပေါမြို့ဒေသခံအများအပြားစစ်ရှောင်နေကြသလို အချို့ဒေသခံတွေကလည်းခုထိမပြောင်းရွှေ့သေးဘဲ မြို့ထဲမှာနေထိုင်မှုရှိနေတယ်လို့သိရပါတယ်။

သီပေါမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိူင်လ ၄ရက်နေ့ညနေပိုင်းကစပြီး TNLA ပူးပေါင်းတြ်တွေနဲ့ နဲ့နစက တပ်တွေ အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး TNLA ကသီပေါမြို့ကိုထိန်းချုပ်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

Photo:CJ

#Voiceofmyanmar #vom #သီပေါ #တိုက်ပွဲ #အရပ်သားသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW