နောင်ချိုလမ်းပိုင်းက သကြားစက်ကွင်းလမ်း ဖျက်ဆီးခံရလို့ လားရှိုးကနေ ပြင်ဦးလွင် သွားမယ့်ကားတွေ ဖြတ်မရတော့

 

ဩဂုတ် ၁၆၊ ၂၀၂၄
Shy V (VOM)

ပြင်ဦးလွင် – နောင်ချိုလမ်းပိုင်းက အင်းဝိုင်း သကြားစက် ကွင်းလမ်း ဒီရက်ပိုင်းမှာ မြေတူး ဖြတ်တောက်ဖျက်ဆီးခံထားရကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

“သကြားစက် လမ်းထိပ်မှာ မြေတူး လိုက်ပြီး သွားလို့ မရတော့ဘူး။ ဟိုတနေ့က တောဘက်က အဖွဲ့တွေ ဖြတ်လိုက်တယ်။ နစကဘက်ကလည်း ဝင်လာတယ်လေ ဟိုနေ့က လည်း။ TNLA တွေ ရှိတဲ့ ဘက် လက်နက်ကြီး နဲ့ လာထုသွားတယ်။ အဲဒါကြောင့် တောဘက်က အဖွဲ့တွေ လမ်းဖြတ်လိုက်တာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

လားရှိုးဘက်က နေပြင်ဦးလွင် ဘက် ဆင်းမယ့်ကားတွေ ဖြတ်လို့ မရတော့ဘူးလို့ သူက ပြောပါတယ်။

“လတ်တလော အရေးကြီး ပြင်ဦးလွင် ဆင်းမယ်ဆိုရင်တော့ လမ်းလျှောက် ချောင်းဖြတ်ကူးပြီး တဖက်ကမ်းမှာ ရှိနေတဲ့ လိုင်းကား တွေနဲ့တော့ ဆင်းလို့ ရတယ်။ ဆိုက်ကယ်လည်း ချောင်းကနေ မ သွားပြီး သွားနေကြတယ်။ ဒီနေ့တော့ မိုးအရမ်း ရွာလို့ ရေကြီးနေတယ်။ သွားလို့ မရဘူး” လို့ သူက ရှင်းပြပါတယ်။

ဘန့်ဘွေး ကနေ အောက်ဘက်ပိုင်းတော့ လမ်းမ ကြီးအတိုင်း ပုံမှန် သွားလာလို့ရပြီး အုမ္မတီးရွာ ကနေ အထက်ပိုင်းလည်း လမ်းမကြီး ပွင့်နေပြီ။ သဲခေါ် နဲ့ ရေဝင် ရွာ တွေမှာ လမ်း ပိတ်နေတာလို့ သူက ပြောပါတယ်။

အဲဒီ လမ်းပိတ်နေတဲ့ နေရာကို ကွင်း သွားဖို့ ဒေသခံနဲ့ ခရီးသွားပြည်သူတွေက အဲဒီ ပြင်ဦးလွင် – ဘန့်ဘွေး – အင်ဝိုင်းသကြားစက်လမ်း ကိုပဲ အသုံးပြုနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ပြည်ထောင်စု လမ်းမပေါ် သဲခေါ်ရွာ နဲ့ အထက်ပိုင်းကို TNLA နဲ့ ပူးပေါင်း အဖွဲ့တွေ နေရာ ယူထားပြီး ရေဝင်ရွာ နဲ့ အောက်ဘက်ပိုင်းမှာတော့ နစက တပ်ဖွဲ့တွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ စစ်မြေပြင်နဲ့ ဝေးရာ လယ်တောတွေမှာ ရှောင်တိမ်းနေကြရတာ ဖြစ်ပါတယ်။

Video Crd# ဒေသခံ

#voiceofmyanmar #VOM #ပြင်ဦးလွင် #နောင်ချိုလမ်းအပိုင်း # ဖြတ်တောက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW