ပူတင်ကို ဖမ်းဆီးပေးဖို့ အိုင်စီစီအဖွဲ့ဝင် မွန်ဂိုလီးယားကို ယူကရိန်းသမ္မတ တောင်းဆို



ကိဗ်ယက်၊ ဩဂုတ်-၃၁-၂၀၂၄
မျိုးဆက်(VOM)

ရုရှားသမ္မတ ပူတင်ဟာ လာမယ့်သီတင်းပတ်အတွင်းမှာ မွန်ဂိုလီးယားကို သွားရောက်ဖို့ရှိနေပြီး ဒီခရီးစဉ်မှာ ပူတင်ကို ဖမ်းဆီးဖို့ အိုင်စီစီ အဖွဲ့ဝင်ဖြစ်တဲ့ မွန်ဂိုလီးယားကို ယူကရိန်းသမ္မတ ဇီလန်စကီးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဒီခရီးစဉ်ဟာ အိုင်စီစီက ဖမ်း၀ရမ်းထုတ်ပြီးနောက်မှာ အိုင်စီစီအဖွဲ့ဝင်နိုင်ငံတနိုင်ငံကို ရုရှားသမ္မတပူတင် ပထမဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ယူကရိန်းမှာဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပူတင်မှာတာဝန်ရှိတယ်လို့ အိုင်စီစီက စွပ်စွဲထားပါတယ်။

အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မွန်ဂိုလီးယားဟာ အိုင်စီစီရဲ့စည်းမျဉ်းတွေကို လိုက်နာဖို့ တာဝန်ရှိတယ်လို့ အိုင်စီစီတာဝန်ရှိသူတယောက်က ပြောပါတယ်။ လာမယ့် အင်္ဂါနေ့မှာ စတင်မယ့် ဒီခရီစဉ်အတွက် စိုးရိမ်စရာမရှိဘူးလို့ ရုရှားဘက်က ပြောဆိုထားပါတယ်။

“မွန်ဂိုလီးယားက ကျွန်တော်တို့ရဲ့ လု်ပဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ် ။ သမ္မတရဲ့ခရီးစဉ်ကို အသေအချာပြင်ဆင်ထားတယ် ” လို့ ရုရှားသမ္မတနန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။

အိုင်စီစီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖာဒီအယ်လ်အဗ္ဗဒယ်လာကတော့ မွန်ဂိုလီးယားအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေဟာ အိုင်စီစီကိုတည်ထောင်ခဲ့တဲ့ ရောမစာချုပ် အခန်း ၉ အရ ပူးပေါင်းဆောင်ရွက်ရမယ့် တာဝန်ရှိတယ်လို့ သဘောတူညီချက်မှာ ပါဝင်ကြောင်းဆိုပါတယ်။

ယူကရိန်းမှ ကလေးငယ်တွေကို ရုရှားဘက် တရားမဝင်ပို့ဆောင်တာနဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပူတင်မှာ တာဝန်ရှိတယ် တရားရုံးက စွပ်စွဲထားပြီး အလားတူရာဇဝတ်မှုတွေအတွက် ရုရှားရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မာရီယာလဗိုဗာဘယ်လိုဗာကိုလည်း အိုင်စီစီက ဖမ်း၀ရမ်းထုတ်ထားပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW