ပေကျင်း ၊ စက်တင်ဘာ-၉-၂၀၂၄
မျိုးဆက်(VOM)
တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီပေးနေတယ်လို့ နေတိုးမဟာမိတ်တွေက ရှုမြင်နေကြချိန်မှာ တရုတ်နဲ့ရုရှားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယခုလအတွင်း ပြုလုပ်မယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
North-Joint 2024 ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ လေတပ်နဲ့ ရေတပ်တို့ဟာ ရုရှားကမ်းရိုးတန်း၊ အော့ဟိုတက်စ်ပင်လယ်နဲ့ ဂျပန်ပင်လယ်ဝန်းကျင် ရေပြင် ဝေဟင်မှာ ပြုလုပ်သွားမယ်လို့ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနကဆိုပါတယ်။
“ ဒီလေ့ကျင့်ခန်းဟာ တရုတ်နဲ့ ရုရှားစစ်တပ်အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဖို့နဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ် ”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
နှစ်နိုင်ငံ ပူးတွဲရေကြောင်းကင်းလှည့်ဖိုပ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ သက်ဆိုင်ရာပင်လယ်ဒေသတွေကို ရေတပ်သင်္ဘောတွေ စေလွှတ်မှာဖြစ်ပြီး ရုရှားရဲ့ Ocean-2024 မဟာဗျူဟာလေ့ကျင့်ခန်းမှာ ပါဝင်ဦးမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမယ့်လည်း စစ်ရေးလေ့ကျင့်မှုပြုလုပ်မယ့် အချိန်ကတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ နှစ်နိုင်ငံအကြား ဝေဟင် ရေပြင်ပူးတွဲစစ်ရေးလေ့ကျင့်မှုတရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လက တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ရုရှားနဲ့ တရုတ်တို့အကြား မကြာသေးမီနှစ်တွေအတွင်း စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်ခဲ့ပြီး အနောက်အုပ်စုဆန့်ကျင့်တဲ့ ပြောဆိုသတိပေးမှုတွေလည်း မကြာခဏဆိုသလို ထွက်ပေါ်လာပါတယ်။
Ref:CNA
Photo:AP
Related posts
-
MNDAA ဖမ်းထားတဲ့ အစိုးရတပ်ဖွဲ့ဝင် တရာကျော် ပြန်လွှတ်
ဩဂုတ် ၃၁၊ ၂၀၂၆။ NN(V0M) ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ၁၀၂၇ တိုက်ပွဲကာလအတွင်း ကိုးကန့်တပ်ဖွဲ့က... -
ငလျင်ဒဏ်လျှော့ချတဲ့ ဆောက်လုပ်ရေးပစ္စည်း (Isolator)ထည့်သွင်းတည် ဆောက်မယ့် အဆောက်အဦအတွက် မန္တလေးတိုင်းအစိုးရအဖွဲ့ ပန္နက်တင်
မန္တလေး၊ သြဂုတ်- ၃၁- ၂၀၂၆ SA(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေးဝင်းအတွင်းမှာ တည်ဆောက်မယ့်... -
မုံရွာ ချမ်းမြဝတီရပ်မှာ နေအိမ်မီးလောင်လို့ ၈၄နှစ်အရွယ်အဘိုးသေဆုံး
မုံရွာ သြဂုတ်- ၃၀-၂၀၂၆ MW(VOM ) စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်းမြဝတီရပ် မနောသုခလမ်းက...
