လားရှိုး ကွန်ပြူတာတက္ကသိုလ် လေကြောင်း တိုက်ခိုက်ခံရ



အောက်တိုဘာ ၅၊ ၂၀၂၄
ShyV(VOM)

ရှမ်း ပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပြင်ဘက်ရှိ ကွန်ပြူတာ တက္ကသိုလ်ကို အောက်တိုဘာလ ၅ ရက်နေ့ မနက် ၁၀ နာရီခွဲကျော် ခန့်က လေယာဉ် ဗုံးကြဲ တိုက်ခိုက်ခံရ ကြောက်း ဒေသခံတွဆီက သိရပါတယ်။

“လာရှိုး ကွန်ပြူတာ တက္ကသိုလ်ကို လေယာဉ်နဲ့ ဗုံး oHkလုံး ကြဲပြန်ပြီ ခုမနက် ၁၀ နာရီခွဲကျော် ခန့်က။ အပျက်အစီး မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။

လားရှိုး ကနေ မန္တလေးဘက် အထွက်ဘက်က ကွန်ပြူတာ တက္ကသိုလ်မှာ လို့ သူက ပြောပါတယ်။

“ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့ မနက် ၁၀ နာရီ ၅၀ မိနစ်မှာ လားရှိုးမြို့ မယ်ဟန်အကျော် ကွန်ပျူတာတက္ကသိုလ်ကို လေယာဉ်နဲ့ ဗုံးသုံလုံးကြဲသွားတယ်။ လူထိခိုက်မှုကတော့ မရှိသေးဘူးလို့ သိရတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

လားရှိုး မယ်ဟန်ကွန်ပျူတာ တက္ကသိုလ်ကို လေယာဉ်နဲ့ စတင် ဗုံးကြဲ နေပြီဖြစ်ကြောင်း နစက နဲ့ နီးစပ်သူက ပြောပါတယ်။

ယမန်နေ့ အောက်တိုဘာ ၄ ရက်နေ့ မနက် ၂ နာရီခွဖဲ နဲ့ ၅ နာရီ ကျော် ကြားမှာလည်း တရုတ် ဘုံကျောင်းအပါအဝင် နဲ့ ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၈ ဘက် လေကြောင်း နဲ့ ဗုံးကြဲ တိုက်ခိုက် ခံရလို့ ဒေသခံ တယောက် ထိခိုက် ဦဏ်ကာ ရခဲ့ပြီး နေအိမ်၊အဆောက်အဦး အများအပြား ထိခိုက် ပျက်စီး ခဲ့တာ ဖြစ်ပါတယ်။

Photo Ctd#CJ

Related posts

Leave a Comment

VOM News

FREE
VIEW