တာလီဘန်အဖွဲ့ကို အကြမ်းဖက်စာရင်းနေ ရုရှား ပယ်ဖျက်ပေးတော့မယ်



မော်စကို၊ အောက်တိုဘာ-၅-၂၀၂၄
မျိုးဆက်(VOM)

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အာဖဂန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ဖယ်ရှားပေးဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားဟာ တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၀၃ ခုနှစ်က စာရင်းသွင်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်မယ့် ဆုံးဖြတ်ချက်ကို မကြာခင် ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ကြောင်း အာဖဂန်ဆိုင်ရာ ရုရှားသံအမတ်က ဆိုပါတယ်။

ယမန်နေ့က မော်စကိုမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဖဂန်သမ္မတတို့ အတူတကွ တက်ရောက်ခဲ့ကြပြီး လက်ရှိ အာဖဂန်အစိုးရနဲ့အတူ လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်ထိန်းထားဖို့ လိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။

အာဖဂန်မိတ်ဖက်တွေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒေသတွင်းလုံခြုံရေးနဲ့ စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုတွေအတွက်ဖြစ်ကြောင်း ဆာဂေးလပ်ဗ်ရော့ဗ်က ပြောပါတယ်။

အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေး၊ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းရေး ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့နဲ့ တာလီဘန်တို့ရဲ့ တာဝန်ရယူမှုတွေကို အသိအမှတ်ပြုဖို့ အနောက်နိုင်ငံတွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW