အောက်တိုဘာ ၈ – ၂၀၂၄
KKO(VOM)
ယခုအောက်တိုဘာလဆန်းပိုင်းအတွင်းမှာ ပြည်တွင်းရွှေဈေးနဲ့ ဒေါ်လာဈေးကျဆင်းမှု တွေရှိလာပေမယ့် ပြည်တွင်းကားဈေးနှုန်းကတော့ သိသိသာသာကျဆင်းလာခြင်းမရှိဘဲ ဈေးနှုန်းအားဖြင့်အမြင့်တန်းမှာသာ ဆက်လက်တည်ရှိနေတယ်လို့ ရန်ကုန်ကားဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။
“အခုရွှေဈေးနဲ့ ဒေါ်လာဈေးက ပြည်တွင်းကားဈေးကွက်ကို အများကြီး သက်ရောက်မှုမရှိပါဘူး။ အခုပြည်တွင်းကားဈေးတွေမကျဘူးဆို တာက ကားတင်သွင်းခွင့်မူဝါဒတွေကြောင့် ကားဈေးတွေကအမြင့်တန်းမှာပဲဆက်ရှိနေတာကိုတွေ့ရတယ်။သက်ဆိုင်ဂာအရင်လို ဖရီးပါမစ်ပေးတာတို့ ဦးသိန်းစိန်လက်ထက်ကလို ကားသွင်းခွင့်ပြုတာတွေဆိုရင်တော့ပြည်တွင်းကားဈေးက ကျလာနိုင်တယ်။” လို့ ဝါရင့် ကားဝယ်ရောင်းတယောက်ဖြစ်တဲ့ ကိုဇော်ကြီးက VOM ကိုပြောပါတယ်။
ပြည်တွင်ကားဈေးနှုန်းကျဆင်းလာဖို့ဆိုပါက ကားမူဝါဒဆိုင်ရာအပြောင်းအလဲနဲ့ ပြည်ပက Use ကားခေါ် ဂျပန်တပတ်ရစ်ကားများကို ပြည်တွင်းသို့ပြန်လည်တင်သွင်းခွင့်ရရှိမှသာ ပြည်တွင်းကားဈေးက တမျိုးတဖုံပြောင်းလဲလာနိုင်မယ်လို့ ဝါရင့် ကားဝယ်ရောင်းလုပ်ကိုင်သူတွေကခန့်မှန်းထားကြပါတယ်။
“ အခုကကားတင်သွင်းခွင့်ပြုထားပေမယ့် ဘယ်ကိုင်းပဲတင်သွင်းရမယ်၊ ၂၀၂၂ မော်ဒယ်ပဲသွင်းရမယ်ဆိုရင် ကားတန်ဖိုးကမြင့်နေမှာပဲဖြစ်တယ်။မော်ဒယ်မြင့်တော့ ဝယ်ယူရတဲ့ဈေးကလည်းမြင့်တယ်။ဒီက ကားတွေရဲ့ ကားဈေးကျဖို့ဆိုတာကအရင်လို ဂျပန် Use ကားတွေကိုပြန်သွင်းခွင့်ပြုမှပဲရမယ်။ နောက်ပြီးလေလံကားတွေဒါတွေကိုပြန်ချပေးရင်ကားဈေးတွေက တမျိုးလေးဖြစ်လာနိုင်တယ်။ အခုရွှေဈေး၊ဒေါ်လာဈေးကျလည်း ဘယ်သူ့မှကားဈေးကိုချရောင်းတာမျိုးမရှိဘူးလေ”လို့ သူကဆိုပါတယ်။
ကားဈေးကျဖို့ဆိုပါက SKD ကားတွေပြည်တွင်းမှာခပ်စိတ်စိတ်လေးပြန်ထုတ်လာနိုင်ရင်တော ့ကားဈေးကျလာနိုင်မယ်လို့လည်း ကားဈေးကွက်လေ့လာသုံးသပ်သူတယောက်က ဆက်ပြီးပြောပြခဲ့ပါတယ်။
“ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်တဲ့ SKD တွေကိုခပ်စိတ်စိတ်လေး ထုတ်လာနိုင်ရင် ကားဈေးကပြန်ကျနိုင်ပါတယ်။ အခုကဈေးကွက်မှာကားသစ်တွေ မဝင်တော့ ဈေးကွက်မှာရှိတဲ့ကားတွေပဲ အရောင်းအဝယ်လုပ်ကြရတယ် ။အကိုတို့ကားလောကမှာက မီတာနဲ့ ရှယ်ယာနဲ့ ဆိုပြီးတော့ အရောင်း၊ အဝယ်လုပ်ကြတာရှိတယ်။ မီတာဆိုတာက ငွေတိုးနဲ့ယူပြီးတော့ တစီးစ၊ နှစ်စီးစ အရောင်းအဝယ်လုပ်ကြရတယ်။ ရှယ်ယာဆိုတာက Showroom တွေမှာပိုက်ဆံကို ရှယ်ယာထည့်ပြီး အရောင်းအဝယ်လုပ်ကြရတာပါ။ ဥပမာ-သိန်း ၈၅၀ တန်တဲ့ကားကို Showroom က သိန်း ၈ဝဝ နဲ့ပေးမယ် ဈေးကွက်မှာရောင်းရင် ၈၅၀ မင်း ၅၀ ယူဆိုတဲ့သဘောနဲ့ အဲ့လိုရောင်းကြဝယ်ကြတယ်။ အခုကတစီးရောင်းပြီးရင်လည်း နောက်တစီးပြန်လိုက်ဖို့ကငွေကြေးက မမီတော့ဘူး။ ဈေးကွက်ကအဲဒီလိုဖြစ်နေတယ်”လို့ သူက ပြောပြခဲ့ပါတယ်။
လက်ရှိတွင် ပြည်တွင်းဒေါ်လာဈေးနှုန်းဟာ ယခင် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၆၀၀၀ ရှိရာကနေ ဒီကနေ့မှာ ကျပ် ၄၅ဝဝ ဝန်းကျင်အထိကျဆင်းလာခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းကလည်း ယခင် ကျပ်သိန်း ၆၀ ကနေ အခုဆိုပါက ကျပ်သိန်း ၅၀ ကျော်အထိ ဈေးနှုန်းကျဆင်းလာခဲ့တာလည်းဖြစ်ပါတယ်။
Photo – VOM
Related posts
-
မကွေးမြို့မှာ ဆရာဝန်မကြီးတယောက် ဆေးခန်းအတွင်း ဓားထိုးခံရပြီး သေဆုံး
နိုဝင်ဘာ ၂၂ – ၂၀၂၄SS (VOM)မကွေးတိုင်း၊ မကွေးမြို့မှာ မနေ့ နိုဝင်ဘာ ၂၁... -
အစ္စရေးဝန်ကြီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမတ်စ်တပ်မှူးတို့ကို ICC ဖမ်း၀ရမ်းထုတ်ပြီ
သည်ဟိတ်၊ နိုဝင်ဘာ-၂၂-၂၀၂၄မျိုးဆက်(VOM)နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC )က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ရော့ဗ်ဂယ်လန့်နဲ့... -
မြေမြုပ်မိုင်းကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲ မြန်မာ နံပါတ် ၁ ချိတ်
Ms(VOM) နိုဝင်ဘာ၂၂၊၂၀၂၄ ၂၀၂၃ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ မြေမြုပ်မိုင်းကြောင့်သေဆုံးရမှုက ထိပ်ဆုံးအဆင့်ထိရောက်ရှိလာတဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ မြေမြှုပ်မိုင်းများ...