မရမ်းကုန်းမှာ တိုက်ခန်းအတွင်း အမျိုးသားတယောက် ဓားဒဏ်ရာငါးချက်နဲ့ အသတ်ခံထားရ

ဇန်နဝါရီ ၁၆ – ၂၀၂၅
GG (VOM)
ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ သမိုင်းမြို့သစ်(၄) လမ်းထဲက တိုက်ခန်းအတွင်းမှာ အမျိုးသားတယောက် ဓားဒဏ်ရာတွေနဲ့အသတ်ခံထားရတယ်လို့ သိရပါတယ်။
တိုက်ခန်းအတွင်းဓားဒဏ်ရာတွေနဲ့သေဆုံးနေတာကို မနေ့ကဇန်နဝါရီ ၁၅ ရက်ညပိုင်းမှာမှသိရှိရပြီး အလောင်းကို တာဝန်ရှိသူတွေကစစ်ဆေးပြီး အင်းစိန်ဆေးရုံကို ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
” ၆ လွှာကအခန်းမှာဖြစ်သွားတာ။သူက တယောက်တည်းနေတာပ ဲတွေ့တယ်လို့သိရတယ်။ ကျန်တဲ့မိသားစုဘာညာ မသိရသေးဘူး ။သေတာကတော့ ညနေပိုင်းလောက်မှာဖြစ်သွားတာ။ သတ်တာဘယ်သူဆိုတာတော့မသိဘူး။ဒဏ်ရာက ငါးချက်လောက်ရှိတယ်။ လည်ပင်းနဲ့ရင်ဘတ်မှာပါ။ဓားဒဏ်ရာတွေပဲတွေ့တယ်။” လို့ ဖြစ်စဥ်ကိုသိတဲ့ မြို့နယ်လူမှုကူညီရေး သမားကပြောပါတယ်။
အသတ်ခံရသူကတော့ အသက်၅၉ နှစ်အရွယ်ဦးခင်မောင်သိန်းဆိုသူဖြစ်ကြောင်း ၊ လက်ရှိမှာတော့ လူသတ်မှုကျူးလွန်သူကိုဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တုန်းကလည်း ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်မှာဖွင့်ထားတဲ့ AK အလှကုန်ပစ္စည်းအရောင်းဆိုင်မှာ လုယက်မှုဖြစ်ပြီး ဆိုင်ပိုင်ရှင်အမျိုးသမီး ဓားနဲ့ထိုး အသတ်ခံခဲ့ရတယ်လို့သိရပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လတုန်းကလည်း မရမ်းကုန်းမြို့နယ် ၊၉ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမှာနေထိုင်တဲ့ ရန်ကင်းပညာရေးကောလိပ်၊ မြန်မာစာ(ကတိက-ငြိမ်း) ဒေါ်ညွှန့်ညွှန့်စိန် အသက် ၆၅ကိုနေအိမ်အတွင်း လက်ကို ကြိုးတုပ်ကာ အသတ်ခံခဲ့ရတယ်လို့သိရပါတယ်။
Photo – မြတ်ကုသိုလ်
VOM Telegram Channel: https://t.me/VOMNEWS2023/11755
VOM Viber Channel: https://invite.viber.com/…

Related posts

Leave a Comment

VOM News

FREE
VIEW