ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှား-အမေရိကန် ဒုတိယအကြိမ်ဆွေးနွေးမယ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်နဲ့ ရုရှားထိပ်တန်းတာဝန်ရှိသူတွေဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ အခြားကိစ္စရေပ်တွေ အတွက် ယခုသီတင်းပတ်အတွင်းမှာ ထပ်မံတွေ့ဆုံသွားမယ်လို့ ရုရှားအစိုးရ တာဝန်ရှိသူက ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ စတင်ခဲ့ပြီး လူပေါင်းများစွာ သေဆုံးစေခဲ့တဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေလိုပြီး စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တရပ် ပေးလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
အမေရိကန်နဲ့ ဆက်ဆံရေးအတွက် နှစ်ဖက်အကြား ယခုသီတင်းပတ်မှာ တွေ့မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အထူးသဖြင့် နှစ်နိုင်ငံဆက်ဆံရေးမှာ စိတ်အနှောက်အယှက်တွေအတွက် အမေရိကန်နဲ့ဆက်ဆံရေးမှာ ရုရှားဘက်က ပွင့်လင်းတယ်လို့ သူက ဆိုပါတယ်။
နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ ဖေဖော်ဝါရီ ၁၂ ရက်က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံတာဝန်ရှိသူတွေဟာလည်း ဖေဖော်ဝါရီ ၁၈ ရက်က ဆော်ဒီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ပူတင်နဲ့ ဇီလန်စကီးတို့အနေနဲ့ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက်တရပ် ရယူရေး ဆန္ဒရှိနေတယ်လို့ ယုံကြည်ကြောင်း ထရန့်ကပြောပါတယ်။ ယူကရိန်းအနေနဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်လာရေးကလည်း လက်တွေ့မဆန်ဘူးလို့ သူက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW