မြဝတီက အိမ်မီးလောင်မှု ကိုးလအရွယ် ကလေးနဲ့ အသက် ၁၃ နှစ်အရွယ်ကလေး မီးလောင် သေဆုံးခဲ့

ဇွန် ၁၉ ၊ ၂၀၂၆
GG (VOM)
ကရင်ပြည်နယ် ၊မြဝတီမြို့ ၊အမှတ် (၅)ရပ်ကွက် ၊ ခေါက်မလိလမ်းရှိ နေအိမ်တအိမ်မှာ ဒီကနေ့ ဇွန် ၁၉ ရက်နေ့ ၊ ညနေ ၄ နာရီလောက်မှာ မီးလောင်မှု ဖြစ်ခဲ့တာကြောင့် ကိုးလအရွယ် ကလေးငယ်နဲ့ အသက် ၁၃ နှစ်အရွယ်ကလေးငယ်တို့ မီးလောင်သေဆုံးခဲ့ရပြီး အသက် ၇၅ နှစ်အရွယ် အမျိုးသားတယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ် ။
” ဖြစ်တာက ခေါက်မလိလမ်းထဲက သုံးထပ်တိုက်ရဲ့ မြေညီအခန်းမှာ ဖြစ်တာ ။ အဲဒီအိမ်က ဓာတ်ဆီထုတ်ရောင်းတဲ့အိမ်လို့လည်း ပြောကြ တယ်။ ကိုးလကလေးက ယောကျ်ားလေးပါ ။ ၁၃ နှစ်ကလေးကတော့ မိန်းကလေးပါ ။ ” လို့ ဒေသခံက ပြောပါတယ် ။
မီးလောင်သေဆုံးခဲ့တဲ့ ကလေးနှစ်ယောက် နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ အသက်ကြီးပိုင်း အမျိုးသားကို မြဝတီဆေးရုံကြီးကိုပို့ဆောင်ထားကြောင်း ၊ ဒဏ်ရာရအမျိုးသားကတော့ စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့ သိရပါတယ်။
မီးလောင်မှုကိုတော့ မြဝတီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်ခဲ့တာ ဖြစ်ပြီး လောင်ချိန် မိနစ် ၃၀ လောက်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ် ။
အရင် မေလ ၁၇ ရက်နေ့ကလည်း တနင်္သာရီတိုင်း ၊ မြိတ်မြို့ ၊ကလွင်စုံခေါင်းရပ်ကွက်ရှိ ဆီသိုလှောင်ဖြန့်ဖြူးရောင်းချတဲ့စက်သုံးဆီဆိုင်မှာ မီးလောင်မှု ဖြစ်ပွားပြီး လူသုံးယောက်သေဆုံးကာ တယောက် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၀ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အကျော်တန်းလမ်းမှာ ဂက်စ်အိုးအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားပြီး တယောက်သေဆုံးကာ နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပုသိမ်မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရပါတယ်။
မတ် ၂၆ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် ၊ ရှမ်းဝိုင်းရပ်ကွက် ၊ ၈၇လမ်း ၊၃၇ လမ်းကြားရှိ နေအိမ်တအိမ် မီးလောင်မှုဖြစ်ပွားပြီး သားဖြစ်သူသေဆုံးကာ မိခင်ဖြစ်သူ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဘီဝမ်း

Related posts

Leave a Comment

VOM News

FREE
VIEW