နိုဝင်ဘာ ၄ ၊ ၂၀၂၆
GG (VOM)
မန္တလေးတိုင်း ၊ တောင်သာမြို့နယ်မှာ ပြည်သူ့စစ်အဖွဲ့ဝင် ကိုပြည့်ဖြိုးမောင်နဲ့ ဇနီးကို မနေ့က နိုဝင်ဘာ ၃ ရက်နေ့ညနေ ၅ နာရီ ၃၀ လောက်မှာ PDF အဖွဲ့က သေနတ်နဲ့ လာရောက်ပစ်သတ်သွားတယ်လို့ သိရပါတယ်။
တောင်သာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအနီး၊မြို့တော်ခမ်းမဘေး ဘီယာဆိုင်အတွင်းမှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ကိုပြည့်ဖြိုးနဲ့ ဇနီးဖြစ်သူတို့နှစ်ယောက်မှာ လေးလအရွယ်သမီးလေး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
” သူတို့အိမ်နားက ဘီယာဆိုင်ကို လင်မယားနှစ်ယောက်သွားတာ။ ကလေးကိုက အိမ်မှာထားခဲ့တာ။PDF တွေက ဆိုင်ထဲမှာ ပစ်သွားတာ။ ” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ကိုပြည့်ဖြိုးတို့လင်မယား ပစ်သတ်ခံရပြီးနောက် အခင်းဖြစ်နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းကာ လုပ်ကြံသတ်ဖြတ်သူတွေကို ဖမ်းမိရေး စစ်ဆေးရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီ မှ ဒုဦးစီးမှူး ဒေါ်ခင်သီတာချို နဲ့ ဒေါ်ဇင်နီလာဆိုသူတို့ကို မလှိုင်မြို့ကနေ မန္တလေးကိုမောင်းလာတဲ့ ခရီးသည်တင်ကားပေါ်မှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ
