စစ်ကိုင်းတိုင်း မော်လူးနားမှာဖြစ်နေတဲ့တိုက်ပွဲဟာ တိုင်းတပါးသားတွေစီးပွားရေးလုပ်ဖို့ KIA က စစ်ရေးနဲ့ အကာကွယ်ပေးနေတာလို့ ရှမ်းနီပါတီ​ဥက္ကဋ္ဌဆို

နိုဝင်ဘာ ၁၁ -၂၀၂၆
VOM
ကချင်ပြည်နယ် မိုးညှင်းနဲ့ ဗန်း​မော်​ဒေသမှာအ​ခြေစိုက်တဲ့ ကျားနီပါတီလို့ လူသိများတဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်​​ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်း​ဌေး​အောင်က စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် ရွှေဘို-မြစ်ကြီးနားလမ်းပေါ် မော်လူးနားမှာဖြစ်နေတဲ့ တိုက်ပွဲဟာ နိုင်ငံသားမဟုတ်တဲ့ တဖက်နိုင်ငံက အလုပ်သမားနဲ့ စက်ယန္တရားတွေသွင်းလာတဲ့ စီးပွားရေးသမားတွေကို အကာကွယ်ပေးဖို့ လုပ်တဲ့ ကေအိုင်အေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
လတ်တ​လောဖြစ်​နေတဲ့ မော်လူးနားက ယာဉ်တန်းတွေကို လေကြောင်းက ဒရုန်းနဲ့ တိုက်ခိုက်နေတဲ့ အ​ခြေအ​နေ​တွေနဲ့ အစိုးရတပ်ရဲ့စစ်ဆင်ရေးအခြေအနေတွေကိုသိနိုင်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်​​ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်း​ဌေး​အောင်ကို VOM အယ်ဒီတာချုပ် ကို​နေလင်းက ​တွေ့ဆုံ​မေးမြန်းထားတာဖြစ်ပါတယ်။
ရိုက်ကူးတည်းဖြတ် ရှိုင်း​အောင်

#voiceofmyanmar #VOM #တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်​​ရေးပါတီ #ဥက္ကဋ္ဌ စိုင်း​ဌေး​အောင်

Related posts

✕
VOM News

FREE
VIEW