မြစ်ကြီးနား၊ စက်တင်ဘာ ၆-၂၀၁၉
ရန်အောင်ထွန်း (VOM)
တရားသူကြီးကိုကြိုးပြတ်တဲ့ချိန်ခွင်ပေးခဲ့လို့ တရားရုံးမထီမဲ့မြင်မှုနဲ့တရားစွဲခံရတဲ့ကိုပေါလုကို စက်တင်ဘာလ၆ရက်၁၀နာရီကျော်ကမြစ်ကြီးနားမြို့နယ်တရားရုံးမှာစစ်ဆေးခဲ့ပြီးထောင်ဒဏ်၃လချမှတ်ခဲ့ပါတယ်။
ကိုပေါလုဟာ ပထမ ငြိမ်းစုစီပုဒ်မ၁၉အရ ငွေဒဏ်ချမှတ်မှုကိုလက်မခံခဲ့လိုမြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ်၁၅ရက်အပါအဝင် ထောင်ဒဏ် ၃လထပ်မံကျခံရတော့မှာဖြစ်ပါတယ်။
အမှုမစစ်ခင်မှာကိုပေါလုနဲ့သူရဲ့ရှေ့နေကိုတွေ့ခွင့်မပေးဘဲတရားခွင်ကိုခေါ်ထုတ်ခဲ့လို့ရဲဝန်ထမ်း တချို့နဲ့ ကိုပေါလုကိုဝန်းရံသူတို့အနည်းငယ်အချင်းများခဲ့ကြပါတယ်။
အဲ့ဒီအမှုမှာတရားလိုကမြစ်ကြီးနားမြို့နယ်တရားသူကြီးဦးသန်းထွန်းဖြစ်ပြီအမှုကိုတွဲဘက်မြစ်ကြီးနားမြို့နယ်တရားသူကြီးဒေါ်တင်နွယ်ဝင်းကစစ်ဆေးသွားခဲ့ပါတယ်။
ကိုပေါလုကတော့” မြန်မာနိုင်ငံရဲ့တရားစီရင်ရေးယိုယွင်းပျက်စီးနေတာကိုပြည်သူများသိရှိအောင်သက်ဆိုင်ရာတာဝန်ရှိသူများသိရှိအောင်ဒီလုပ်ရပ်ကိုကျွန်တော်လုပ်လိုက်တာဖြစ်တယ်။ဒီကနေ့မှာအပြစ်ရျိတယ်လို့ဝန်ခံခဲ့တယ်ဒါပေမဲ့၃လအပြစ်ဒဏ်ချခဲ့တယ်ကျွန်တော်ကမတရားမှုကိုဒူးထောက်ခေါင်းငုံ့ခံမှာမဟုတ်ဘူးအပြစ်ရှိတယ်လို့ဝန်ခံတာကနိုင်ငံရေးသမားမို့လို့တန်တာကိုလုပ်တယ်။ဒါပေမဲ့ဒီအလုပ်ကမတရားဘူးဆိုတာကမ္ဘာသိစေမြန်မာသိစေကချင်ပြည်နယ်သိစေပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်.”တရားရုံးအထွက်တွင် ပြောခဲ့ပါတယ်။
အမှုမစစ်ဆေးခင်မှာကိုပေါလုနဲ့တွေ့ခွင့်မပေးခဲ့ကြောင်းနဲ့ကိုပေါလုအနေနဲ့စွဲဆိုတဲ့ပြစ်မှုကိုကျူးလွန်တယ်လို့မဆိုနိုင်ကြောင်းကို” ဒီပုဒ်မနဲ့သူကလုံးဝငြိစွန်းမှုမရှိဘူးတစ်ချက်ကသူတို့ရဲ့တရားစီရင်ရေးကပြီးသွားပြီထပ်ဝင်လာပြီးမှသူ့ကိုဒီလိုအပြစ်ဒဏ်ချတာကိုတရားမျှတမှုမရှိဘူးဆိုတာကိုသွားပြတာအမှတ်လက္ခဏာပဲပြတာတရားရုံးနဲ့တရားသူကြီးကိုစော်ကားတယ်ဆိုတာတခြားရိုင်းစိုင်းတာတွေလုပ်မှဆဲဆိုမှစော်ကားတယ်လို့ဆိုနိုင်တာအခုဟာကသူ့ရဲ့ပြစ်ဒဏ်ဟာတရားမျှတမှုမရှိဘူးဆိုတာကိုအမှတ်လက္ခဏာနဲ့ပြတာဒီလောက်တောင်လုပ်ခွင့်မရှိဘူးဆိုရင်ဒီမိုကရေစီကိုသွားစရာအကြောင်းမရှိဘူးရစရာအကြောင်းမရှိဘူးလူ့အခွင့်အရေးဆိုတာရစရာအကြောင်းမရှိဘူး”ဟုကိုပေါလုရဲ့ရှေ့နေဦးမာခါးကပြောပါတယ်။
တရားလိုဘက်ကအခြေအနေကိုသိဖို့မြို့နယ်တရားရုံးကပြန်ကြားရေးဌာနကိုမီဒီယာများမေးမြန်းရာမှာကြိုတင်ခွင့်ပြုချက်တောင်းခံပြီးမွန်းလွဲ၂နာရီမှဖြေကြားပေးနိုင်မယ်လို့ ဆိုပါတယ်။
စစ်ရှောင်ပြည်သူများ၏ဘ၀အကြောင်းလမ်းဘေးသရုပ်ဖော်တင်ဆက်ခဲ့လို့ကိုပေါလုနှင့်မဆိုင်းနူးပန်ကို ငြိမ်းစုစီပုဒ်မ၁၉နဲ့တရားစွဲခံရပြီးစက်တင်ဘာလ၂ရက်နေ့မှာငွေဒဏ်၃သောင်းချမှတ်ခဲ့ပြီးမပေးဆောင်ခဲ့ရင် ထောင်၁၅ရက်စီကျခံရန်အမိန့်ချမှတ်ခဲ့သည်။အဆိုပါအမိန့်ကိုမကျေနပ်လို့မြစ်ကြီးနားမြို့နယ်တရားသူကြီးဦးသန်းထွန်းထံကိုပေါလုကကြိုးပြတ်နေတဲ့ချိန်ခွင်ကိုပေးခဲ့သည်။တရားသူကြီးဦးသန်းထွန်းကပြည်သူ့ဝန်ထမ်းတရားစီရင်ရေးဆောင်ရွက်နေစဉ်တမင်နှောင့်ယှက်မထီမဲ့မြင်ပြုလို့ဆိုပြီးပုဒ်မ၂၂၈ဖြင့်အရေးယူပေးဖို့စက်တင်ဘာ၃ရက်နေ့ကတရားရုံးသို့ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ ကို ထောင်ချတာနဲ့ ပတ်သက်ပြီး မနေ့ကရော ဒီကနေ့ပါမြစ်ကြီးနားမှာ လူရာချီပြီးဆန္ဒပြခဲ့ကြပါတယ်။
#voiceofmyanmar #မြစ်ကြီးနား #ကိုပေါလု #တရားရုံးမထီမဲ့မြင်