စစ်ကိုင်းတက္ကသိုလ်ရဲ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာသဇင်ရဲ့အိမ်ကို ဖေါက်ထွင်းပြီး အိမ်တွင်းဘီရိုထဲက လက်ဝတ်ရတနာ သိန်း၉၀ကျပ်ဖိုးကျော် ခိုးယူသွားတယ်လို့ ရွာသစ်ကြီးနယ်မြေရဲစခန်းကနေ သိရပါတယ်။ စစ်ကိုင်းတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ဟာ စက်တင်ဘာ ၅ရက်နေ့ ညနေ ၅နာရီကျော်ကတက္ကသိုလ်ကပြန်လာပြီး အိမ်နောက်ဖေးသံပန်းတံခါး ၊ ကျွန်းတံခါးနဲ့ အပေါ်ထပ် အိပ်ခန်းတံခါးနဲ့ အဝတ်အစားထည့် အလူမီနီယံဘီဒိုတံခါးတွေ ဖျက်စီးခံထားရတာကိုတွေ့ရပြီး စစ်ဆေးကြည့်တော့ လက်ဝတ်ရတနာပစ္စည်း ၆ မျိုး ကာလတန်းဖိုး ငွေကျပ် ၉၆ သိန်းကျော်ဖိုး ပျောက်ဆုံးလို့ ရွာသစ်ကြီးရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကို ရွာသစ်ကြီး နယ်မြေ ရဲစခန်းက (ပ) ၇၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၅၄ အရ အမှုဖွင့် ထားပြီး ခိုးယူသူကိုမိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
Read MoreDay: September 8, 2018
အမရပူရမြို့နယ်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြ်ီး၊အမရပူမြို့နယ်၊ငယ်တိုးကျေးရွာ အတွင်းက ရွှေလွန်း သင်္ချိုင်းအနီးမှာ စက်တင်ဘာလ(၈) ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က အမျိုးသားနှစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။ ” စ သိတာကတော့ မနက် ၁၀နာရီလောက်ကပါ၊ဖြစ်တဲ့နေရာက ငယ်တိုးကျေးရွာမှာဖြစ်တာပါ ၊အသတ်ခံရတာက အမျိုးသား(၂)ဦး ၊ယခုလက်ရှိမှာတော့ စစ်ဆေးစုံစမ်းမှုတွေ လုပ်နေပါတယ်”လို့ အမရပူရ ရဲစခန်းမှ တာဝန်ရှိသူကပြောပါတယ်။ အသတ်ခံရသူအမျိုးသားနှစ်ဦးတွင် တစ်ဦးမှာ မည်သူမည်ဝါဖြစ်သည်ကိုမသိရသေးပဲ တစ်ဦးမှာ အမရပူရမြို့နယ်၊ကံသာယာကျေးရွာ ၊ဟင်္သာတိုက်နယ်တွင် နေထိုင်သည့် အသက်၅၉နှစ်ခန့်အရွယ် ဦးမြင့်စိုး ဖြစ်တယ်လို့သိရပါတယ်။ ” အဖေက မနေ့ညကတည်းက အိမ်ပြန်မလာဘူးရှင့်၊ဒီနေ့မနက်ပိုင်းမှာ ညီမတို့ရွာက အကိုတစ်ယောက်က ရွှေလွန်းဘက်မှာ လူနှစ်ယောက်လဲနေတယ်လို့ပြောတယ် အဲ့ဒါနဲ့ ညီမလေးအဖေအိမ်ပြန်လာသေးလား အိမ်မှာရောရှိလာလို့ပြောတော့ ညီမကအဖေအိပ်တဲ့နေရာသွားကြည့်တော့မရှိဘူးဆိုပြီး အဖေဖြစ်နေမလားဆိုပြီးစိုးရိမ်ပြီး သွားကြည့်အုံးပြောတာနဲ့ သွားကြည့်တော့ အဖေ ဆုံးသွားမှန်းသိရတာပါ ” လို့ ဦးမြင့်စိုးရဲ့ သမီးက ပြောပါတယ်။ အသတ်ခံရသူ အမျိုးသားနှစ်ဦးတို့မှာ မျက်နှာတစ်ခုလုံး စုတ်ပြတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရပြီး…
Read More