ကျောက်ဆည်ဆင်ပွဲတော်မှာ ဆင်အဖွဲ့(၂၀) ဝင်ရောက်ယှဉ်ပြိုင်မည်

ကျောက်ဆည် – အောက်တိုဘာ ၁၇၊ ၂၀၁၈

တာရာ

 

ဒီနှစ် ကျောက်ဆည်ဆင်အလှူတော် နဲ့ ဆင် အကအလှပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဆင်အဖွဲ့ ၂၀ ရှိကြောင်း ကျောက်ဆည်မြို့ ဆင်ပြိုင်ပွဲကျင်းပရေးနဲ့ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီထံက သိရပါတယ်။

ကျောက်ဆည်ဆင်အလှူတော် နဲ့ ဆင်အကအလှပြိုင်ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာ ရွှေသာလျောင်းတောင်ခြေမှာရှိတဲ့ ဆင်ပြိုင်ကွင်းတွင်းမှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်ဆင်အကအလှပြိုင်ပွဲ မှာတော့ ဘော်ကြယ်ဆင် လေးစီး၊ကလေးဆင် ၄စီး၊ ရိုးရာဆင် ၉ စီး ၊ သဘာဝဆင် ၃စီး၊ စုစုပေါင်း ဆင်အဖွဲ့ ၂၀ က ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်း ဆင်ပြိုင်ပွဲကျင်းပရေးနဲ့ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဦးခင်မောင်မြင့်က ပြောပါတယ်။

ဆုကြေးများအနေနဲ့ ဘော်ကြယ်ဆင် အကအလှပြိုင်ပွဲမှာ ပထမဆု (၈)သိန်း၊ ဒုတိယဆု (၆)သိန်း၊ တတိယဆု (၄)သိန်း၊ ရိုးရာဆင် အကအလှပြိုင်ပွဲမှာ ပထမဆု (၁၀)သိန်း၊ ဒုတိယဆု (၈)သိန်း၊ တတိယဆု (၆)သိန်း၊ ကလေးဆင် အကအလှပြိုင်ပွဲမှာ ပထမဆု (၆)သိန်း၊ ဒုတိယဆု (၄)သိန်း၊ တတိယဆု (၂)သိန်း နဲ့ သဘာဝဆင် အကအလှပြိုင်ပွဲမှာ ပထ မဆု (၅)သိန်း၊ ဒုတိယဆု (၃)သိန်း ဆုချီးမြှင့်သွားမယ်လို့ သူကပြောပါတယ်။

ဒ့ါအပြင် ဘော်ကြယ်ဆင်၊ရိုးရာဆင်၊ကလေးဆင် အကအလှပြိုင်ပွဲမှာ ပထမဆု ရရှိတဲ့ အဖွဲ့ကို KAMAX ဆိုင်ကယ်ကုမ္ပဏီက ဆိုင်ကယ်အသစ် တစ်စီးစီး ဆုချီးမြှင့်သွားမှာဖြစ်ပြီး ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ခြင်းမရှိတဲ့ ပွဲတော်လာ ဆင်အဖွဲ့တွေထဲက ဈေးကို သုံးပတ် ပတ်တဲ့ ဆင်အဖွဲ့ကို ရန်ပုံငွေ ရရှိတဲ့ အပေါ် မူတည်ပြီး ဆုများ ပြန်လည် ချီးမြှင့်သွားမှာ ဖြစ်ကြောင်း ကျောက်ဆည်မြို့ ဆင်ပြိုင်ပွဲကျင်းပရေးနဲ့ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီထံက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW