အနှိပ်ခန်းပိုင်ရှင်အား အမည်မသိသေနတ်သမားတဦးမှ ပစ်ခတ်

ဖားကန့် – အောက်တိုဘာ ၁၉၊ ၂၀၁၈ ဇော်မိုးထက်   ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာတွင် အနှိပ်ခန်းလုပ်ငန်းတခုကို အမည်မသိ သေနတ်သမားတယောက်က ဒီနေ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ခင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်ခံရသူဟာ အနှိပ်ခန်းပိုင် ဒေါ်သိန်းဖြစ်ပြီး ချက်အထက်ဝမ်းဗိုက်ကို သေနတ်ထိမှန်ခဲ့ပြီး ဖားကန့်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ “ဒီမနက်က ဖြစ်တာပါ။ ချက်အထက် ဝမ်းဗိုက်ကိုသေနတ်တချက် ထိမှန်တာပါ။ ဖားကန့်ဆေးရုံမှာတင်ထားပါတယ် အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး “လို့ ဖားကန့်မြို့နယ် ရဲမှူးကြီးက ပြောပါတယ် ။ ပစ်ခတ်မှုဟာ အနှိပ်ခန်းအတွင်း ဝင်ရောက်အနှိပ်ခံရာမှ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ “အနှိပ်ခန်းထဲမှာ အနှိပ်ခံတုံး ကောင်မလေးနဲ့ အဆင်မပြေဖြစ်ရာကနေ စဖြစ်တာလို့ပြောတယ်ဗျ။ သေနတ်သံကြားလို့ ကျနော်တို့ရောက်သွားတော့ ဒေါ်သိန်းက သေနတ်မှန်ထားပြီ။ သေနတ်သမားက သူ့ဆိုင်ကယ်ကို ပြန်လာတွန်းတုန်း လူတွေ ဝိုင်းလိုက်မယ် လုပ်တော့…

Read More

ဟိန္ဒူ ဘာသာဝင်​​တွေရဲ့ မယ်တော်ရေမျှောပူဇော်ပွဲ

မန္တလေး အောက်တိုဘာ ၁၉ ဟိန်းကို မြန်​မာနိုင်​ငံမှာ ၁၈၈၅ခုနှစ်​​နောက်​ပိုင်း ဟိန္ဒူ ဘာသာဝင်​​တွေ စတင်​​ရောက်​ရှိလာတဲ့အချိန်​က​နေစပြီး ကျင်းပလာခဲ့တဲ့ ရိုးရာအစဉ်အလာဖြစ်တဲ့ သျှရီသျှရီစန္ဒီမယ်တော်ရေ​မျှောပူဇော်ပွဲကို မန္တ​လေးမြို့မှာ ယ​နေ့ ​အောက်​တိုဘာ(၁၉)ရက်​ ည​နေပိုင်းက ဧရာဝတီမြစ်​ဆိပ်​မှာ ကျင်းပခဲ့ပါတယ်​။                                

Read More

ရန်ကုန်တိုင်းကျောင်းကားကိစ္စ အဂတိကော်မရှင်စစ်ဆေးပေးရန် တောင်းဆို

အောက်တိုဘာ ၁၈၊ ၂၀၁၈ ရန်ကုန်တိုင်း အစိုးရက တင်သွင်းခဲ့တဲ့ ကျောင်းကားတွေ ကိစ္စမှာ ဘဏ္ဍာငွေသုံးစွဲမှုနဲ့ ပတ်သက်ပြီး ကျော်စောမှုရှိနေလို့ အဂတိကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးပါလို့ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ထုတ်ပြန်ချက်တစောင်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာ ၁၉ ရက်၊ ၂၀၁၈ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲ့ဒီထုတ်ပြန်ချက်မှာ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ကျောင်းကားအစီးရေ ၂၀၀ တင်သွင်းတဲ့အခါ အသုံးပြုတဲ့ ငွေကြေးကွာဟချက်တွေရှိနေသလို အခြားသော အချက်အလက်တွေဟာ တိုင်းပြည်ဘဏ္ဍာငွေ ဆုံးရှုံးမှု ရှိမရှိ စိစစ်စရာတွေ ဖြစ်နေတယ်လို့ ဆိုထားပါတယ်။  

Read More

တိုက်ပွဲတွေကြောင့် စစ်ကိုင်းတောင်ရိုး သီလရှင်ချောင်တွေမှာ တိုင်းရင်းသူသီလရှင်တွေတိုးလာ

စစ်ကိုင်း အောက်တိုဘာ ၁၉ တာရာ ပြီးခဲ့သည့်နှစ် ဝါဆိုစာရင်းတွေအရ စစ်ကိုင်းတောင်၊ မင်းဝံတောင်၊ မင်းကွန်းတောင်ရိုးတို့မှာ သီတင်းသုံး နေထိုင်တဲ့  သီလရှင် အပါးအရေအတွက်မှာ (၇၈၆၅)ပါးရှိပါတယ်။ ယခုနှစ် ဝါဆိုစာရင်းများအရသီလရှင် အပါးအရေအတွက်မှာ  (၈၄၁၁)ပါး ထိ တိုးလာခဲ့ပါတယ်။ တိုးလာတဲ့ သီလရှင်အများစုဟာ တိုက်ပွဲရှောင်ရင်း လာရောက်ဝတ်တဲ့ တိုင်းရင်းသားဒေသတွေက ကလေးငယ်တွေဖြစ်ပြီး အသက်အရွယ်အားဖြင့် အသက် ၅နှစ်ကနေ အသက်၂၀ အတွင်း ဖြစ်ကြောင်း သိရပါတယ်။  

Read More

စစ်ကိုင်းတိုင်းလွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်

မုံရွာ အောက်တိုဘာ ၁၉ ဗျဂ္ဃ (Voice of Myanmar) ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တပ်မတော်သား လွှတ်တော်ကိုယ်စာလှယ် ဗိုလ်မှူး ဖုန်းမြင့်နိုင်ဟာ ပြင်ဦးလွင်မြို့၊ တပ်မတော်စစ်ဆေးရုံမှာ ဆေးကုသမှုခံယူရင်း နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားပါတယ်။ “သတင်းကတော့ ဒီမနက်မှ ကြားတယ်။ နှလုံးရောဂါနဲ့လို့ပြောတယ်။ စိတ်မကောင်းပါဘူး။ လွှတ်တော်နားချိန် ကိုယ်စားလှယ်တွေက နယ်တွေထွက်နေချိန်ဆိုတော့ လိုက်ပို့နိုင် မပို့နိုင်တော့ မသေချာသေးဘူး။ လွှတ်တော်ကတော့ လိုက်ပို့မယ့်သူရှိရင် ကားစီစဉ်ပေးမယ်လို့တော့ သိရပါတယ်။” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တဦးကပြောပါတယ်။ ဗိုလ်မှူးဖုန်းမြင့်နိုင်က ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ကိုယ်စားလှယ်တွေထဲမှာ တမူးမြို့နယ်ကိုယ်စားလှယ် ဦးထန်ခိုဟောက်ပြီးရင် ဒုတိယမြောက် ကွယ်လွန်တာဖြစ်ပါတယ်။ ဦးထန်ခိုဟောက်ရဲ့ လစ်လပ်နေရာအတွက်တော့ မကြာင်ခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ထည့်သွင်းထားပါတယ်။ လက်ရှိအနေနဲ့ ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြု ၆၉၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ…

Read More
VOM News

FREE
VIEW