ပုဂံအလုပ်သမား သပိတ် ၁၆ ရက်တိုင်သော်လည်း ပြေလည်မှု မရသေး

ညောင်ဦး၊ အောက်တိုဘာ ၂၇၊ ၂၀၁၈ အောင်မြင့် (ပခုက္ကူ)   ညောင်ဦးမြို့ သရပါဟိုတယ်ကနေ မတရားအလုပ်ထုတ်ခံရတယ်ဆိုကာ အလုပ်ရပ်နားခံလိုက်ရတဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်လည်ခန့်ထားရေးအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေတာ ဒီနေ့ဆိုရင် ၁၆ ရက်ရှိနေပါပြီ။ ဆန္ဒပြ အလုပ်သမားတွေဟာ ဒီနေ့မှာတော့ သပိတ်စခန်းအပြင် ပုဂံမြို့ပေါ် နေရာ ၅ နေရာခွဲပြီး ထပ်မံဆန္ဒပြတာတွေ လုပ်ခဲ့ပါတယ်။ “ကျနော်တို့က သပိတ် ၁၆ ရက်မြောက်ဆိုတော့ ကြာနေပြီ၊ ကြာနေတော့ လုပ်ငန်းရှင်က ကျနော်တို့ တောင်းဆိုမှုအပေါ်မလိုက်လျှောတဲ့ အတွက်၊ ဒီနေ့ ပုဂံညောင်ဦးမြို့မှာ နေရာ ၅ နေရာခွဲပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်တာ။ ဒီ ကိုးယောက်ကို အလုပ်ပြန်မခန့် မချင်း ကျနော်တို့ ဒါမျိုးတွေ လုပ်သွားမှာပါ” လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုနေမျိုးဝင်းက ပြောပါတယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို အလုပ်ရှင်ဘက်က…

Read More

မန္တ​လေးကျုံး​ရေပြင်​မှာ ​ ဒုတိယအကြိမ်​​ ​လှေ​လှော်​ပြိုင်​ပွဲ ကျင်းပ

၂၀၁၈၊​အောက်​တိုဘာ(၂၇) ဟိန်းကို မန္တ​လေးကျုံးရဲ့ အ​နောက်​ဖက်​​ရေပြင်​မှာ ဒုတိယအကြိမ်​​မြောက်​ တိုင်း​ဒေသကြီး နဲ့ ပြည်​နယ်​ရိုးရာ​လှေ​လှော်​ပြိုင်​ပွဲကို မြန်​မာနိုင်​ငံ​လှေ​လှော်​အဖွဲ့ချုပ်​က ဦး​ဆောင်​၍ ယ​နေ့ ​အောက်​တိုဘာ(၂၇)ရက်​၊နံနက်​ပိုင်းက ကျင်းပခဲ့ပါတယ်​။ ပြိုင်​ပွဲကို နှစ်​ရက်​တာ ကျင်းပပြုလုပ်​မှာဖြစ်​ပြီး ယ​နေ့ပထမ​နေ့ကို မီတာ(၂၀၀) ယှဉ်​ပြိုင်​ရမှာဖြစ်​ပြီး ဒုတိယ​နေ့မှာ မီတာ(၅၀၀)ယှဉ်​ပြိုင်​ရမှာဖြစ်​ပါတယ်​။ ” မျိုးဆက်​သစ်​အားကစားသမား​တွေ ​ပေါ်ထွက်​လာဖို့ရယ်​၊ ပြည်​သူတစ်​ရပ်​လုံးက ​လှေ​လှော်​အားကစားကို စိတ်​၀င်​စားလာပြီး ထဲထဲဝင်​၀င်​ပါဝင်​လာ​စေဖို့အတွက်​ ရည်​ရွယ်​ပြီး ပြုလုပ်​တာပါ ” လို့ မြန်​မာနိုင်​ငံ​လှေ​လှော်​အသင်း ဥက္ကဌ ဦး​သောင်းထိုက်​မင်း က ​ပြောပါတယ်​။ ပြိုင်​ပွဲမှာ အမျိုးသားအသင်း(၁၃)သင်း၊ အမျိုးသမီးအသင်း(၁၀)သင်းပါဝင်​ယှဉ်​ပြိုင်​ခဲ့ပြီး ပထမဆု၊ဒုတိယဆု၊တတိယဆု များကို ပြိုင်​ပွဲအလိုက်​ချီးမြင့်​သွားမည့်​အပြင်​အမျိုးသားတံခွန်​စိုက်​ဒိုင်းဆု၊ အမျိုးသမီးတံခွန်​စိုက်​ဒိုင်းဆု၊စု​ပေါင်းဒိုင်းဆု တို့ကိုပါ ထည့်​သွင်း ချီးမြင့်​သွားမှာဖြစ်​တယ်​လို့ သိရပါတယ်​။ အန်အယ်လ်ဒီအစိုးရတက်ပြီးတဲ့နောက် ၂၀၁၆ ခုနှစ်ကလည်း မန္တလေးတိုင်းအစိုးရက ကြီးမှူးပြီး ပထမအကြိမ်လှေပြိုင်ပွဲကျင်းပခဲ့ပါသေးတယ်။            …

Read More
VOM News

FREE
VIEW