တရုတ်နိုင်ငံတောင်ပိုင်း ဓါတုစက်ရုံအနီး ပေါက်ကွဲမှုကြောင့် လူ ၂၂ ဦးသေဆုံး

တရုတ်နိုင်ငံတောင်ပိုင်း ဓါတုစက်ရုံအနီး ပေါက်ကွဲမှုကြောင့် လူ ၂၂ ဦးသေဆုံး

ပေကျင်း ၊ နိုဝင်ဘာ-၂၈-၂၀၁၈

မျိုးဆက် (VOM)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟာဘေးပြည်နယ် ကျန်ဂျီကွာမြို့ရှိ ဓါတုဗေဒစက်ရုံတစ်ရုံအနီးမှာ  နိုဝင်ဘာ ၂၈ ရက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ၂၂ ဦးသေဆုံးသွားပြီး အခြား ၂၂ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့  ပြည်နယ်အစိုးရ တာဝန်ရှိသူများက ပြောပါတယ်။

ကျန်ဂျီကွာမြို့ဟာ  မြို့တော်ပေကျင်းရဲ့ အနောက်မြောက်ဘက် ၉၆ မိုင်အကွာတွင်တည်ရှိပြီး ၂၀၂၂ ခုနှစ်ေ ဆာင်းရာသီအိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပမယ့် နေရာအဖြစ် သတ်မှတ်ထားပါတယ်။ ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်အစီး ၅၀ လည်း မီးလောင်ကျွမ်းသွားတယ်လို့ အစိုးရအဖွဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။

ပေါက်ကွဲမှုက ဒေသစံတော်ချိန် နံနက် ၁၂ နရီ ၄၁ မိနစ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒါဏ်ရာရရှိသူတွေကို ဆေးရုံသို့ တင်ပို့ထားပါတယ်။ အဆိုပါ ဓါတုဗေဒ စက်ရုံအနီး ပေါက်ကွဲမှုဖြစ်ပွားရတာနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ ရှင်းလင်းစွာမသိရသေးပါဘူး။

ဒါပေမယ့် ဓါတုဗေဒပစ္စည်းတွေကို တင်ဆောင်လာတဲ့ မော်တော်ယာဉ်တစ်စီး စက်ရုံအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ပြည်နယ်အစိုးရ အရာရှိတစ်ဦးပြောကြားတာကိုကိုးကားပြီး သတင်းတွေက ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့  မီးလောင်ကျွမ်းမှုအားလုံးကို ငြိမ်းသတ်နိုင်ပြီဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ် သြဂုတ်လကလည်း တီရန်ကျင်း ဆိပ်ကမ်းမြို့ရှိ ဓါတုဗေဒသိုလှောင်ရုံတစ်ခု ပေါက်ကွဲတာကြောင့် လူပေါင်း ၁၆၅ ဦးသေဆုံးခဲ့ပါတယ်။

Ref: Reuter/CAN

Photo : Global Time

Related posts

VOM News

FREE
VIEW