စပါးခင်းကိုဝင်တဲ့ဆင်ကိုမောင်းထုတ်လို့  နောက်ဆင်က လယ်ရှင်ကိုနင်းသတ်

ရသေ့တောင်၊ နိုဝင်ဘာ ၂၈-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပိတောက်မြိုင်ကျေးရွာမှာ စပါးခင်းကိုဝင်စားနေတဲ့ တောဆင်ရိုင်းကို မောင်းထုတ်ရာ နောက်ဆင်တစ်ကောင်က လယ်ပိုင်ရှင်ကိုနင်းသတ်လိုက်တာကြောင့် သေဆုံးသွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ စပါးခင်းတွေကိုတောဆင်ရိုင်းတွေ ၀င်စားခြင်း၊ ဖျက်ဆီးခြင်းတွေဖြစ်ပွားနေတဲ့အတွက် နိုဝင်ဘာလ ၂၇ ရက်နေ့ညက စပါးခင်းစောင့်နေစဉ် ၀င်ရောက်လာတဲဆင်ကို မောင်းထုတ်ရာ နောက်ဆင်တစ်ကောင်က ပိတောက်မြိုင် နတလ ကျေးရွာနေ ဦးအောင်ထွန်းသိန်း ၄၂ နှစ်အား လိုက်လံနင်းသတ်လိုက်တာဖြစ်ပါတယ်။ “မနေ့ကည ၁၁ နာရီလောက်မှာ စပါးခင်းထဲကိုဆင်ဝင်စားတဲ့တွက် အဲဒီဆင်ကိုလိုက်ပြီး မောင်းထုတ်တဲ့အခါမှာ ဆင်နောက်တစ်ကောင်းရှိနေတာကိုမသိဘူး။ ၀င်စားတဲ့ဆင်ကိုပဲ လိုက်တော့ နောက်ဆင်တစ်ကောင်က နင်းလိုက်တာဖြစ်ပါတယ်။ သူတို့က နှစ်ယောက်စောင့်နေတာ တစ်ယောက်ကတော့ လွတ်မြောက်လာခဲ့ပါတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။ အဲဒီဆင်တွေဟာ အခုနှစ်ဆောင်းဦးပေါက်ရာသီး စပါးတွေစတင်ရင့်မှည့်ချိန်က ဒေသခံတွေစိုက်ပျိုးထားတဲ့စပါးခင်းတွေကို ၀င်ရောက်ကျက်စားလေ့ရှိပြီး လယ်ပိုင်ရှင်တွေဟာ မိမိတို့စပါးခင်းတွေကို တောဆင်ရိုင်းတွေ မဝင်ရောက်ရေးအတွက် အန္တရာယ်ကြီးစွာကာကွယ်နေကြရတာဖြစ်ပါတယ်။ “ဆင်တွေက ဒီလိုရာသီမှာ…

Read More

စစ်တွေမှာ ငြိမ်းချမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲပြုလုပ်

စစ်တွေ- နိုဝင်ဘာ ၂၈ – ၂၀၁၈ ခိုင်လင်းစံ (VOM) လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီအစုအဖွဲ့က ပြည်သူတွေကိုချပြတဲ့ ဆွေးနွေးပွဲစကားဝိုင်းတစ်ခုကို ရခိုင်ပြည်နယ်စစ်တွေမြို့မှာ နိုဝင်ဘာ၂၈ရက်နေ့ဒီကနေ့ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဆွေးနွေးမှုတွေပြုလုပ်နေရဆဲကာလဖြစ်ပြီးတော့ အခက်အခဲတွေရှိနေတယ်လို့  နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။ #VOICEOFMYANMAR #UPDJC # ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ #စစ်တွေ

Read More

လိုင်စင်မဲ့ယာဉ် (၄)စီး ကို တစ်နေရာထဲ တစ်ချိန်တည်းမှာ ဖမ်းဆီးရမိ

ကသာ နိုဝင်ဘာ ၂၈-၂၀၁၈ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် ကြာအင်းကျေးရွာ အနီးက ဗျူဟာကားလမ်းမမှာ ရွှေဘိုဘက် ကနေ မြစ်ကြီးနားဘက်ကို မောင်းနှင်လာတဲ့ လိုင်စင်မဲ့ကား (၄)စီး ကို အင်းတော်မြို့မရဲစခန်းမှူး ဦးဆောင်တဲ့ အဖွဲ့က နိုဝင်ဘာ လ (၂၇)ရက်နေ့ ညနေ (၄း၃၀) အချိန်မှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ် ။         အင်းတော်မြို့မရဲစခန်း က စခန်းမှူး ဒုရဲမှူး သက်တင်ဦး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနှဲ့အတူ မူးယစ်ဆေးဝါးသတင်း ရရှိထားတာကြောင့် အင်းတော်မြို့နယ် ကြားအင်းကျေးရွာ ကြာအင်းတံတားထိပ် ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းမပေါ်မှာ ပိတ်ဆို့စစ်ဆေး ဆောင်နေချိန် ရွှေဘို ဘက် မှ မြစ်ကြီးနား ဘက်…

Read More

”နောက်ထပ်ချစ်သူမထားရဲတော့ဘူးဆိုတဲ့ ပိုင်တံခွန်”

ရန်ကုန်  နိုဝင်ဘာ ၂၈- ၂၀၁၈ သင်းသဒ္ဒါ (VOM) မော်ဒယ်လ်ပိုင်းမှာ အားပေးမှုရရှိလာရာကနေ သရုပ်ဆောင်ပိုင်းကိုပါ လုပ်ဆောင်လာခဲ့ ပိုင်တံခွန်ကတော့ ”အချစ်ရေးကို မဖြေချင်ဘူးဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်နောက်ထပ် ချစ်သူမထားရဲတော့ပါဘူး။ ချစ်သူကောင်မလေးထားဖို့ကို ကျွန်တော် တော်တော်စဉ်းစားရမယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကဆိုးတဲ့သူတယောက်လည်း ဖြစ်တယ်”လို့ဆိုပါတယ်။ သူရဲ့ အချစ်ရေး ပတ်သက်ပြီးတော့ “ကျွန်တော်တို့ ယောက်ျားလေးတွေအများစုက တဖြည်းဖြည်းနဲ့ သင်ယူရတာပေါ့နော်။ အသည်းကွဲတာများရင်တော့ အချိန်တန်ရင် တဖြည်းဖြည်း ရင့်ကျက်သွားမှာပါ။အခုတလော ကျွန်တော်ရဲ့ ခံစားချက်တွေက ပုံမှန်မဟုတ်ပါဘူး။ မိဘတွေ သဘောမတူတဲ့အတွက် လမ်းခွဲရတာ အဲဒီခံစားချက်က တော်တော်ကို ဆိုးတယ်။နောက်တစ်ခါ ချစ်သူထားဖို့က တော်တော်စဉ်းစားရမယ်။ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော်က နည်းနည်းဆိုးတယ်။ အခုစိတ်က ဘယ်လိုကြီးဖြစ်နေလဲမသိဘူး”လို့ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ အသည်းကွဲတဲ့ရောဂါကို ခံစားနေရပြီး လူကြားထဲသွားရင်တောင် တစ်ယောက်တည်းဖြစ်နေတဲ့ခံစားချက်နဲ့အတွက် အထီးကျန်ခြင်းတွေကို ခံစားနေရတယ်လို့သိရပါတယ်။အနုပ ညာနဲ့ပတ်သက်တော့ ကြော်ငြာတွေရိုက်ကူးနေသလို စာမေးပွဲတစ်ဖက်နဲ့မို့ ပွဲတက်တွေပဲ လုပ်ဖြစ်နေတယ်လို့သိရပါတယ်။…

Read More

ယူကရိန်းနဲ့ တင်းမာမှုမြင့်တက်နေစဉ် ကရိုင်းမီးယားကျွန်းဆွယ်မှာ အက်စ်-၄၀၀ ဒုံးပျံတွေ ရုရှားဖြန့်ကြက်မည်

မော်စကို၊ နိုဝင်ဘာ-၂၈ မျိုးဆက် (VOM) အက်စ်-၄၀၀ ဒုံးပျံသစ်တွေကို  ကရိုင်းမီးယားကျွန်းဆွယ်မှာ မကြာမီကာလအတွင်း ရုရှားနိုင်ငံက ဖြန့်ကြက်ချထားမှာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားတာကို ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ရုရှားက သိမ်းယူထားတဲ့ ကရိုင်းမီးယားကျွန်းဆွယ်အနီးက ရေလက်ကြားမှာ ယူကရိန်းစစ်သင်္ဘော သုံးစင်းကို ရုရှားရေတပ်က နိုဝင်ဘာ ၂၅ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ယူကရိန်းနိုင်ငံကလည်း ရုရှားနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီးတဲ့နောက်မှာ ဒုံးပျံတွေဖြန့်ကြက်မှာလို့ ရုရှာဘက်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အဆိုပါ အက်စ်-၄၀၀ ဒုံးပျံတွေကိုတော့ လာမယ့်ဒီဇင်ဘာလမှ စတင်ဖြန့်ကြက်ထားရှိသွားမှာဖြစ်တယ်လို့ အာအိုင်အေ သတင်းဌာနကလည်းဖော်ပြပါတယ်။ ဒီလို ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့အကြား တင်းမာမှုတွေမြင့်တက်နေစဉ်မှာ ဥရောပနိုင်ငံတွေအနေနဲ့ ယူကရိန်းနိုင်ငံကို ပိုမိုထောက်ခံမှုတွေပေးဖို့အတွက် အမေရိကန်က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် လာမယ့် သီတင်းပတ်မှာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မှာ ကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြင်ပမှာ…

Read More

ရခိုင်ပြည်နယ်မှာ ပြည်ပထွက်အလုပ်လုပ်ဖို့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတွေ  တနှစ်ကို ၂၀၀၀ ကျော်ရှိနေ

စစ်တွေ နိုဝင်ဘာ ၂၈-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်း အလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်လက်မဲ့အရေအတွက်ဟာ တစ်နှစ်ထက်တစ်နှစ်မြင့်မားလာနေပြီး အလုပ်အကိုင်ရရှိရေးအတွက် ပြည်ပနိုင်ငံတွေဆီကို သွားရောက်အလုပ်လုပ်ကိုင်သူတွေလည်း ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။ အခုလိုမျိုး ပြည်ပနိုင်ငံတွေဆီကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ရခိုင်ပြည်နယ်အတွင်း နိုင်ငံကူးလက်မှတ်လျှောက်ထားသူ အရေအတွက်ဟာ တစ်နှစ်ကို ၂၀၀၀ ကျော်အထိရှိနေပြီး တစ်နှစ်ထက်တစ်နှစ် မြင့်မားလာနေတယ်တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်းမှာ ပြည်ပကိုအလုပ်သွားလုပ်တဲ့သူတွေ တရားဝင်သွားရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံကူးလက်မှတ် ဌာနခွဲကို စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက ၂ ရက်နေ့က စပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။ လာရောက်လျှောက်ထားသူတွေကိုလည်း လျှောက်ထားသူတွေအလွယ်တကူ လုပ်ကိုင်နိုင်အောင်အတွက်ဖြစ်ပါတယ်။ စာအုပ်တွေကိုလည်း သတ်မှတ်ရက်အတွင်းမှာ ထုတ်ပေးနေတာဖြစ်ပါတယ်။”လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က မနေ့ကကျင်းပပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ဒေသအသီးသီးကလူငယ်တွေဟာ အလုပ်အကိုင်ရရှိရေးအတွက် ပြည်ပနိုင်ငံတွေဆီကို ထွက်သွားသူတွေများပြားနေတာကြောင့် အခုလိုမျိုးနိုင်ငံကူးလက်မှတ်တွေကို…

Read More

ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု လေးနှစ်အတွင်း ပထမဆုံးအကြိမ်မြင့်တက်လာ

ဂျီနီဗာ၊ နိုဝင်ဘာ-၂၈-၂၀၁၈ မျိုးဆက် (VOM) ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏသည်  လေးနှစ်အတွင်း ပထမဆုံးအကြိမ်မြင့်တက်လာတယ်လို့ ကုလသမဂ္ဂကနေ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်လိုက်ပါတယ်။ ဒီလို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ထုတ်လွှတ်မှု ပမာဏများပြားလာခြင်းနဲ့အတူ  ရာသီဥတုပြောင်းလဲတာတွကို ကိုင်တွင်ဖြေရှင်းဖို့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းချက်မှုတွေဟာလည်း လမ်းကြောင်းပျောက်နေတယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ ကာဗွန်ဓာတ်ငွေ့လျော့ချဖို့အတွက်ကြိုးပမ်းမှုတွေမှာ အခက်အခဲတွေရှိနေတဲ့ကြားက  ၂၀၁၇ခုနှစ်မှာ ဓာတ်ငွေ့ထုတ်လွှတ်မှုမြင့်တက်လာတာတွေအတွက် စီးပွားရေးအင်အားကြီးနိုင်ငံတွေမှာ တာဝန်ရှိတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပါရီရာသီဥတုသင်္ဘောညီချက် ရည်မှန်းချက်များအတိုင်း ရာသီဥတုကို ထိန်းသိမ်းရန်ကြိုးရာမှာ ၂၀၂၀ပြည့်နှစ် မှာ ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှု အမြင့်ဆုံးရောက်ရှိလာမယ့်အကြောင်းက အလွန်စိုးရိမ်ဖွယ် အခြေအနေဖြစ်တယ်လို့ လေ့လာမှုတရပ်က ဆိုပါတယ်။ ဒီလိုအခြေအနေကြောင့် ၂၀၃၀ပြည့်နှစ်မှာ ပါရီရာသီဥတုသဘောတူညီချက်ရဲ့ ပန်းတိုင်ကိုရောက်ဖို့ လမ်းမမြင်ဘူးလို့ သုတေသီတွေက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ဒီအစီရင်ခံစာဟာ ဒီဇင်ဘာ ၂ရက်ကနေ ၁၄ရက်နေ့အထိ ပိုလန်နိုင်ငံမှာ  ကျင်းပပြုလုပ်မယ့် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံတရပ်…

Read More

တရုတ်နိုင်ငံတောင်ပိုင်း ဓါတုစက်ရုံအနီး ပေါက်ကွဲမှုကြောင့် လူ ၂၂ ဦးသေဆုံး

တရုတ်နိုင်ငံတောင်ပိုင်း ဓါတုစက်ရုံအနီး ပေါက်ကွဲမှုကြောင့် လူ ၂၂ ဦးသေဆုံး ပေကျင်း ၊ နိုဝင်ဘာ-၂၈-၂၀၁၈ မျိုးဆက် (VOM) တရုတ်နိုင်ငံ မြောက်ပိုင်း ဟာဘေးပြည်နယ် ကျန်ဂျီကွာမြို့ရှိ ဓါတုဗေဒစက်ရုံတစ်ရုံအနီးမှာ  နိုဝင်ဘာ ၂၈ ရက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ၂၂ ဦးသေဆုံးသွားပြီး အခြား ၂၂ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့  ပြည်နယ်အစိုးရ တာဝန်ရှိသူများက ပြောပါတယ်။ ကျန်ဂျီကွာမြို့ဟာ  မြို့တော်ပေကျင်းရဲ့ အနောက်မြောက်ဘက် ၉၆ မိုင်အကွာတွင်တည်ရှိပြီး ၂၀၂၂ ခုနှစ်ေ ဆာင်းရာသီအိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပမယ့် နေရာအဖြစ် သတ်မှတ်ထားပါတယ်။ ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်အစီး ၅၀ လည်း မီးလောင်ကျွမ်းသွားတယ်လို့ အစိုးရအဖွဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။ ပေါက်ကွဲမှုက ဒေသစံတော်ချိန် နံနက် ၁၂ နရီ ၄၁ မိနစ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒါဏ်ရာရရှိသူတွေကို ဆေးရုံသို့ တင်ပို့ထားပါတယ်။…

Read More

ရခိုင်ပြည်နယ်လွှတ်တော်မှာ သတင်းရယူခွင့် ကန့်သတ်လိုက်တာကြောင့် အခက်အခဲဖြစ်

စစ်တွေ နိုဝင်ဘာ ၂၈-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်လွှတ်တော်မှာ အစည်းအဝေးကျင်းပနေစဉ်အတွင်း သတင်းရယူဖို့အတွက် လွှတ်တော်အစည်းဝေးကျင်းပရာ နောက်ဘက်ကနေရာကို သတ်မှတ်ပေးလိုက်တဲ့အတွက် သတင်းထောက်တွေအနေနဲ့ သတင်းရယူဖို့အခက်အခဲဖြစ်နေပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုသွားရောက်သတင်းယူနေတဲ့ သတင်းသမားတွေဟာ အရင်ကလွတ်လပ်စွာ သတင်းရယူခွင့် ရရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ လုံခြုံရေးတွေကိုတိုးမြှင့်ချထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတဲ့အတွက် ဝင်ရောက်ခွင့်မရရှိသူတွေလည်း ရှိခဲ့ပါတယ်။ “ကျွန်တော်တို့က ပုံမှန်သွားနေကျအတိုင်းသွားတာပေါ့နော်။ အဲဒီရောက်တော့ ရဲတပ်ဖွဲ့ကထုတ်ပေးထားတဲ့ ဝင်ခွင့်ကဒ်မပါရင် ဝင်လို့မရဘူးဆိုပြီးတော့ပြောတယ်။ ကျွန်တော်တို့လည်းက ရှင်းပြတာပေါ့ မရဘူး။ ကျွန်တော်တို့အကုန်လုံး လှည့်ပြန်လာတော့ ပြန်ခေါ်ပြီးဝင်ခိုင်းတယ်။ အထဲရောက်တော့ပိုဆိုးတယ်ဗျ။ လွှတ်တော်ဥက္ကဌတစ်ယောက်တည်းကိုပဲ ကျွန်တော်တို့မျက်နှာချင်းဆိုင်မြင်ရတယ်။ အကုန်လုံးက ကျောဘက်ကိုပဲမြင်ရတော့ ဘယ်လိုမှလုပ်လို့မရဖြစ်သွားတယ်။”လို့ DVB သတင်းဌာနက သတင်းထောက် ဝဏ္ဏခွာညိုကပြောပါတယ်။ သတင်းထောက်တွေကို လွှတ်တော်အစည်းအဝေးမှာ သတင်းရယူခွင့်ရရှိဖို့အတွက် နိုဝင်ဘာလ ၂၅/၂၆ ရက်နေ့တွေမှာ ပြည်နယ်ရဲတပ်ဖွဲ့က ကဒ်တွေကိုလာရောက်ထုတ်ယူကြဖို့အကြောင်းကြားတဲ့အတွက် သွားရောက်ခဲ့ကြရာမှာတော့ မိမိကိုင်ဆောင်ထားတဲ့ ဌာနကဒ်တွေကို အပ်နှံထားခဲ့ရမှာဖြစ်တာကြောင့် မထုတ်ယူခဲ့ကြတာဖြစ်ပါတယ်။ “ကျွန်တော်တို့က…

Read More
VOM News

FREE
VIEW