ယူကရိန်းနဲ့ တင်းမာမှုမြင့်တက်နေစဉ် ကရိုင်းမီးယားကျွန်းဆွယ်မှာ အက်စ်-၄၀၀ ဒုံးပျံတွေ ရုရှားဖြန့်ကြက်မည်

မော်စကို၊ နိုဝင်ဘာ-၂၈

မျိုးဆက် (VOM)

အက်စ်-၄၀၀ ဒုံးပျံသစ်တွေကို  ကရိုင်းမီးယားကျွန်းဆွယ်မှာ မကြာမီကာလအတွင်း ရုရှားနိုင်ငံက ဖြန့်ကြက်ချထားမှာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားတာကို ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

ရုရှားက သိမ်းယူထားတဲ့ ကရိုင်းမီးယားကျွန်းဆွယ်အနီးက ရေလက်ကြားမှာ ယူကရိန်းစစ်သင်္ဘော သုံးစင်းကို ရုရှားရေတပ်က နိုဝင်ဘာ ၂၅ ရက်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ယူကရိန်းနိုင်ငံကလည်း ရုရှားနဲ့ ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီးတဲ့နောက်မှာ ဒုံးပျံတွေဖြန့်ကြက်မှာလို့ ရုရှာဘက်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အဆိုပါ အက်စ်-၄၀၀ ဒုံးပျံတွေကိုတော့ လာမယ့်ဒီဇင်ဘာလမှ စတင်ဖြန့်ကြက်ထားရှိသွားမှာဖြစ်တယ်လို့ အာအိုင်အေ သတင်းဌာနကလည်းဖော်ပြပါတယ်။

ဒီလို ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့အကြား တင်းမာမှုတွေမြင့်တက်နေစဉ်မှာ ဥရောပနိုင်ငံတွေအနေနဲ့ ယူကရိန်းနိုင်ငံကို ပိုမိုထောက်ခံမှုတွေပေးဖို့အတွက် အမေရိကန်က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လာမယ့် သီတင်းပတ်မှာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မှာ ကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲပြင်ပမှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံပြုလုပ်ဖို့စီစဉ်ထားတဲ့ အမေရိကန်-ရုရှား ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းနိုင်ဖွယ်ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်ပါတယ်။

Ref:Reuter

Photo : Reuter

#voiceofmyanmar #ယူကရိန်း

Related posts

Leave a Comment

VOM News

FREE
VIEW