လိုင်စင်မဲ့ယာဉ် (၄)စီး ကို တစ်နေရာထဲ တစ်ချိန်တည်းမှာ ဖမ်းဆီးရမိ

ကသာ နိုဝင်ဘာ ၂၈-၂၀၁၈

နိုင်ကြီး (ကသာ) (VOM)

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် ကြာအင်းကျေးရွာ အနီးက ဗျူဟာကားလမ်းမမှာ ရွှေဘိုဘက် ကနေ မြစ်ကြီးနားဘက်ကို မောင်းနှင်လာတဲ့ လိုင်စင်မဲ့ကား (၄)စီး ကို အင်းတော်မြို့မရဲစခန်းမှူး ဦးဆောင်တဲ့ အဖွဲ့က နိုဝင်ဘာ လ (၂၇)ရက်နေ့ ညနေ (၄း၃၀) အချိန်မှာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ် ။

 

 

 

 

အင်းတော်မြို့မရဲစခန်း က စခန်းမှူး ဒုရဲမှူး သက်တင်ဦး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနှဲ့အတူ မူးယစ်ဆေးဝါးသတင်း ရရှိထားတာကြောင့် အင်းတော်မြို့နယ် ကြားအင်းကျေးရွာ ကြာအင်းတံတားထိပ် ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းမပေါ်မှာ ပိတ်ဆို့စစ်ဆေး ဆောင်နေချိန် ရွှေဘို ဘက် မှ မြစ်ကြီးနား ဘက် ကို မောင်းနင်လာသူ  ကောင်းချစ် (၂၈)နှစ် လားရှိုးမြို့ နေထိုင်သူ၏ TOYOTA CROWN (2004) အမျိုးအစား အနက်ရောင်ယာဉ် ၊ ဝင်းဇော် (၄၈)နှစ် မော်လူးမြို့ နေထိုင်သူ၏ VOXY (2002) အမျိုးအစား အဖြူရောင်ယာဉ် ၊ စောမင်းခန့် (၃၂)နှစ် ဖားအံမြို့ နေထိုင်သူ၏ TOYOTA HILUX (2018) အမျိုးအစား အနက်ရောင်ယာဉ် ၊ အောင်ဇော်မြင့် (၃၁)နှစ် မတ္တရာမြို့နယ် နေထိုင်သူ၏ FORTUNER (2016) အမျိုးအစား ခဲရောင်ယာဉ်  တို့  ယာဉ်(၄)စီး ကို တားဆီးစစ်ဆေးရာ ယာဉ်လိုင်စင် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိပဲ တရားမဝင် အကောက်ခွန်မဲ့ယာဉ် ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် ၄င်းတို့(၄)ဦး အား အင်းတော်မြို့မ ရဲစခန်းက ပို့ကုန်/သွင်းကုန်ပုဒ်မ-၈ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

#voiceofmyanmar #ကသာ#လိုင်စင်မဲ့ယာဉ်တွေဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW