”နောက်ထပ်ချစ်သူမထားရဲတော့ဘူးဆိုတဲ့ ပိုင်တံခွန်”

ရန်ကုန်  နိုဝင်ဘာ ၂၈- ၂၀၁၈

သင်းသဒ္ဒါ (VOM)

မော်ဒယ်လ်ပိုင်းမှာ အားပေးမှုရရှိလာရာကနေ သရုပ်ဆောင်ပိုင်းကိုပါ လုပ်ဆောင်လာခဲ့ ပိုင်တံခွန်ကတော့ ”အချစ်ရေးကို မဖြေချင်ဘူးဖြစ်နေတယ်။ ပြီးတော့ ကျွန်တော်နောက်ထပ် ချစ်သူမထားရဲတော့ပါဘူး။ ချစ်သူကောင်မလေးထားဖို့ကို ကျွန်တော် တော်တော်စဉ်းစားရမယ် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကဆိုးတဲ့သူတယောက်လည်း ဖြစ်တယ်”လို့ဆိုပါတယ်။

သူရဲ့ အချစ်ရေး ပတ်သက်ပြီးတော့ “ကျွန်တော်တို့ ယောက်ျားလေးတွေအများစုက တဖြည်းဖြည်းနဲ့ သင်ယူရတာပေါ့နော်။ အသည်းကွဲတာများရင်တော့ အချိန်တန်ရင် တဖြည်းဖြည်း ရင့်ကျက်သွားမှာပါ။အခုတလော ကျွန်တော်ရဲ့ ခံစားချက်တွေက ပုံမှန်မဟုတ်ပါဘူး။ မိဘတွေ သဘောမတူတဲ့အတွက် လမ်းခွဲရတာ အဲဒီခံစားချက်က တော်တော်ကို ဆိုးတယ်။နောက်တစ်ခါ ချစ်သူထားဖို့က တော်တော်စဉ်းစားရမယ်။ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော်က နည်းနည်းဆိုးတယ်။ အခုစိတ်က ဘယ်လိုကြီးဖြစ်နေလဲမသိဘူး”လို့ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အသည်းကွဲတဲ့ရောဂါကို ခံစားနေရပြီး လူကြားထဲသွားရင်တောင် တစ်ယောက်တည်းဖြစ်နေတဲ့ခံစားချက်နဲ့အတွက် အထီးကျန်ခြင်းတွေကို ခံစားနေရတယ်လို့သိရပါတယ်။အနုပ ညာနဲ့ပတ်သက်တော့ ကြော်ငြာတွေရိုက်ကူးနေသလို စာမေးပွဲတစ်ဖက်နဲ့မို့ ပွဲတက်တွေပဲ လုပ်ဖြစ်နေတယ်လို့သိရပါတယ်။

ပိုင်တံခွန်ရဲ့ လူနေမှုအဆက်ဆံ့ရေးနဲ့ အပေါ်ကတော့  ”ကျွန်တော်က စနှောက်နေရတာက ကျွန်တော်ရဲ့ နေထိုင်မူတစ်ခုလိုဖြစ်နေတာကို ပရိသတ်တွေကလည်း သိကြပါတယ်။အရင်ကတည်းကအားပေးကြတဲ့ ပရိသတ်တွေက ကျွန်တော်ရဲ့နေထိုင်မူကို သိကြပါတယ်။အသည်းကွဲတဲ့ရောဂါက တော်တော်ခံစားရတယ်။ယောကျာင်္းလေးဘဲဖြစ်ဖြစ် မိန်းကလေးဘဲဖြစ်ဖြစ် အသည်းကွဲတဲ့ရောဂါကို ခံစားဖူးမှာပါ”လို့ဆိုပါတယ်။

ဓာတ်ပုံ- ပိုင်တံခွန် facebook

#voiceofmyanmar #ပိုင်တံခွန်

Related posts

Leave a Comment

VOM News

FREE
VIEW