ရန်ကုန် နိုဝင်ဘာ ၂၂-၂၀၁၈ သင်းသဒ္ဒါ ကာရိုက်တာပိုင်းမှာတော့ ချစ်ချစ်၊နုနု ၊ ကြမ်းကြမ်း စတဲ့ အမူအယာတွေကို ပီပြင်အောင်လုပ်ဆောင်နိုင် တဲ့ အကယ်ဒမီ ပြေတီဦးကတော့ နိုဝင်ဘာ ၃၀ ရက်မှာ ကျရောက်မယ့် မွေးနေ့နဲ့ ပတ်သက်ပြီးတော့ ” ဒီနှစ် ထိပ်စီးပြောင်းပြီးဆိုတော့ အသက် ၄၀ ဆိုတာ အမှတ်တရဖြစ်လို့ ကျွန်တော်ဘုန်ကြီး ၀တ်မလားလို့ စဉ်း စားနေ ပါတယ်။ ၃ ရက် လောက်တော့ ၀တ်မှာပါ။ ကျွန်တော် အရင်တုန်းကတော့ ဘုန်းကြီးတွေ ခဏခဏ ၀တ် ဖြစ် တယ်။ မင်းသား မဖြစ်ခင်ကပေါ့။ ဒီနှစ်မွေးနေ့ကတော့ အမှတ်တရပေါ့။ မဖြစ်ဖြစ်အောင် ဘုန်းကြီးဝတ်မယ်” လို့ ဆိုပါတယ်။ လက်ရှိ နိုဝင်ဘာ ၂၃ ရက်မှာ ရုံတင်ပြသမယ့် မိသားစုမေတ္တာ အချစ်ဟာသပုံစံဖြစ်တဲ့ “မင်္ဂလာ ရက်မြတ်”…
Read MoreMonth: November 2018
သီရိလင်္ကာမှာ လူ ၂၃၀ ကျော် အစုလိုက်အပြုံလိုက်သတ်ဖြတ်မြုပ်နှံထားတဲ့ သင်္ချိုင်းတွေ့ရှိ
ကိုလံဘို၊ နိုဝင်ဘာ-၂၂-၂၀၁၈ မျိုးဆက် (VOM) သီရိလင်္ကာနိုင်ငံ အနောက်မြောက်ပိုင်း မန်နာမြို့မှာ ယခုနှစ်အစောပိုင်းက တွေ့ရှိခဲ့တဲ့ အလောင်းတွေကို အစုလိုက်အပြုံလိုက်မြုပ်နှံထားသော သင်္ချိုင်းဟာ သတ်ဖြတ်ခံရသူတွေကို မြုပ်နှံထားတဲ့ နိုင်ငံရဲ့အကြီးဆုံး သင်္ချိုင်းဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်သူများက ပြောဆိုပါတယ်။ သီရိလင်္ကာမှာ ယခင်ကစစ်ပွဲဖြစ်ပွားခဲ့တဲ့ ဒေသရှိ ကျင်းတစ်ကျင်းထဲမှာ သြဂုတ်လက အရိုးစု ၉၀ ကျော်တွေ့ရှိခဲ့ပြီး လက်ရှိမှာတော့ အရိုးစု ၂၃၀ ကျော်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်အဆုံးသတ်သွားတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ကာလရှည်ပြည်တွင်းစစ်ပွဲကာလအတွင်းက လူပေါင်း နှစ်သောင်းကျော်ဟာ ပျောက်ဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုပါတယ်။ စစ်သားတွေနဲ့ ခွဲထွက်ရေးသမား တမီးသူပုန်တွေအကြား ၂၆ နှစ်ကြာစစ်ပွဲအတွင်း လူတစ်သိန်းထက်မနည်း သေဆုံးခဲ့ပါတယ်။ တွေ့ရှိခဲ့သည့် အလောင်းများမှာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိသေးပါဘူး။ ယခုနှစ်အစောပိုင်းက အဆောက်အဦသစ်ဆောက်လုပ်ဖို့ ဖောင်ဒေးရှင်းများတူးဖော်တဲ့ အလုပ်သမားတွေက လူသေရုပ်ကြွင်းတွေကိုတွေ့ရှိခဲ့ပြီးနောက် အဓိကဘတ်စ်ကားဂိတ်အနီးရှိ သိုလှောင်ရုံဟောင်းတစ်ခုကို အသေးစိတ်ပြန်လည်တူးဖော်ဖို့ တရားရုံးတစ်ရုံးက အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။…
Read Moreမတူတာလက်ခံမှုနည်းပြီး တန်းတူညီမျှမှု အားနည်းလို့ ပဋိပက္ခဖြစ်ရတာလို့ ကေအန်ယူဥက္ကဋ္ဌပြော
နေပြည်တော် နိုဝင်ဘာ ၂၁-၂၀၁၈ မြတ်မင်းခန့် (VOM) မြန်မာနိုင်ငံအတွင်း ဒီကနေ့အချိန်အထိလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေရတာဟာ မတူကွဲပြားမှုတွေကို လက်ခံအသိအမှတ်ပြုမှု လေးစားမှုမရှိတာ အတူကွဲမပြားမှုတွေအကြားမှာ လွတ်လပ်မှုတန်းတူညီမျှမှုအစရှိတဲ့ အခြေခံအကြောင်းတရားတွေကို ကျင့်သုံးမှုအားနည်းခဲ့တာကြောင့်ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က နေပြည်တော်မှာလုပ်တဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေး အဖွဲ့ရဲ့ အကြံပေးဆွေးနွေးဝိုင်းမှာ ပြောဆိုလိုက်ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တိုယ်တိုင်တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘာသာပေါင်းစုံက ဘာသာရေးဆရာများ မြန်မာဘုန်းတော်ကြီးများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချု့ပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့တက်ရောက်ခဲ့ပါတယ်။ #voiceofmyanmar #ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ရဲ့အကြံပေးဆွေးနွေးဝိုင်း
Read Moreရော့ခ် ကို ပုံစံဆန်းသစ်ထားပြီးတော့ လူတိုင်းနာထောင်နိုင်မယ့် မြူးဇစ်တွေ လုပ်နေတဲ့ နောနော်
ရန်ကုန် နိုဝင်ဘာ ၂၁-၂၀၁၈ သင်းသဒ္ဒါ ပရိသတ်နဲ့ ရင်ဘတ်ချင်းထိခဲ့တဲ့ သီချင်းတွေ ဖန်တီးရေးသားသီဆိုခဲ့တဲ့ အဆိုတော် နောနော်ကတော့ “ကျွန် တော်ကလည်း ရော့ခ်ဂီတကို အခြေခံထားပေမယ့် ရော့ခ်ထဲမှာတင် Tran ပြောင်းတာတွေရှိတယ်။ ရော့ခ် ကို ပုံစံဆန်းသစ်ထားပြီးတော့ လူတိုင်းနာထောင်နိုင်မယ့် မြူးဇစ်တွေ စလုပ်နေပါတယ်”လို့ ဆိုပါတယ်။ မကြာခင်မှာတော့ နောနော်ရဲ့ ” အနီရောင်အတ္ထုပတ္ထိ” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အမ်တီဗီ ရိုက် ကူးပြီးတော့ လူမှုကွန်ရက် စာမျက်နှာ တင်သွားမယ်လို့လည်း သိရပါတယ်။ဒါအပြင် တစ်ကိုယ်တော် အခွေ ထွက်ရှိထားတဲ့ “အရှေ့အနောက်တောင်မြောက်” အမ်တီဗီ ဆက်လက်ထွက်ရှိဖို့လည်း ရှိကြောင်း သိရပါ တယ်။ ပရိသတ်နဲ့ အဆင်အသွယ်ပျက်သွားတဲ့အပေါ်မှာတော့ “ဂီတပိုင်းမှာလည်း အရင်ကထက် အဆက်အ သွယ် နည်းနည်းပျက်သလို ဖြစ်သွားလို့ အရင်ကထက် ၁၀ ဆပိုကြိုးစားနေပါတယ်”လို့ ဆိုပါတယ်။ နောနော်က နိုဝင်ဘာ…
Read Moreရုရှားမှ ဖရီးဂိတ်စစ်သင်္ဘောလေးစင်း ဝယ်ယူဖို့ ရုရှားနဲ့ အိန္ဒိယ သဘောတူ
မော်စကို၊ နိုဝင်ဘာ-၂၁- ၂၀၁၈ မျိုးဆက် (VOM) အိန္ဒိယရေတပ်အတွက် ရုရှားနိုင်ငံရဲ့ ပဲ့ထိန်းဒုံပျံတပ်ဆင်ထားတဲ့ ဖရီးဂိတ် စစ်သင်္ဘောရောင်းချဖို့အတွက် ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့ သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီသဘောတူညီချက်မှာ သီးခြားစာချုပ်နှစ်ခုပါဝင်ပြီး နိုဝင်ဘာ ၂၀ ရက်က စာချုပ်တစ်ခုလက်မှတ်ထိုးခဲ့ကာ လွန်ခဲ့သည့်လက အခြားစာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများကို ကိုးကား၍ ရုရှားသတင်းဌာနများက ဖော်ပြသည်။ သင်္ဘောလေးစင်းအနက်နှစ်စင်းကို ရုရှားနိုင်ငံ ကာလင်းအင်ဂရတ်ဒေသမှာ တည်ဆောက်မည်မှာဖြစ်ပြီး ကျန်နှစ်စင်းကိုတော့ အိန္ဒိယနိုင်ငံ ဂိုအာရှိ သင်္ဘောကျင်းတစ်ခုမှာ တည်ဆောက်သွားမည်ဖြစ်ပါတယ်။ ရေငုပ်သင်္ဘောတွေအပါအ၀င် ရန်သူ့သင်္ဘောအမျိုးအစားအားလုံးကို တိုက်ခိုက်ဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ ဖရီးဂိတ်စစ်သင်္ဘောလေးစင်းကို နှစ်နိုင်ငံ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံက ရရှိမှာဖြစ်ပါတယ်။ ဆီးရီးယားရှိ စစ်သွေးကြွပစ်မှတ်တွေကို တိုက်ခိုက်ရာတွင်အသုံးပြုခဲတဲ့ ရုရှားရဲ့သရီးအမ် ကာလီဘာခရုဇ် ဒုံးပျံတွေကို ဒီသင်္ဘောတွေမှာ တပ်ဆင်ထားမှာဖြစ်ပြီး တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေလည်း တင်ဆောင်နိုင်ဖွယ်ရှိပါတယ်။ အိန္ဒိယနိုင်ငံ ဂိုအာမှာတည်ဆောက်မယ့် သင်္ဘောနှစ်စင်းအတွက် စာချုပ်မှာ…
Read Moreအချစ်က ဘဝမဟုတ်ပါဘူးဆိုတဲ့ ရွှေပိုးအိမ်
ရန်ကုန် နိုဝင်ဘာ ၂၁ – ၂၀၁၈ သင်းသဒ္ဒါ ချစ်စရာဆွဲဆောင်မှုရှိတဲ့ ရုပ်လေးပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ရွှေပိုးအိမ်ရဲ့ အချစ်ရေးကတော့ “ရွှေပိုး အတွက် အချစ်က ဘဝတခု မဟုတ်ဘူး။ ဘဝရဲ့ အစိတ်အပိုင်းထဲမှာတော့ အချစ်ကပါပါတယ်။ ရွှေပိုးရဲ့ ချစ်သူ ပုံစံက ဘယ်လိုမျိုးဖြစ်ရမလဲလို့ စိတ်ကူးယဉ်ထားတာတော့ မရှိပါဘူး ။ ရွှေပိုးရဲ့ ချစ်သူက ရွှေပိုး ကို တကယ် ချစ်တဲ့သူဖြစ်ဖို့ပဲ အရေးကြီးတာပါ”လို့ ဆိုပါတယ်။ သူမကတော့ ပြီးခဲ့တဲ့ လပိုင်းကတော့ မင်းသား နေထူးနိုင်နဲ့အတူ ဗီဒီယို ဇာတ်ကား နှစ်ကားရိုက် ထားပြီးတော့ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထားတဲ့ “အောက်ဖဲကို မလှန်ကြေး” ဆိုတဲ့ ရုပ်ရှင် ကားကြီးမှာလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်ထားတယ်လို့ သိရပါတယ်။ လက်ရှိ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ အခါကျရင် ပရိ…
Read Moreအာဖဂန်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၅ ဦးထက်မနည်းသေဆုံး
ကဘူး၊ နိုဝင်ဘာ-၂၁-၂၀၁၈ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးမှာ အစ္စလာမ်ဘာသာရေးဆရာတွေ စုဝေးရာနေရာမှာ နိုဝင်ဘာ ၂၀ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အာဏာပိုင်များအနေနဲ့ ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်က လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ကို စုံးစမ်းဖော်ထုတ်နေပြီး တာလီဘန်အဖွဲ့ကတော့ ၎င်းတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားသလို တိုက်ခိုက်မှုအတွက် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၈၀ ကျော်လည်း ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဒါနစ်ရှ်က ပြောပါတယ်။ အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ် လူနာတင်ယာဉ်အစီး ၃၀ သွားရောက်ခဲ့ပြီး လူ ၄၀ လောက်ကတော့ ပြင်းပြင်းထန်ထန်ဒါဏ်ရာရရှိထားပြီး စိုးရိမ်ဖွယ် အခြေအနေရှိနေပါတယ်။ တမန်တော်မိုဟာမက်မွေးနေ့ နှစ်ပတ်လည် အထိန်းအမှတ်အဖြစ် အာဖဂန်အူလမာကောင်စီရဲ့ ဖိတ်ကြားချက်ကြောင့် နိုင်ငံရဲ့ ဒေသအတော်များများက အစ္စလာမ်ဘာသာရေးဆရာတွေ စုဝေးနေကြတဲ့ အခန်းကျယ်ထဲကို အသေခံဗုံးခွဲသမားက ဝင်ရောက်ဖောက်ခွဲခဲ့တာလို့…
Read Moreနိုင်ငံလုံးဆိုင်ရာ ဆယ်ကျော်သက် မိန်းကလေးငယ်များ တွေ့ဆုံဆွေးနွေးပွဲ မန္တလေးမြို့တွင်ပြုလုပ်
မန္တလေး နိုဝင်ဘာ ၂၀-၂၀၁၈ ဟိန်းကို (မန္တလေး) နိုင်ငံတဝှမ်းက တိုင်းဒေသကြီး နဲ့ ပြည်နယ်(၆)ခုက ရပ်ရွာဒေသများမှ ဆယ်ကျော်သက်မိန်းကလေးငယ် ကိုယ်စားလှယ်(၁၄၀)ခန့်က ” မင်းပျံသန်းနိုင်တယ် ” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ယနေ့ နိုဝင်ဘာ(၂၀)ရက် ညနေပိုင်းက မန္တလေးမြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ရောင်စုံမိန်းကလေးများ အဖွဲ့ကနေ ဦးဆောင်ပြုလုပ်ခဲ့ပြီး ဆယ်ကျော်သက်မိန်းကလေးတွေ လက်ရှိကြုံတွေနေရတဲ့ ကြီးမားတဲ့အတားအဆီးတွေကြောင့် မိန်းကလေးဘ၀မှာ ဖြစ်ပေါ်နေသော အကျိုးသက်ရောက်မှုတွေကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်။ #voiceofmyanmar #မိန်းကလေးငယ်များတွေ့ဆုံပွဲ #မန္တလေး
Read Moreပြဲကွဲနေတဲ့ သီချင်းတွေကို ဆိုပေမယ့် မယ်ရီ အရက်၊ဆေးလိပ် မသောက်ပါ
ရန်ကုန် နိုဝင်ဘာ ၂၀ -၂၀၁၈ သင်းသဒ္ဒါ ဂျပန်မှာနေထိုင်ပြီး အွန်လိုင်းပေါ်က “ဝဲ” တေးသီချင်းနဲ့ ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တေးသံရှင် မယ်ရီ ကတော့ ” မယ်ရီက ပြဲကွဲနေတဲ့ သီချင်းတွေကို ဆိုတယ်။ တကယ်တော့ မယ်ရီက အရက်လည်းမသောက်ဘူး ၊ ဆေးလိပ်လည်း မသောက်ဘူး။ဘာမှ ဘာမှမသောက်ပါဘူး။ ဘာမှကို တကယ်မလုပ်တာပါ။ သူငယ်ချင်းတွေက နင်မသောက်ပဲတောင် ကွဲပြဲနေတာ လုပ်ရင်တော့မလွယ်ဘူးပြောကြတယ်။ တကယ်တော့ သူများတွေ ထင်သလို မဟုတ်ပါဘူး”လို့ ဆိုပါတယ်။ သူမကတော့ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ Mid Night Thoughts တစ်ကိုယ်တော်အခွေထွက်ဖို့ရှိပါတယ်။ တစ်ကိုယ်တော်ခွေမှာတော့ သီချင်းသစ်တွေရော အဟောင်းတွေပါရော ပြီးတော့ သီချင်း ၁၃ ပုဒ်ပါမယ်လို့ သိရပါတယ်။ ”မယ်ရီ သီချင်းလည်း မလုပ်တာ ကြာပြီဆိုတော့ ပရိသတ်ဆီက Feedback အတွက်…
Read Moreအိုင်အင်န်အက်ဖ် မှ အမေရိကန်နှုတ်ထွက်ရင် လက်တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတ ပူတင်သတိပေး
မော်စကို၊ နိုဝင်ဘာ-၂၀၊ ၂၀၁၈ မျိုးဆက် (VOM) ၁၉၈၇ ခုနှစ် တာလတ်ပစ် နျူလီးယားဒုံးပျံထိန်းချုပ်ရေး စာချုပ် (အိုင်အင်န်အက်ဖ်) ကနေ အမေရိကန်နှုတ် ထွက်ပါက ရုရှားအနေနဲ့ အမေရိကန်ကို လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုဝင်ဘာ ၁၉ ရက်တွင် သတိပေးပြောဆိုလိုက်ပါတယ်။ သမ္မတ ပူတင်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတွေဟာ ရုရှားရဲ့ဖြစ်နိုင်ချေရှိတဲ့ လက်တုံ့ပြန်မှုတွေအတွက် ဆွေးနွေးခဲ့ကြသလို အိုင်အင်န်အက်ဖ် စာချုပ်နှင့်ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးသွားဖို့ကိုလည်း အသင့်ရှိနေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်က ရုရှားက တိုက်ခိုက်သိမ်းပိုက်လိုက်တာနဲ့ ယူကရိန်းအရှေ့ပိုင်းပြသနာအပေါ် ရုရှားနဲ့ အနောက်နိုင်ငံတွေအကြား နောက်ထပ်တင်းမားမှုများဖြစ်ပေါ်နေပြီး ဥရောပမှာ နျူကလီးယား ဒုံးပျံများဖယ်ရှားရေးအတွက် စစ်အေးခေတ်က အိုင်အင်န်အက်ဖ် စာချုပ်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်နေပါတယ်။ ၃၁ နှစ် သက်တမ်းရှိပြီဖြစ်တဲ့…
Read More