ပြဲကွဲနေတဲ့ သီချင်းတွေကို ဆိုပေမယ့် မယ်ရီ  အရက်၊ဆေးလိပ် မသောက်ပါ

ရန်ကုန် နိုဝင်ဘာ ၂၀ -၂၀၁၈

သင်းသဒ္ဒါ

ဂျပန်မှာနေထိုင်ပြီး အွန်လိုင်းပေါ်က “ဝဲ” တေးသီချင်းနဲ့ ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တေးသံရှင် မယ်ရီ ကတော့ ” မယ်ရီက ပြဲကွဲနေတဲ့ သီချင်းတွေကို ဆိုတယ်။ တကယ်တော့ မယ်ရီက အရက်လည်းမသောက်ဘူး ၊ ဆေးလိပ်လည်း မသောက်ဘူး။ဘာမှ ဘာမှမသောက်ပါဘူး။ ဘာမှကို တကယ်မလုပ်တာပါ။ သူငယ်ချင်းတွေက နင်မသောက်ပဲတောင် ကွဲပြဲနေတာ လုပ်ရင်တော့မလွယ်ဘူးပြောကြတယ်။ တကယ်တော့ သူများတွေ ထင်သလို မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

သူမကတော့ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ Mid Night Thoughts တစ်ကိုယ်တော်အခွေထွက်ဖို့ရှိပါတယ်။ တစ်ကိုယ်တော်ခွေမှာတော့ သီချင်းသစ်တွေရော အဟောင်းတွေပါရော ပြီးတော့ သီချင်း ၁၃ ပုဒ်ပါမယ်လို့ သိရပါတယ်။

”မယ်ရီ သီချင်းလည်း မလုပ်တာ ကြာပြီဆိုတော့ ပရိသတ်ဆီက Feedback အတွက် ရင်ခုန်နေပါတယ်။ တချို့ တေးရေးဆရာနဲ့ သူများတွေအဆင်ပြေနေချိန်မှာ ကိုယ်ဆိုကြည့်လိုက်တော့ မအပ်စပ်တာတွေရှိတယ်။ မယ်ရီ အသံနဲ့ လိုက်တဲ့သီချင်းတွေလည်း ရွေးရပါတယ်။ အရင်ဆိုနေကျ  ဝဲ ဆိုတဲ့ သီချင်းက ခမ်းခမ်းနားနားဘက်ကို သွားထားတယ်။ ကြားလိုက်တာနဲ့ မြိုင်မြိုင် ဆိုင်ဆိုင် ဖြစ်သွားတယ်။ ကိုယ့်ရဲ့ အသံကြောင့် သီချင်းရွေးချယ်မှုအပိုင်းမှာလည်း အခက်တွေ့ရပါတယ်” လို့ဆိုပါတယ်။

#voiceofmyanmar #မယ်ရီ

ဓာတ်ပုံ မယ်ရီ- facebook

Related posts

✕
VOM News

FREE
VIEW