နိုင်ငံလုံးဆိုင်ရာ ဆယ်ကျော်သက် မိန်းကလေးငယ်များ တွေ့ဆုံဆွေးနွေးပွဲ မန္တလေးမြို့တွင်ပြုလုပ်

  မန္တလေး နိုဝင်ဘာ ၂၀-၂၀၁၈ ဟိန်းကို (မန္တလေး) နိုင်ငံတဝှမ်းက တိုင်းဒေသကြီး နဲ့ ပြည်နယ်(၆)ခုက ရပ်ရွာဒေသများမှ ဆယ်ကျော်သက်မိန်းကလေးငယ် ကိုယ်စားလှယ်(၁၄၀)ခန့်က ” မင်းပျံသန်းနိုင်တယ် ” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို ယနေ့ နိုဝင်ဘာ(၂၀)ရက် ညနေပိုင်းက မန္တလေးမြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ရောင်စုံမိန်းကလေးများ အဖွဲ့ကနေ ဦးဆောင်ပြုလုပ်ခဲ့ပြီး ဆယ်ကျော်သက်မိန်းကလေးတွေ လက်ရှိကြုံတွေနေရတဲ့ ကြီးမားတဲ့အတားအဆီးတွေကြောင့် မိန်းကလေးဘ၀မှာ ဖြစ်ပေါ်နေသော အကျိုးသက်ရောက်မှုတွေကို အဓိကထားပြီး ဆွေးနွေးခဲ့ကြပါတယ်။ #voiceofmyanmar #မိန်းကလေးငယ်များတွေ့ဆုံပွဲ #မန္တလေး

Read More

 ပြဲကွဲနေတဲ့ သီချင်းတွေကို ဆိုပေမယ့် မယ်ရီ  အရက်၊ဆေးလိပ် မသောက်ပါ

ရန်ကုန် နိုဝင်ဘာ ၂၀ -၂၀၁၈ သင်းသဒ္ဒါ ဂျပန်မှာနေထိုင်ပြီး အွန်လိုင်းပေါ်က “ဝဲ” တေးသီချင်းနဲ့ ပရိသတ်အားပေးမှုကို ရရှိထားတဲ့ တေးသံရှင် မယ်ရီ ကတော့ ” မယ်ရီက ပြဲကွဲနေတဲ့ သီချင်းတွေကို ဆိုတယ်။ တကယ်တော့ မယ်ရီက အရက်လည်းမသောက်ဘူး ၊ ဆေးလိပ်လည်း မသောက်ဘူး။ဘာမှ ဘာမှမသောက်ပါဘူး။ ဘာမှကို တကယ်မလုပ်တာပါ။ သူငယ်ချင်းတွေက နင်မသောက်ပဲတောင် ကွဲပြဲနေတာ လုပ်ရင်တော့မလွယ်ဘူးပြောကြတယ်။ တကယ်တော့ သူများတွေ ထင်သလို မဟုတ်ပါဘူး”လို့ ဆိုပါတယ်။ သူမကတော့ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ Mid Night Thoughts တစ်ကိုယ်တော်အခွေထွက်ဖို့ရှိပါတယ်။ တစ်ကိုယ်တော်ခွေမှာတော့ သီချင်းသစ်တွေရော အဟောင်းတွေပါရော ပြီးတော့ သီချင်း ၁၃ ပုဒ်ပါမယ်လို့ သိရပါတယ်။ ”မယ်ရီ သီချင်းလည်း မလုပ်တာ ကြာပြီဆိုတော့ ပရိသတ်ဆီက Feedback အတွက်…

Read More

အိုင်အင်န်အက်ဖ် မှ အမေရိကန်နှုတ်ထွက်ရင် လက်တုံ့ပြန်သွားမယ်လို့  ရုရှားသမ္မတ ပူတင်သတိပေး

မော်စကို၊ နိုဝင်ဘာ-၂၀၊ ၂၀၁၈ မျိုးဆက် (VOM)   ၁၉၈၇ ခုနှစ် တာလတ်ပစ် နျူလီးယားဒုံးပျံထိန်းချုပ်ရေး စာချုပ် (အိုင်အင်န်အက်ဖ်) ကနေ အမေရိကန်နှုတ် ထွက်ပါက ရုရှားအနေနဲ့ အမေရိကန်ကို လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့  ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုဝင်ဘာ ၁၉ ရက်တွင် သတိပေးပြောဆိုလိုက်ပါတယ်။   သမ္မတ ပူတင်နဲ့  ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတွေဟာ ရုရှားရဲ့ဖြစ်နိုင်ချေရှိတဲ့ လက်တုံ့ပြန်မှုတွေအတွက် ဆွေးနွေးခဲ့ကြသလို  အိုင်အင်န်အက်ဖ် စာချုပ်နှင့်ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးသွားဖို့ကိုလည်း အသင့်ရှိနေတယ်လို့ ဆိုပါတယ်။   အထူးသဖြင့် ကရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်က ရုရှားက တိုက်ခိုက်သိမ်းပိုက်လိုက်တာနဲ့ ယူကရိန်းအရှေ့ပိုင်းပြသနာအပေါ် ရုရှားနဲ့ အနောက်နိုင်ငံတွေအကြား နောက်ထပ်တင်းမားမှုများဖြစ်ပေါ်နေပြီး ဥရောပမှာ နျူကလီးယား ဒုံးပျံများဖယ်ရှားရေးအတွက်  စစ်အေးခေတ်က အိုင်အင်န်အက်ဖ် စာချုပ်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်နေပါတယ်။   ၃၁ နှစ် သက်တမ်းရှိပြီဖြစ်တဲ့…

Read More

တောင်ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦးသေဆုံးမှု ပြန်လည်စစ်ဆေးပေးဖို့ ဆန္ဒထုတ်ဖော်

  ဆိုးလ်၊ နိုဝင်ဘာ-၂၀၊ ၂၀၁၈ မျိုးဆက် (VOM)   တောင်ကိုရီးယားနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး သေဆုံးသွားတာကို အသေးစိတ်ပြန်လည်စစ်ဆေးဖို့ တောင်ကိုရီးယား ဗုဒ္ဓဘာသာ ရဟန်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပြီး အထောက်ထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ရှာဖွေဖို့ ၀င်ရောက်စီးနင်းတာတွေကိုရပ်တန့်ဖို့ တောင်ကိုရီးယားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။   တောင်ကိုရီးယားရဲ့ အကြီးဆုံးဗုဒ္ဓဘာသာဂိုဏ်းက ရဟန်းတော်တွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်ဖို့် နိုဝင်ဘာ ၁၉ ရက်မှာ ဆိုးလ်မြို့မှာရှိတဲ့ သမ္မတအိမ်တော်အထိ တစ်မိုင်ကျော် ချီတက်ဆန္ဒခဲ့ကြပါတယ်။ သူတို့ဟာ သြဂုတ်လအတွင်းက အသက် ၂၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသေဆုံးမှုကို တောင်ကိုရီးယားအစိုးရက ပြန်လည်စစ်ဆေးသင့်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။   တောင်ကိုရီးယား လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက တရားမ၀င် အလုပ်သမားတွေကို ဖမ်းဆီးဖို့အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ၀င်ရောက် စီးနင်းစဉ်မှာ အဆိုပါမြန်မာအလုပ်သမားဟာ ဆောက်လုပ်ဆဲ အဆောက်အဦပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။…

Read More

စစ်ကိုင်းမှာ စားသုံးရန် မသင့်တဲ့ အစားအသောက်တွေကိုမီးရှို့ ဖျက်ဆီး

စစ်ကိုင်း နိုဝင်ဘာ ၂၀၊ ၂၀၁၈ မောင်တာရာ (VOM)     စစ်ကိုင်းခရိုင်အတွင်း မှာ ရောင်းချနေတဲ့ ဈေးတွေကနေ  သိမ်းဆည်းရမိတဲ့ စားသုံးရန် မသင့်တဲ့  အစားအသောက်တွေကို ဒီနေ့ နံနက်ပိုင်းက စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနဝန်းအတွင်းမှာ မီးရှို့ ဖျက်ဆီးခြင်း အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။     စစ်ကိုင်းခရိုင် အဆင့် ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းတွေနဲ့ ဖွဲ့စည်းထားတဲ့  ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးကော်မတီက စစ်ကိုင်းခရိုင်အတွင်းက စစ်ကိုင်းမြို့မဈေး၊မြင်းမူမြို့မဈေး၊ရွှေမင်းဝံဈေး၊သောတာပန်ဈေး၊ညောင်းပင်ဝန်းဈေး၊ရွာထောင်ဘူတာဈေး နဲ့ အခြေခံပညာအထက်တန်းကျောင်းတွေက မုန့်ဈေးဆိုင်တန်းများကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။   အဲလို လိုက်လံစစ်ဆေးရာမှာ စားသုံးရန် မသင့်တဲ့ အစားအသောက် (၂၄)မျိုးကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းခဲ့ပြီး ဒီနေ့မှာ အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း  စစ်ကိုင်းခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်စိုးက ပြောပါတယ်။

Read More

ကောင်းမှုတော်စေတီ အဖြူရောင်ဆေးသင်္ကန်ကပ်ဖို့ ဆေးကုမ္ပဏီတွေကို အဆိုပြုလွှာစခေါ်

စစ်ကိုင်း နိုဝင်ဘာ ၂၀-၂၀၁၈ မောင်တာရာ(VOM) စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော် အဖြူရောင်သင်္ကန်းကပ်လှူရန် အတွက် အောက်ခြေမှာ စမ်းသပ်သုတ်ထားတဲ့  အဖြူရောင်ဆေးတွေကို  ဒီနေ့နံနက်ပိုင်းမှာ သီတဂူဆရာတော်ဘုရားကြီး ကြွရောက်ကြည့်ရှု့ခဲ့ပါတယ်။ လက်ရှိမှာ အဖြူရောင်ဆေးပြန်လည် ကပ်လှူပူဇော်ရန်  ကုမ္ပဏီတွေက အဆိုပြုလွှာတွေ တင်ထားကြပြီး အဖြူရောင်ဆေးကပ်လှူပူဇော်မှုကိုတော့ တန်းဆောင်မုန်းလအပြီးမှာ စတင်လုပ်ဆောင်သွားမယ်လို့ ဘုရားဂေါပက အဖွဲ့ကသိရပါတယ်။ #voiceofmyanmar #ကောင်းမှုတော်

Read More

လူငယ် ဇာတ်လမ်းလေးတွေ ပရိသတ်ကို ချပြမယ်ဆိုတဲ့ ယွန်းယွန်း

ရန်ကုန် နိုဝင်ဘာ ၂၀ -၂၀၁၈ သင်းသဒ္ဒါ (VOM) ကလေးအရွယ်ထဲက ဇာတ်ဆောင်စရိုက်ပီပြင်မှုတွေ ကြောင့် အကယ်ဒမီကိုပါ ရရှိထားတဲ့ ပရိသတ်အချစ်တော် အကယ်ဒမီ ယွန်းယွန်းကတော့”ညီမ အရွယ်နဲ့လိုက်ဖက်ပြီးတော့ ခေတ်နဲ့အညီ လူငယ် ဇာတ်လမ်းလေးတွေ စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံ မျိုးတွေ ပရိသတ်ကို ချပြမယ်”လို့ဆိုပါတယ်။ သူမကတော့ ရန်ကုန်တက္ကသိုလ် Psychology  ဒုတိယနှစ်အောင်မြင်ထားတာလည်း ဖြစ်ပါတယ်။ ယွန်းယွန်းက လတ်ရှိမှာ ထိုင်းနိုင်ငံ နှင့်အတူ တွဲဖက်ပြီးတော့ ကြော်ငြာတွေလည်း ရိုက်ကူးရန်ရှိပြီးတော့ လာမယ့်နှစ်ဆန်းပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ဆံပင်အရှည်ကြီးလည်း ထိန်သိမ်းတာနဲ့ ပတ်သက်ပြီးတော့ ”မေမေက ဆံပင်အရှည်ကြီးပျက်စီး ဆိုးလို့ အရောင်ဆိုးတာလောက်ပဲ လုပ်ခွင့်ပေး တယ်။ဒါတောင် ပထမအထပ်လောက်ပဲ နည်းနည်း ဆိုတာပါ။ခေါင်တစ်ခေါင်လုံး ဆိုးလို့မရသေးပါဘူး။ရှည်နေတဲ့ ဆံပင်လေးကိုမပျက်စီးအောင်တော့ ထိန်းသိမ်းပါတယ်။နောက်ပိုင်း ဆံပင်ပုံစံတွေ ပြောင်း ပြီမှပဲ လုပ်ချင်တာရှိရင်လုပ်ဖြစ်မှာပါ။ လောလော ဆယ်တော့…

Read More

မလေးရှားသွားမယ့် မြန်မာ ၂၁၀ ထိုင်းမှာ ဖမ်းခံရ

ရနောင်း၊ နိုဝင်ဘာ-၂၀-၂၀၁၈ မျိုးဆက် (VOM) ထိုင်း-မြန်မာနယ်စပ်အနီးမှာရှိတဲ့ ရနောင်းမှာ မလေးရှားနိုင်ငံကို တရားမ၀င်သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ ၂၁၀ ကို သီးခြားဖမ်းဆီးစစ်ဆေးမှုတွေသုံးခုလုပ်ရာမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာအများစုဟာ မလေးရှားနိုင်ငံကို သွားဖို့ ရည်ရွယ်ထားတယ်လို့ ၀န်ခံခဲ့ကြောင်း ရနောင်း လူဝင်မှုကြီးကြပ်ရေး အကြီးအကဲ ဗီယာရွတ်ကာယူနာယာဒ်ဟွန်းက ပြောပါတယ်။ ဖမ်းမိသူအများစုက မလေးရှားမှာ အလုပ်ရှာဖို့အတွက် ထိုင်းနိုင်ငံကို ကြားခံအဖြစ်အသုံးပြုပြီး သွားရောက်ကြမှာဖြစ်ကာ အခြားသူတွေကတော့ ထိုင်းနိုင်ငံ ဖူးခက်နဲ့ ဆမုဆာခွန်တို့မှာ အလုပ်ရှာဖို့ စီစဉ်ထားတယ်လို့ နိုဝင်ဘာ ၁၉ ရက်မှာ ၎င်းက ပြောပါတယ်။ အဆိုပါ မြန်မာလုပ်သားတွေကို နိုဝင်ဘာ ၁၀ ရက်၊ ၁၃ ရက်နဲ့ ၁၆ ရက်တွေမှာ ရနောင်းမြို့ရဲ့ မတူတဲ့နေရာသုံးခုကနေဖမ်းဆီးခဲ့တာဖြစ်ပြီး အချို့ကတော့ ဆီအုန်းစိုက်ခင်းမှာ အလုပ်လုပ်ဖို့ အမည်မသိလူတစ်ယောက် လာခေါ်မှာကိုစောင့်ရင်း…

Read More

စစ်ကိုင်းတိုင်းအတွင်းက ကျန်းမာရေးဝန်ထမ်းတွေကို တက်ဘလက်များပေးအပ်

မုံရွာ နိုဝင်ဘာ ၂၀- ၂၀၁၈ ဗျဂ္ဃ (Voice of Myanmar) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ ကျန်းမာရေးအသိပညာတွေ တိုးပွားစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုကောင်းမွန်လာစေရေးတို့ကို ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းအတွင်းက ကျန်းမာရေးဝန်ထမ်း ၃၀၀၀ ကျော်အတွက် နိုဝင်ဘာလ ၂၀ ရက်နေ့က တက်ဘလက်တွေ ပေးအပ်ခဲ့ပါတယ်။ တက်ဘလက်တွေကို အခြေခံကျန်းမာရေးဝန်ထမ်းနှင့် တိုက်နယ်/မြို့နယ်ဆရာဝန်တွေအတွက်ဆိုပြီး  ၂ မျိုး ၂ စားပေးအပ်ခဲ့တာပါ။ “ဒါကိုဘာကြောင့်ပေးရလဲဆိုတော့ ပြည်သူတွေရဲ့ ကျန်းမာရေးအသိစာတတ်မြောက်မှု တိုးတက်အောင်လုပ်ဖို့။ ဒုတိယအချက်က ဒီလိုတိုးတက်အောင် လုပ်ဖို့ဆိုရင် ဝန်ထမ်းတွေကလည်း အရည်အသွေးပြည့်ဝနေရမယ်။ ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှာလည်း တတ်မြောက်နေရမှာ ဖြစ်တဲ့အတွက် ဒီမိုဘိုင်းတက်ဘလက်တွေမှာ ထည့်ထားတာတွေက အခြေခံကျန်းမာရေးလုပ်သားတွေအတွက် တစ်မျိုး၊ ဆရာဝန်အတွက် တစ်မျိုး ထည့်ထားပါတယ်။ ဒါကိုအသုံးပြုမယ်ဆိုရင် သက်ဆိုင်ရာ ကျွမ်းကျင်မှု ဘာသာရပ်မှာ အထူးကောင်းမွန်တတ်မြောက်ပြီး ပြည်သူတွေကို ကျန်းမာရေးအသိပညာပေးတဲ့အခါ ထိရောက်မှာဖြစ်ပါတယ်။”လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန…

Read More
VOM News

FREE
VIEW