တောင်ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦးသေဆုံးမှု ပြန်လည်စစ်ဆေးပေးဖို့ ဆန္ဒထုတ်ဖော်

 

ဆိုးလ်၊ နိုဝင်ဘာ-၂၀၊ ၂၀၁၈

မျိုးဆက် (VOM)

 

တောင်ကိုရီးယားနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး သေဆုံးသွားတာကို အသေးစိတ်ပြန်လည်စစ်ဆေးဖို့ တောင်ကိုရီးယား ဗုဒ္ဓဘာသာ ရဟန်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပြီး အထောက်ထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ရှာဖွေဖို့ ၀င်ရောက်စီးနင်းတာတွေကိုရပ်တန့်ဖို့ တောင်ကိုရီးယားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

 

တောင်ကိုရီးယားရဲ့ အကြီးဆုံးဗုဒ္ဓဘာသာဂိုဏ်းက ရဟန်းတော်တွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်ဖို့် နိုဝင်ဘာ ၁၉ ရက်မှာ ဆိုးလ်မြို့မှာရှိတဲ့ သမ္မတအိမ်တော်အထိ တစ်မိုင်ကျော် ချီတက်ဆန္ဒခဲ့ကြပါတယ်။ သူတို့ဟာ သြဂုတ်လအတွင်းက အသက် ၂၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးသေဆုံးမှုကို တောင်ကိုရီးယားအစိုးရက ပြန်လည်စစ်ဆေးသင့်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။

 

တောင်ကိုရီးယား လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက တရားမ၀င် အလုပ်သမားတွေကို ဖမ်းဆီးဖို့အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ၀င်ရောက် စီးနင်းစဉ်မှာ အဆိုပါမြန်မာအလုပ်သမားဟာ ဆောက်လုပ်ဆဲ အဆောက်အဦပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

 

အဲ့ဒီ မြန်မာအလုပ်သမားဟာ ၂၀၁၃ ခုနှစ်ကတည်းက အလုပ်သမားဗီဇာနဲ့ တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယခုနှစ် နှစ်ဦးပိုင်းမှ ဗီဇာသက်တမ်းကုန်ဆုံးသွားပါတယ်။ ၎င်းကွယ်လွန်ချိန်တွင် ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တောင်ကိုရီးယားနိုင်ငံသား လေးဦးအတွက် လှူဒန်းသွားခဲ့ပါတယ်။

Ref: UPI

Photo : Yonhap

Related posts

Leave a Comment

VOM News

FREE
VIEW