စစ်ကိုင်းမှာ စားသုံးရန် မသင့်တဲ့ အစားအသောက်တွေကိုမီးရှို့ ဖျက်ဆီး

စစ်ကိုင်း နိုဝင်ဘာ ၂၀၊ ၂၀၁၈

မောင်တာရာ (VOM)

 

 

စစ်ကိုင်းခရိုင်အတွင်း မှာ ရောင်းချနေတဲ့ ဈေးတွေကနေ  သိမ်းဆည်းရမိတဲ့ စားသုံးရန် မသင့်တဲ့  အစားအသောက်တွေကို ဒီနေ့ နံနက်ပိုင်းက စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနဝန်းအတွင်းမှာ မီးရှို့ ဖျက်ဆီးခြင်း အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

 

 

စစ်ကိုင်းခရိုင် အဆင့် ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းတွေနဲ့ ဖွဲ့စည်းထားတဲ့  ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးကော်မတီက စစ်ကိုင်းခရိုင်အတွင်းက စစ်ကိုင်းမြို့မဈေး၊မြင်းမူမြို့မဈေး၊ရွှေမင်းဝံဈေး၊သောတာပန်ဈေး၊ညောင်းပင်ဝန်းဈေး၊ရွာထောင်ဘူတာဈေး နဲ့ အခြေခံပညာအထက်တန်းကျောင်းတွေက မုန့်ဈေးဆိုင်တန်းများကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။

 

အဲလို လိုက်လံစစ်ဆေးရာမှာ စားသုံးရန် မသင့်တဲ့ အစားအသောက် (၂၄)မျိုးကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းခဲ့ပြီး ဒီနေ့မှာ အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း  စစ်ကိုင်းခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်စိုးက ပြောပါတယ်။

Related posts

✕
VOM News

FREE
VIEW