လူငယ် ဇာတ်လမ်းလေးတွေ ပရိသတ်ကို ချပြမယ်ဆိုတဲ့ ယွန်းယွန်း

ရန်ကုန် နိုဝင်ဘာ ၂၀ -၂၀၁၈

သင်းသဒ္ဒါ (VOM)

ကလေးအရွယ်ထဲက ဇာတ်ဆောင်စရိုက်ပီပြင်မှုတွေ ကြောင့် အကယ်ဒမီကိုပါ ရရှိထားတဲ့ ပရိသတ်အချစ်တော် အကယ်ဒမီ ယွန်းယွန်းကတော့”ညီမ အရွယ်နဲ့လိုက်ဖက်ပြီးတော့ ခေတ်နဲ့အညီ လူငယ် ဇာတ်လမ်းလေးတွေ စိတ်ဝင်စားစရာကောင်းတဲ့ ပုံစံ မျိုးတွေ ပရိသတ်ကို ချပြမယ်”လို့ဆိုပါတယ်။

သူမကတော့ ရန်ကုန်တက္ကသိုလ် Psychology  ဒုတိယနှစ်အောင်မြင်ထားတာလည်း ဖြစ်ပါတယ်။ ယွန်းယွန်းက လတ်ရှိမှာ ထိုင်းနိုင်ငံ နှင့်အတူ တွဲဖက်ပြီးတော့ ကြော်ငြာတွေလည်း ရိုက်ကူးရန်ရှိပြီးတော့ လာမယ့်နှစ်ဆန်းပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဆံပင်အရှည်ကြီးလည်း ထိန်သိမ်းတာနဲ့ ပတ်သက်ပြီးတော့ ”မေမေက ဆံပင်အရှည်ကြီးပျက်စီး ဆိုးလို့ အရောင်ဆိုးတာလောက်ပဲ လုပ်ခွင့်ပေး တယ်။ဒါတောင် ပထမအထပ်လောက်ပဲ နည်းနည်း ဆိုတာပါ။ခေါင်တစ်ခေါင်လုံး ဆိုးလို့မရသေးပါဘူး။ရှည်နေတဲ့ ဆံပင်လေးကိုမပျက်စီးအောင်တော့ ထိန်းသိမ်းပါတယ်။နောက်ပိုင်း ဆံပင်ပုံစံတွေ ပြောင်း ပြီမှပဲ လုပ်ချင်တာရှိရင်လုပ်ဖြစ်မှာပါ။ လောလော ဆယ်တော့ ဆံပင်တွေကို အကောင်းဆုံးထားထား ပါတယ်”လို့ဆိုပါတယ်။

#voiceofmyanmar #ယွန်းယွန်း

ဓာတ်ပုံ -ယွန်းယွန်း facebook

Related posts

Leave a Comment

VOM News

FREE
VIEW