“ခန္ဓာကိုယ်တစ်ခုလုံးမှာ ခွဲစိတ်ထားတာ တစ်ခုမှမရှိဘူးဆိုတဲ့ Super Model J Naw”

ရန်ကုန် ဒီဇင်ဘာ ၁-၂၀၁၈

သင်းသဒ္ဒါ(VOM)

Fashion Show ပွဲကြီးတွေမှာ စမတ်ကျကျ Catwalk လျှောက်တတ်သော Super Model J Naw ကတော့ ” နော ခန္ဓာကိုယ်တစ်ခုလုံးမှာ ခွဲစိတ်ထားတဲ့ တစ်ခုမှမရှိဘူး”လို့ ဆိုပါတယ်။

ခန္ဓာကိုယ့်နဲ့ ပတ်သက်ပြီးတော့ “ကိုယ်တိုင်လည်း မလှမှန်းသိပေမယ့် ကိုယ့်ကိုကိုယ့် မွေးဖွားလာတဲ့ ဖြစ်တည်မှုကို အမြဲတမ်းသဘောကျတယ်။ နော် ခန္ဓာကိုယ်တစ်ခုလုံးမှာ ခွဲစိတ်ထားတဲ့ တစ်ခုမှမရှိဘူး။ ပြုပြင် တယ် ထိန်းသိမ်းတယ်။ လှအောင်လုပ်တာ အပြစ်မရှိဘူးလို့ ထင်တာပဲ။ ကိုယ့်က အသက်အရွယ်အပိုင်းအခြား တစ်ခုရောက်လာချိန်မှာ ပိုတည်ငြိမ်လာတယ် ၊ ပိုရင်ကြပ်လာတယ်။ ပိုပြီတော့ နေတတ်ထိုင်တတ်လာတယ်။ ၀တ်စားပြင်ဆင်တတ်လာတယ်။ အဲအချိန်မှာ ဖက်ရှင်ပိုင်းရော ၊ အမူအယာရော အနေအထိုင် ပြောင်းလဲသွား ချိန်မှာ လူတွေကပြောင်းလဲသွားတယ်လို့ ထင်ကြတယ်။အမှန်တကယ် ဘာကိုမှ ခွဲစိတ်ထားတာ မလုပ်ပါဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပွဲတက်တွေ တက်ဖြစ်နေပြီးတော့ မကြာခင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကြီး ကျယ်ခမ်းနားစွာကျင်းပခဲ့တဲ့ ELLE WEEK ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

J Naw ကတော့ ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့ “နော်တို့ကို ဝေဖန်တာတွေရှိတယ်။ဒီလို ဝေဖန်တာကို ဘယ်သူ ကိုမှ အပြစ်မပြောဘူး။ ဒါကလည်း နော်တိုရဲ့ အလုပ်ပေါ့။ တချို့က ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်တိုက် ခိုက်တာမျိုးတွေရှိတယ်။ နောတို့က သာမန်မိန်းကလေးတစ်ယောက်လဲ မဟုတ်ဘူး။ ကျောင်းသူ ဆိုလည်း ကျောင်းသားဝတ်စုံဖြစ်တဲ့ အဖြူ အစိမ်းဝတ်သလို ၊ ရုံးဝန်ထမ်းဆိုလည်း ကျောင်းဝတ်စုံဝတ်ဆင်မှာပါ။ နော် တို့က မော်ဒယ်လ်တစ်ယောက်ဖြစ် လို့ ပွဲနေရာနဲ့ လိုက်ဖက်ရပါတယ်”လို့ဆိုပါတယ်။

ဓာတ်ပုံ- သင်းသဒ္ဒါ

#voiceofmyanmar#SuperModelJNaw

Related posts

Leave a Comment

VOM News

FREE
VIEW