ကချင်စစ်ဘေးရှောင် ပြည်သူများ အတွက် ချင်းလူငယ်များမှ အနွေးထည် (၁၀၀)လှူဒါန်း

မန္တလေး ဒီဇင်ဘာ ၆-၂၀၁၈

မိုင်ချယ်ရီ(VOM)

ကချင်ပြည်နယ် အတွင်းမှာ ရှိနေတဲ့ စစ်ဘေးရှောင် စခန်းတွေ မှာ နေထိုင်ကြတဲ့ ပြည်သူတွေ အတွက် ချင်းလူငယ်များကနေပြီးတော့ အနွေးထည်ပေါင်း ၁၀၀ ကို ဒီဇင်ဘာလ ၆ ရက်နေ့ မှာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့(Right and Peace Organization) ကနေ လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။

ဒီလို လှူဒါန်းမှု ပြုလုပ်နိုင်ဖို့ အတွက် ကလေးမြို့ မှာ အခြေစိုက် တဲ့ ဒီအဖွဲ့ဟာ ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ပြီးတော့ အနွေးထည်တစ်လျင် ငွေကျပ် ၅၀၀၀ သတ်မှတ်ပြီး အလှူခံမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ဒီလို အလှူခံရာမှ စေတနာရှင်တွေရဲ့ လှူဒါန်းမှုကြောင့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အနွေထည်ပေါင်း ၁၀၀ ရရှိခဲ့တာ ဖြစ်တာကြောင့် မန္တလေးမြို့မှာ ရှိတဲ့ ကချင်နှစ်ခြင်းသာသနာအဖွဲ့ ချုပ် ထံကို ပေးပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို လှူဒါန်းခဲ့တာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့(Right and Peace Organization) မှ ဆလိုင်းဂျေကေလားလ်ထားမွန် က “ကျွန်တော်တို့က တစ်ရာလို့ သတ်မှတ်လို့ တစ်ရာကို ပို့လိုက်တယ်။အလှူရှင်တွေ ရှိသေးရင်တော့ ဆက်လက်ပြီးတော့ လှူသွားမျာပေါ့” လို့ ပြောပါတယ်။

အခုလို လှူဒါန်းမှု ပြုလုပ်ဖို့ ရာ ထပ်မံ အလှူခံသွားမှာ ဖြစ်တဲ့ အတွက်ကြောင့် လှူဒါန်းလိုတဲ့ အလှူရှင်တွေ အနေနဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ထပ်မံ လှူဒါန်းနိုင်ပြီး ရရှိလာတဲ့ အနွေးထည်တွေကို ထပ်မံ ပေးပို့လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ၄င်း အဖွဲ့ကနေ သိရပါတယ်။

ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် မြစ်ကြီးနားမြို့၊တနိုင်းမြို့ နဲ့ ပန်းဝါမြို့တွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ရောက်ရှိခိုလှုံနေရပြီး ဒီစစ်ဘေးရှောင်ပြည်သူတွေ အတွက် ဆောင်းရာသီကာလ အနွေးထည်တွေ လိုအပ်နေတယ်လို့ ကချင်ပြည်နယ်ဖက်က လာတဲ့ သတင်းတွေအရ သိရပါတယ်။

#voiceofmyanmar#ကချင်စစ်ဘေးရှောင်#ချင်းလူငယ်တွေကအနွေးထည်လှူ#

 

Related posts

Leave a Comment

VOM News

FREE
VIEW