နျူစာချုပ်မှ အမေရိကန်နှုတ်ထွက်ရင် ဒုံးပျံတွေ ထုတ်လုပ်သွားမယ်လို့ ရုရှားသမ္မတပူတင် သတိပေး

မော်စကို၊ ဒီဇင်ဘာ-၆

မျိုးဆက် (VOM)

၁၉၈၇ခုနှစ် တာလတ်ပစ်နျူးကလီးယားစာချုပ်ကနေ အမေရိကန် နှုတ်ထွက်ခဲ့မယ်ဆိုရင် အဆိုပါစာချုပ်က တားမြစ်ထားတဲ့ ဒုံးပျံတွေကို ရုရှားနိုင်ငံက ထုတ်လုပ်သွားမှာဖြစ်တယ်လို့  ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။

တာလတ်ပစ်နျူကလီးယားစာချုပ်ကို ရုရှားက ဖောက်ဖျက်နေတယ်လို့ ဒီဇင်ဘာ ၅ ရက်မှာ နေတိုးအဖွဲ့က စွပ်စွဲလိုက်ပြီးနောက် သမ္မတ ပူတင်က ဒီလို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် နေတိုးအဖွဲ့ရဲ့ စွပ်စွဲချက်တွေဟာ စာချုပ်ကနေ  အမေရိကန် နှုတ်ထွက်ဖို့အတွက် ယိုးမယ်ဖွဲ့တာဖြစ်တယ်လို့ ရုရှားသမ္မတ ကပြောပါတယ်။

အဆိုပါစာချုပ်ကို အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံတို့ ၁၉၈၇ ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး စာချုပ်အရ တာတိုနဲ့ တာလတ်ပစ် ဒုံးပျံတွေ အသုံးပြုခြင်းကို နှစ်နိုင်ငံစလုံးက ပိတ်ပင်ထားပါတယ်။

တာလတ်ပစ်နျူကလီးယားစာချုပ်အရ တားမြစ်ထားတဲ့ လက်နက်တွေကို အခြားနိုင်ငံအများပြားကလည်း ထုတ်လုပ်ခဲ့တယ်လို့ ပူတင်က ရုပ်မြင်သံကြား မိန့်ခွန်းတစ်ရပ်မှာ  မှတ်ချက်ပြုပြောဆိုပါတယ်။

လက်ရှိအချိန်မှာ အခြေအနေတွေဟာ များစွာပြောင်းလဲသွားတဲ့အတွက် တားမြစ်ထားတဲ့ အဆိုပါလက်နက်တွေကို ပိုင်ဆိုင်ရမယ်လို့ အမေရိကန်နဲ့ မိတ်ဖက်တွေက ယုံကြည်နေတယ်လို့ ယူဆကြောင်း ပူတင်က ပြောဆိုပြီး ဒီအတွက် မိမိတို့ရဲ့တုံ့ပြန်ကတော့ အလွန်ရိုးရှင်းပြီး ယင်းနည်းလမ်းအတိုင်းလုပ်ကိုင်သွားရန်သာရှိတယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

#voiceofmyanmar# နျူစာချုပ်အမေရိကန်နှုတ်ထွက်ရင်#ဒုံးပျံတွေထုတ်လုပ်သွားမယ်လို့ ရုရှားသမ္မတပူတင်သတိပေး#

Ref : Press TV/ BBC

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW