ဝန်ကြီးဦးအောင်ကိုရဲ့ ဘင်္ဂါလီတွေအပေါ် မှတ်ချက်ပြုစကားနဲ့ ပတ်သက်ပြီး တရားဝင်တောင်းပန်ဖို့ ဘင်္ဂလားဒေ့ရှ်တောင်းဆို

ဒါကာ၊ ဒီဇင်ဘာ-၆-၂၀၁၈

မျိုးဆက် (VOM)

သာသနာရေးဝန်ကြီး သူရဦးအောင်ကိုရဲ့ ဘင်္ဂါလီတွေနဲ့ ပတ်သတ်ပြီး ပြောကြားလိုက်တဲ့ မှတ်ချက် စကားနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို ဘင်္ဂလားေ ဒ့ရှ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၅ ရက်နေ့မှာ ဆင့်ခေါ်လိုက်ပြီးပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ဘင်္ဂါလီတွေကို ရိုက်သွင်းခံထားရတဲ့ စိတ်ဓါတ်ဟာ နောင်တစ်ချိန်မှာ မြန်မာနိုင်ငံကို ချီတက်ဖို့ဖြစ်တယ်လို့ သာသာနာရေးဝန်ကြီး သူရဦးအောင်ကိုက ဒီဇင်ဘာ ၄ ရက်က နေပြည်တော်မှာ မှတ်ချက်ပြုပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ရေကြောင်းဆိုင်ရာအဖွဲ့ အတွင်းရေးမှူး ခရာရှစ်အလမ်က ပြစ်တင်ပြောဆိုလိုက်တာဖြစ်ပါတယ်။

သာသနာရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ တာဝန်မဲ့တဲ့ မှတ်ချက်စကားဖြစ်ပြီး ဘင်္ဂါလီတွေရဲ့ စိတ်နေသဘောထားကို ထိခိုက်စေကြောင်းနဲ့ တရားဝင်တောင်းပန်ဖို့ကိုလည်း ခရာရှစ်အလမ်က တောင်းဆိုလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သူရဦးအောင်ကိုရဲ့” မြန်မာနိုင်ငံကို ဘင်္ဂါလီတွေ ချီတက်လိမ့်မယ်တဲ့” မှတ်ချက်စကားကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး အစွန်းရောက်စေဖို့အတွက် မိမိတို့ အားပေးအားမြောက်ပြုခြင်းမရှိဘူးလို့ ၎င်းက ပြောပါတယ်။

ဘင်္ဂလားဒ့ရှ်ကို ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်အရ လွန်ခဲ့တဲ့ လ ၁၅ ရက်က ပထမအသုတ်အဖြစ် လူဦးရေ နှစ်ထောင်ကျော်ကို ပြန်လည်လက်ခံဖို့ စီစဉ်ခဲ့ပေမယ့် ဘင်္ဂါလီတွေက ပြန်လိုတဲ့ ဆန္ဒမရှိတာကြောင့် အစီအစဉ်ကို ၂၀၁၉ ခုနှစ်အထိ ရွှေ့ဆိုင်းထားပါတယ်။

#voiceofmyanmar#ဝန်ကြီးဦးအောင်ကို# ဘင်္ဂါလီတွေအပေါ်မှတ်ချက်ပြုစကားနဲ့ပတ်သက်ပြီး တရားဝင်တောင်းပန်ဖို့ဘင်္ဂလားဒေ့ရှ်တောင်းဆို#

Ref : bdnews24/ Reuter

Photo သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

Related posts

Leave a Comment

VOM News

FREE
VIEW