“ မေက ရင်ဘတ်ချင်းဖွင့်ပေါင်းလို့ရတဲ့ သူငယ်ချင်းပါဆိုတဲ့ အလင်းရောင် ”

ရန်ကုန် ဒီဇင်ဘာ ၆-၂၀၁၈

သင်းသဒ္ဒါ(VOM)

လူကြီး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရလာတဲ့ မင်းသားအလင်းရောင် နဲ့ သရုပ်ဆောင်ပိုင်းရော အဆိုပိုင်းပါလုပ်ဆောင်နေ မေနဲ့ လူမှုကွန်ရက်မှာပြန့်ခဲ့တဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ ” ပရိသတ်တွေက ပြောကြပေမယ့် ကျွန်တော်တို့က ရင်ဘတ်ချင်းဖွင့်ပေါင်းလို့ရတဲ့ သူငယ်ချင်းပါ၊ ဒါကြောင့် နှစ်ယောက်က အမြဲတမ်းပဲ သူငယ်ချင်းပါပဲ  ”လို့ ဆိုပါတယ်။

အလင်းရောင်က မေနဲ့ပတ်သက်ပြီးသုံးသပ်ချက် ကတော့” မေက သရုပ်ဆောင်ပိုင်းကို သိပ်မလုပ်ချင်ဘူး၊ အဆိုပိုင်းကို ပိုလုပ်ချင်တယ်လေ၊ သူက အောင်မြင် တဲ့အဆိုတော်ဖြစ်ချင်တယ်၊ကျွန်တော် ကတော့ အဆိုပိုင်းတင်မဟုတ်ပဲ သရုပ်ဆောင်ပိုင်းပါလုပ်ဖို့ အကြံပေးဖြစ်ပါတယ်၊ကျွန်တော်စိတ်ရှုပ်နေတာ ဝေခွဲမရတဲ့အခါမျိုးမှာ သူကလည်း အကြံပေးပါတယ်။

နိုဝင်ဘာလ ကားရိုက်နားထားချိန်မှာတော့ ကိုရင်မဝတ်ဖူးတာကြောင့်မို့ ၅ရက် ပါချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသကျောင်းမှာ ဝတ်ခဲ့တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ပုံရိပ်ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေပြီးတော့ TV ကြော်ငြာတွေ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။

ဂီတပိုင်းနဲ့ ပတ်သက်ပြီးတော့ ”နှစ်ယောက်သား သီချင်းတွေပေါင်းလုပ်ဖို့ စီစဉ်နေတာကြာပြီ၊သူငယ်ချင်းနှစ်ယောက် ခွေလုပ်ဖို့လာတွေ့ကြမယ်ဆိုပြီး တွေ့ကြပြီဆိုရင် ဘားရောက်သွားကြတယ်၊ မလုပ်ဖြစ်ဖူးဖြစ်နေတာပါ”လို့ဆိုပါတယ်။

#voiceofmyanmar#အလင်းရောင်#မေ#

ဓါတ်ပုံ အလင်းရောင် ဖေ့စ်ဘွတ်ခ်

Related posts

Leave a Comment

VOM News

FREE
VIEW