မြန်မာနိုင်ငံမှာ အရည်အချင်းရှိ တဲ့သူတွေကိုြုပုပြင်ပျိုးထောင်ပေ်းတဲ့ အင်အား အရမ်းနည်းတယ်ဆိုတဲ့ ရွှေအိမ်စည်

ရန်ကုန် ဒီဇင်ဘာ ၁၆-၂၀၁၈

သင်းသဒ္ဒါ(VOM)

ပရိသတ်တွေရဲ့ ချင်ခင်မှုကိုရရှိထားတဲ့ အလှမယ် ရွှေအိမ်စည်ကတော့ မြန်မာနိုင်ငံမှာ အရည်အချင်းရှိ တဲ့သူတွေကို သေချာလေးပြုပြင်ပျိုးထောင်ပေးနိုင်တဲ့ အင်အားအရမ်းနည်းနေပါတယ်လို့ ဆိုပါတယ်။

“ကိုယ့်ဘက်က ပိုက်ဆံအားလိုက်နိုင်မှရမယ်၊ ပွင့်ပွင့်လင်းလင်းပြောတာပါ၊ မြန်မာနိုင်ငံမှာ အရမ်းကို Suppotring ကောင်းပြီးတော့ အရမ်းမိုက်တဲ့ organization တွေ ပေါ်လာရင်ပေါ်လာ မပေါ်လာရင် ဘာဖြစ် လာမလဲဆိုတော့ ကိုယ့်ဘက်က ပိုက်ဆံတတ်နိုင်မှပဲရမယ်၊ အဲ့လို အခြေအနေမျိုးမှာရှိတဲ့ ခါးသီးတဲ့ အမှန် တရားတစ်ခုပါ၊ အိမ်စည်တို့ဆိုလည်း အိပ်မက်တစ်ခုနဲ့ ၀င်လာခဲ့တာပါပဲ”လို့ဆိုပါတယ်။

သူမကတော့ ယခုလအတွင်း ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ miss supranational ၂၀၁၈ ပြိုင်ပွဲကြီးကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ယှဉ်ပြိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက ယနေ့  Junction City မှာ ပြုလုပ်တဲ့  iORA Brand ဖက်ရှင်ဆိုင် 7th Year anniversary ပွဲကို ဖက်ရှင်ခပ်လန်းလန်းနဲ့ တက်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲတွေအပေါ်ရဲ့အပေါ်မှာ ရွှေအိမ်စည်အမြင်ကတော့ “ပြောရရင် ကိုယ့်ကအရမ်းကို မာနကြီးတယ်၊ မာနကြီးတယ်ဆိုတာက ကိုယ့်အရမ်းတော်လို့တော့ မဟုတ်ဘူး၊ ဘယ်အရာကိုမှ ပိုက်ဆံနဲ့မ၀ယ်ချင်ဘူး၊ ကိုယ့် အရည်အချင်းက အရမ်းကိုဆုတ်ပြတ်သတ်နေလို့ ဒီအရာကို ပိုက်ဆံနဲ့ဝယ်ယူရမှာလားဆိုတဲ့ psycho မဖြစ်ချင် ဘူး၊ ဘ၀မှာလေ ငါ ကြိုးစားခဲ့တယ် ၊ ငါရခဲ့တယ်၊ ဒါ စစ်မှန်တဲ့နည်းလမ်းနဲ့ ကြိုးစားခဲ့တယ်ဆိုတဲ့ စိတ်လေး တော့ ဖြစ်ချင်တယ်၊ ဒီ Crown ကြီးရပြီးတော့ ငွေရေးကြေးရေးအရှုပ်အရှင်းတွေနဲ့ ဘာလုပ်မှာလဲ၊ အဲလိုမဖြစ်ချင်ပါဘူး၊ ဒီလောက ထင်သလောက် မရှင်းပါဘူး၊ အိမ်စည်ပြောချင်တာကတော့ အပေါ်ယံတွေ သိပ်မယုံပါနဲ့လို့ ပြောချင်တယ်၊လူတွေက ကိုယ့်ဆီက လိုချင်တာ တစ်ခုရှိရင်ကောင်းနိုင်တယ်လေ၊ မရှိတော့အချိန်မှာ လုံးဝကို ဆုတ်ထုတ်အရမ်းမြန်ပါတယ်လို့ အိမ်စည်ပြောချင်ပါတယ်”လို့ဆိုပါတယ်။

#voiceofmyanmar#အလှမယ်ရွှေအိမ်စည်#

ဓာတ်ပုံ- သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW