မတူပီမြို့နှင့် ဘုံတလာရေတံခွန်ကြား ရေပြွန်တည်ဆောက်ခြင်းနှင့် ကားလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်မည်

မတူပီ၊ ဒီဇင်ဘာ ၂၀-၂၀၁၈

မိုင်ချယ်ရီ(VOM)

ချင်းပြည်နယ် မတူပီမြို့နယ် အတွင်းမှာ ရှိတဲ့ ဘုံတလာရေတံခွန်နဲ့ မတူပီမြို့အကြား ဆက်သွယ်သွားလာတဲ့ ကားလမ်းအရှည် (၈)မိုင် ကို လမ်းတာချဲ့ခြင်းလုပ်ငန်းတွေ အပါအ၀င် အခြားလုပ်ငန်းတွေကို လာမယ့်ဘဏ္ဍာရေးနှစ်ထဲမှာ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးကျော်လင်း က ပြောပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးလားလ်မင်းထန် က မတူပီမြို့နဲ့ ဘုံတလာရေတံခွန်ကြား ကားလမ်းဘေးတွင် မြေထိန်းနံရံတည်ဆောက်ခြင်း ၊ရေပြွန်တည်ဆောက်ခြင်းနဲ့ ကတ္တရာလမ်းအဖြစ် ခင်ပေးဖို့ ဆိုတဲ့ မေးခွန်းကို ဖြေကြားရာမှာ အဲ့ဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး ရဲ့ ပြောကြားချက်အရ လမ်းအရှည် ၈ မိုင် ကို (၀)မိုင်ကနေ (၅)မိုင်အကြား ကားလမ်းကို လမ်းအကျယ် ၁၂ ပေ မှ လမ်းအကျယ် ၂၄ ဖြစ် လမ်းတာချဲ့ခြင်း ၊မိုင်တိုင်အမှတ် (၅)မိုင် ကနေ (၈)မိုင် အကြား ကားလမ်းကို မူလအကျယ် (၆)ပေ ကနေ (၂၄)ပေ အဖြစ် လမ်းတာခဲ့ခြင်း ၊ရေပြွန် ၁၂စင်း တည်ဆောက်ခြင်း နဲ့ ပေ ၄၀၀ အရှည်ရှိတဲ့ မြေထိန်းနံရံ (၄)ခု တည်ဆောက်တဲ့ လုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ် အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေမှာ တင်ပြတောင်းခံဆောင်ရွက် မှာ ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

ဝန်ကြီးက ဆက်လက်ပြောကြားရာမှာ (၅)မိုင် နဲ့ (၈)မိုင် အကြား (၃) မိုင် အရှည်ကားလမ်းကို ကတ္တရာလမ်းခင်းခြင်း၊ ၈၀၀ ပေ အရှည်ရှိတဲ့ မြေထိန်းနံရံ(၄)ခု တည်ဆောက်ခြင်း၊ ပေ ၂၀၀၀ အရှည် ရှိတဲ့ ကျောက်စီရေမြောင်း (၂) ခု တည်ဆောက်ခြင်း တည်ဆောက်ခြင်း လုပ်ငန်းတွေ အတွက်ကိုလည်း လာမည့်ဘဏ္ဍာရေးနှစ်မှာ ပြည်ထေင်စု ရံပုံငွေ ခွဲဝေ ရရှိတဲ့ အပေါ် မူတည်ပြီး တည်ဆောက်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလမ်း အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စာလှယ် ဦးလားလ်မင်းထန် က “ဒီလမ်ကို ကောင်းမွန်စွာ ထိန်းသိမ်းပြုပြင်ပေးမယ်ဆိုပါက ဘုံတလာရေတံခွန်သို့ ခရီးသွားပြည်သူများ သွားလာရေးမှာ အဆင်ပြေလွယ်ကူမှာ ဖြစ်ပါတယ်။ခရီးသွား လုပ်ငန်းကိုလည်း မြှင့်တင်ပေးရာ ရောက်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ယင်းလမ်းကို အသုံးပြုကာ ဘုံတလာရေတံခွန်သို့ ခရီးသွားဧည့်သည် ၀င်ရောက်မှုအနေနဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ မှ ၂၀၁၈ ခုနှစ် ဇွန်လ ဒုတိယပတ်အထိ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် ၃ ထောင်ကျော် လာရောက်လည်ပတ်ခဲ့ပြီး ချင်းပြည်နယ်အတွင်းမှာ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်တဲ့ နေရာတွေဟာဆိုရင် ချင်းပြည်နယ်တောင်ပိုင်းမှာ ခေါနူးစုမ်(ခေါ်)နတ်မတောင် အမျိုးသားဥယျာဉ် နဲ့ ဘုံတလာရေတံခွန်၊ ချင်းပြည်နယ်မြောက်ပိုင်းတွင် အသဲနှလုံးပုံ ရိရေအိုင် နဲ့ ကနေဒီတောင်တန်း တွေ ဖြစ်ပါတယ်။

#voiceofmyanmar#မတူပီ#ကားလမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်မည်#

Related posts

Leave a Comment

VOM News

FREE
VIEW