ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုဖို့ ထိုင်းမှာ တရားဝင်ခွင့်ပြုလိုက်ပြီ

ဗန်ကောက်၊ ဒီဇင်ဘာ-၂၆
မျိုးဆက် (VOM)

ထိုင်းနိုင်ငံမှာ ဆေးဘက်ဆိုင်ရာအတွက် ဆေးခြောက်အသုံးပြုခြင်းကို ထိုင်းပါလီမန်မှာ ဒီဇင်ဘာ ၂၅ ရက် မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။

သုံးစွဲသူများအနေနဲ့ ဆေးညွှန်းသို့မဟုတ် အသိအမှတ်ပြုလက်မှတ်ရှိပါက ဆေးဝါးအဖြစ်အသုံးပြုရန် သတ်မှတ်ထားတဲ့ ဆေးခြောက်ပမာဏကို ၀ယ်ယူအသုံးပြုနိုင်မှာဖြစ်ပြီး ဆေးခြောက်ထုတ်လုပ်တာနဲ့ ရောင်းချတာတွေကိုတော့ တင်းကြပ်စွာ ထိန်းချုပ်ထားမှာဖြစ်ပါတယ်။

၁၉၇၉ ခုနှစ် မူးယစ်ဥပဒေကို ပြင်ဆင်ဖို့ ထိုင်းပါလီမန်မှာ ဒီဇင်ဘာ ၂၅ ရက်က မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး အစိုးရက ပြန်တမ်းထုတ်ပြီးချိန်တွင် အဆိုပါပြင်ဆင်ချက်မှာ ဥပဒေဖြစ်လာမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံအချို့မှာ မူးယစ်ဆေးဝါး ပိုင်ဆိုင်ခြင်းနဲ့ သုံးစွဲခြင်းတို့အတွက် အတင်းကြပ်ဆုံး အပြစ်ပေးတာတွေရှိနေပြီး ထိုင်းနိုင်ငံကတော့ ဒေသတွင်းနိုင်ငံတွေထိ ဆေးခြောက်ကို ဆေးဝါးအဖြစ် အသုံးပြုဖို့ ခွင့်ပြုလိုက်တဲ့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။

ဒီလို ခွင့်ပြုလိုက်တာက ထိုင်းနိုင်ငံသားများအတွက် နှစ်သစ်ကူးလက်ဆောင်တစ်ခုဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့​ထိပ်တန်းအမတ်တစ်ဦးက ပြောဆိုပါတယ်။

သို့သော် ဆေးခြောက်ကို အပန်းဖြေရန်အသုံးပြုခြင်းကိုတော့ တရားမ၀င်ကြောင်း သတ်မှတ်ထားဆဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ၁၉၃၀ ခုနှစ်က တားမြစ်ပိတ်ပင်ခြင်းမပြုမီအထိ ဆေးခြောက်ကို တိုင်းရင်းရိုးရာ​ဆေးအဖြစ် အစဉ်အဆက် အသုံးပြုခဲ့ကြပါတယ်။

#voiceofmyanmar#ထိုင်းနိုင်​ငံ#​ဆေး​ခြောက်​ကိုတရားဝင်​ခွင့်​ပြု#
Ref : BBC
Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW