အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲ နောက်ထပ်သုံးလရွှေ့ဆိုင်း

ကဘူး၊ ဒီဇင်ဘာ ၂၇-၂၀၁၈

မျိုးဆက် (VOM)

လာမယ့်နှစ်မှာ ကျင်းပမယ့် အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲကို နောက်ထပ်သုံးလ ရွှေ့ဆိုင်းလိုက်တယ်လို့ အာဖဂန်ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။

သမ္မတရွေးကောက်ပွဲကို ကနဦးက ဧပြီလမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့်  ရွေးကောက်ပွဲကျင်းပဖို့ကို  ဇူလိုင်လလယ် သို့မဟုတ် သြဂုတ်လ အစောပိုင်းအထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အာဖဂန်နစ္စတန်မှာ အမေရိကန်တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို သမ္မတထရန့်က ရုပ်သိမ်းသွားမယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက် အာဖဂန်သမ္မတရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကို ရွှေ့ဆိုင်းလိုက်ခြင်းလည်းဖြစ်ပါတယ်။

အာဖဂန်မှာ အကြမ်းဖျဉ်အားဖြင့် ထက်ဝက်ခန့်ကျန်ရှိနေသေးတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၇၀၀၀ကို လအနည်းငယ်အတွင်း ရုပ်သိမ်းသွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အောက်တိုဘာလက ကျင်းပခဲ့တဲ့ အာဖဂန်ပါလီမန်ရွေးကောက်ပွဲတွေမှာ  တာလီဘန်နဲ့ အိုင်အက်စ်အဖွဲ့တွေက နှောက်ယှက်ခဲ့တာကြောင့်  ပြသနာအတော်များများ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး  သမ္မတရွေးကောက်ပွဲကိုလည်း ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ပါလီမန်ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်မှုတွေကြောင့် ရွေးကောက်ပွဲမဲဆွယ်ကာလ နဲ့ ရွေးကောက်ပွဲကာလအတွင်း ကိုယ်စားလှယ်လောင်း ၁၀ ဦးသေဆုံးခဲ့ပြီး မဲရုံတွေမှာလည်း လူသေဆုံးစေတဲ့ ပေါက်ကွဲမှုများလည်းဖြစ်ပေါ်ခဲ့ကာ မဲရုံ သုံးပုံတစ်ပုံကို လုံခြုံရေးအခြေအနေအရ ပိတ်ထားခဲ့ရပါတယ်။

#voiceofmyanmar#အာဖဂန်နစ္စတန်#သမ္မတရွေးကောက်ပွဲနောက်ထပ်သုံးလရွှေ့ဆိုင်း#

Ref :BBC

Photo: Reuter

Related posts

Leave a Comment

VOM News

FREE
VIEW