အဆိုတော် လားရှိုးသိန်းအောင် အမေရိကန်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်

ရန်ကုန် ဒီဇင်ဘာ ၂၈-၂၀၁၈
သင်းသဒ္ဒါ(VOM)

ဂီတလောကရဲ့  ကြယ်တစ်ပွင့်ဖြစ်တဲ့  အဆိုတော်ကြီး လားရှိုးသိန်းအောင်  (ခ) ဂျင်မီဂျက် အသက် ၇၃ နှစ်ကတော့ အမေရိကန်နိုင်ငံမှာ ကွယ်လွန်သွားပြီလို့တယ်လို့ သိရပါတယ်။

လားရှိုးသိန်းအောင်ကတော့  အသက် ၇၃ နှစ်နဲ့ နှလုံးရောဂါဖြစ်ပြီး အမေရိကန်နိုင်ငံ စံတော်ချိန် ည ၂ နာရီခွဲမှာ အမေရိကန်နိုင်ငံ ၊ texas ပြည်နယ် ၊ ဟူစတန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

” မြန်မာစတူဒီယိုခေတ်တွင် အောင်မြင်ခဲ့သော အဆိုတော်ကြီးဖြစ်ပြီးတော့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၈ မိနစ်မှာသွားလွန်ခဲ့တာပါ၊ လာရှိုးသိန်းအောင်ရဲ့ ညီအစ်ကိုအရင်းတွေဖြစ်တဲ့ ကိုတိုးအောင်က ကျွန်တော်ကို ပြောလို့သိရပါတယ်၊ နှလုံးရောဂါ ဖြစ်နေတာ ကြာပြီလို့ ထင်ပါတယ်၊ ဦးသိန်းအောင်က တော့ ဗုဒ္ဓ ဘာသာဝင်ဖြစ်တယ်။လောလောဆယ်တော့ ဟူစတန်မြို့မှာ မြန်မာများရင် မြန်မာလိုသင်္ဂြိုလ်မယ်လို့ ထင်ပါတယ်၊အမျိုးသမီးကတော့ ခရစ်ယာန်ဘာသာဝင်တော့ဖြစ်ဖို့များပါတယ်။ အတိအကျတော့ မသိရသေးပါဘူး” ဟု ဂီတမှူးနိုင်ဇော် က ပြောသည်။

ဂီတသက်တမ်း ၆၀ကျော်ရှိသော အဆိုတော် လာရှိုးသိန်းအောင်ကတော့  “အမေတစ်ခုသားတစ်ခု”၊ “လွမ်းဖွယ်”၊တစ်ဆင့်စကား တစ်ဆင့်နား(+နွဲ့ယဉ်ဝင်း)၊ “ပြောပါရစေ နန်းလေး” ၊ “ဒီနေရာလေး”  ၊မုန်းမုန်း မေ့မေ့” ၊ “မျက်နှာပေါက်ဆိုးဆိုး သဘောကောင်းကောင်း” “စက်ခေါင်းအမှတ် ၀၀၉” ၊” တောင်ကြီး ဧည့်သည်”၊ “နှုတ် မဆက်နဲ့ ငိုချင်တယ် ” ၊ ပန်းဘုရင်မလေး” စတဲ့ တေးသီချင်းတွေနဲ့ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ကတော့ ၂၀၁၉ ခုနှစ်မှာတော့ မြန်မာပြည်ကို ပြန်လာပြီ အနုပညာ အလုပ်တွေ ပြန် လုပ်မယ်လို့ သိရပါတယ်။ လက်ရှိမှတော့ အမျိုးသမီးကတော့ အမေရိကန်နိုင်ငံသူဖြစ်သူပြီးတော့ သမီးတစ်ယောက်နဲ့ သားနှစ်ယောက်ယောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar#လားရှိုးသိန်း​အောင်​ကွယ်​လွန်​#
ဓာတ်ပုံ -FACEBOOK

Related posts

Leave a Comment

VOM News

FREE
VIEW