အာဖဂန်နစ္စတန်မှ အမေရိကန်မထွက်ရင် ဆိုဗီယက်လို ခြေမှုန်းခံရမယ်လို့ တာလီဘန်အဖွဲ့ သတိပေး

ကဘူး၊ ဒီဇင်ဘာ ၂၈-၂၀၁၈
မျိုးဆက် (VOM)

အကြမ်းဖက်မှုတွေကြောင့် ယိုယွင်းပျက်စီးနေတဲ့ အာဖဂန်နစ္စတန်မှ မထွက်ခွာရင် ၁၉၈၀ ပြည့်နှစ်များက ဆိုဗီယက်လိုမျိုး ခြေမှုန်းခံခြင်းကို အမေရိကန် ရင်ဆိုင်ရလိမ့်မယ်လို့ တာလီဘန်စစ်သွေးကြွအဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင်များအနေနဲ့ အာဖဂန်မှာ ဆက်ရှိနေပါက အရှက်ကွဲခြင်းနဲ့ ရင်ဆိုင်ရမှာဖြစ်သလို စစ်အေးခေတ်က တာလီဘန်တို့ရဲ့ ရန်သူ ဆိုဗီယက်တို့ရဲ့ အတွေ့အကြုံတွေကို လေ့လာနိုင်တယ်လို့ တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘူးလာ့မူဂျာဟစ်က ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။

အာဖဂန်မှာ ဆိုဗီယက်တို့ချေမှုန်းခံလိုက်ရတာကို သတိပြုရန်ဖို့နဲ့ အာဖဂန်နစ္စတန်တို့ရဲ့ စိတ်ဓါတ်ကို စမ်းသပ်ဖို့ အတွေးကို စွန့်လွှတ်သင့်တယ်လို့ အာဖဂန်ကို ဆိုဗီယက်တို့ကျူးကျော်သည့် ၃၉ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ ကြေညာချက်တွင်ဖော်ပြထားပါတယ်။
၁၉၈၉ ခုနှစ်မှာ အာဖဂန်နစ္စတန်မှ ဆိုဗီယက်တို့ ထွက်ခွာခဲ့ခြင်းဖြင့် ဆယ်စုနှစ်တစ်ခုကြာ တိုက်ခိုက်သိမ်းပိုက်ထားခြင်းကို အဆုံးသတ်ယုံမျှမက သွေးထွက်သံယိုစစ်ပွဲကိုတွန်းပို့ပြီး တာလီဘန်နဲ့ အခြားစစ်သွေးကြွအဖွဲ့တွေ ပေါ်ပေါက်ခဲ့ပါတယ်။

အမေရိကန်နှင့် တာလီဘန်တို့ရဲ့ အနာဂါတ်ဆက်ဆံရေးမှာ ပဋိပက္ခများထက် သံတမန်ရေးနဲ့ စီးပွားရေး အခြေခံမူဝါဒတွေအပေါ်မှာ အခြေခံသင့်တယ်လို့ တာလီဘန်ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်ပြောဆိုထားပါတယ်။
အာဖဂန်နစ္စတန်မှာ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေရှိတာက နိုင်ငံငြိမ်းချမ်းရေးရရှိဖို့ အကြီးမားဆုံးအတား အဆီးဖြစ်ကြောင်း တာလီဘန်တို့က ယခင်ကတည်းက ပြောဆိုထားပါတယ်။

#voiceofmyanmar#အမေရိကန်မထွက်ရင်#ဆိုဗီယက်လို​ခြေမှုန်းခံရမယ်လို့#တာလီဘန်အဖွဲ့ သတိပေး#
Ref : Press TV
Photo :AFP

Related posts

Leave a Comment

VOM News

FREE
VIEW