ရုရှားက ဖမ်းဆီးထားတဲ့ ယူကရိန်းသင်္ဘောနဲ့ အမှုထမ်းတွေပြန်လွှတ်ပေးဖို့ ဂျာမနီနဲ့ ပြင်သစ်တောင်းဆို

ပါရီ၊ ဒီဇင်ဘာ ၂၉-၂၀၁၈
မျိုးဆက် (VOM)

ကာ့ရှ်ရေလက်ကြားမှာဖြစ်ပွားခဲ့တဲ့ ရေတပ်ချင်း ပဋိပက္ခမှာ ရုရှားနိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ယူကရိန်းစစ်သင်္ဘောသုံးစင်းနဲ့ အမှုထမ်းတွေကို ပြန်လွှတ်ပေးဖို့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရိုတို့က ရုရှားနိုင်ငံကို ဒီဇင်ဘာ ၂၈ ရက်က တောင်းဆိုလိုက်ကြပါတယ်။

လွန်ခဲ့သည့် လက ရုရှားနိုင်ငံက ယူကရိန်းသင်္ဘောနဲ့ အမှုထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းထားတာဟာ ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ၎င်းတို့နှစ်ဦးရဲ့ ပူးတွဲကြေညာချက်မှာ မာကယ်နဲ့ မာခရိုတို့က ပြောဆိုပါတယ်။

ကာ့ရှ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောအားလုံး ဘေးကင်း၊ လွတ်လပ်ပြီး အတားအဆီးမရှိ ကူးသန်းသွားလာနိုင်ဖို့နဲ့ တရားမ၀င်ထိမ်းသိမ်းခံထားရတဲ့ ယူကရိန်းသင်္ဘောသားတွေကို ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့ မိမိတို့အနေနဲ့ တောင်းဆိုတယ်လို့ အဆိုပါ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့သည့်လက ရုရှားရေတပ်ဟာ ယူကရိန်းသင်္ဘောသုံးစင်းကိုပစ်ခတ်ဖမ်းဆီးခဲ့ပြီး သင်္ဘောသား ခြောက်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ဒီလုပ်ရပ်အပေါ် ဆန့်ကျင်တဲ့အနေနဲ့ ရုရှားနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ ယူကရိန်းက စစ်အုပ်ချုပ်ရေးကြေညာခဲ့ပါတယ်။

ယူကရိန်းသင်္ဘောတွေဟာ ရုရှားနယ်စပ်ကို တရားမ၀င်ဖြတ်ကျော်ခဲ့တယ်လို့ ရုရှားအစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။ ဒါပေမယ့် ယူကရိန်းတာဝန်ရှိသူများကတော့ ယူကရိန်းသင်္ဘောများသည့် ၎င်းတို့အားရုရှားတို့က တိုက်ခိုက်တားမြစ်ခဲ့တဲ့ ကာ့ရှ်ရေလက်ကြားမှာ ခုတ်မောင်းသွားလာခွင့်အတွင်းက သွားလာခဲ့တယ်လို့ ဆိုပါတယ်။

#voiceofmyanmar#အမှုထမ်းတွေပြန်လွှတ်ပေးဖို့#ဂျာမနီနဲ့ပြင်သစ်တောင်းဆို#
Ref : UPI
Photo : UPI

Related posts

Leave a Comment

VOM News

FREE
VIEW