အီဂျစ်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရနောက် အကြမ်းဖက်သမား ၄၀ ဦးကို တစ်နေ့တည်း နှိမ်နင်း

ကိုင်ရို၊ဒီဇင်ဘာ ၃၀-၂၀၁၈ မျိုးဆက် (VOM) အီဂျစ်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားဘတ်စ်ကားတစ်စီးကို အကြမ်းဖက်အုပ်စုက ပစ်မှတ်ထားတိုက် ခိုက်ပြီးနောက် ဂီဇာနှင့် ဆီနိုင်းမြောက်ပိုင်းဒေသတို့ကို အီဂျစ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စီးနှင်းတိုက်ခိုက်ပြီး အကြမ်းဖက်သမား ၄၀ ဦးကို နှိမ်နင်းလိုက်ပါတယ်။ အဆိုပါအကြမ်းဖက်သမားတွေဟာ နှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း အီဂျစ်နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုကျူးလွန်ဖို့ ကြံစည်နေတဲ့ စစ်သွေးကြွ သံသယရှိသူ တွေဖြစ်တယ်လို့ အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ၎င်းတို့ကို အီဂျစ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဟန့်တားနိုင်ခဲ့ပြီး နေရာသုံးခုကို တစ်ပြိုင်နက်စီးနှင်းရာမှာတော့ အကြမ်းဖက်သမား ၄၀ ဦးသေဆုံးခဲ့တယ်လို့ အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်က ပြောပါတယ်။ စစ်ဆင်ရေးနှစ်ခုကို ကမ္ဘာ့လှည့်ခရီးသွားများအကြား လူကြိုက်များတဲ့ ဂီဇာမှာ ပြုလုပ်ခဲ့ပြီး စစ်သွေးကြွး ၃၀ ဦးသေဆုံးသွားပါတယ်။ တတိယမြောက်စီးနင်းမှုကို ဆီနိုင်းဒေသ မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးအတွက် သေနတ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း အမြောက်အမြား…

Read More

Santa Fe ကားတွေမှာ ကမ္ဘာ့ပထမဆုံး လက်ဗွေရာနဲ့ ကားစက်နိုးတဲ့ နည်းပညာထည့်သွင်းမယ့် ဟွန်ဒိုင်း

ဆိုးလ်၊ ဒီဇင်ဘာ ၃၀-၂၀၁၈ မျိုးဆက်(VOM) တောင်ကိုရီးယားအခြေစိုက် ဟွန်ဒိုင်း ကုမ္ပဏီက နောက်ထပ်ထုတ်လုပ်မယ့် Santa Fe မော်တော်ကားတွေမှာ လက်ဗွေရာနဲ့ ကားစက်နှိုးနိုင်တဲ့ နည်းပညာကို ထည့်သွင်းသွားမှာဖြစ်တယ်လို့ ဟွန်ဒိုင်း ကုမ္ပဏီဆိုပါတယ်။ ဒီစနစ်က ကားပိုင်ရှင်ရဲ့ လက်ချောင်းထိပ်က လျှပ်စစ်သံလိုက်လှိုင်း ပမာဏကို အာရုံခံမှတ်သားထားမှာဖြစ်ပြီး ကားတံခါးဖွင့်တာနဲ့ ကားစက်နှိုးတာတွေကို လက်ဗွေရာကို အသုံးပြုနိုင်မှာဖြစ်လို့ ကားခိုးယူခြင်း တွေကနေကာကွယ်နိုင်မှာလို့ ဆိုပါတယ်။ ဒီနည်းပညာကို အသုံးပြုထားတဲ့ ကားတွေမှာ ပိုင်ရှင်မဟုတ်သူက လက်ဗွေရာအတုနဲ့ ဖွင့်ဖို့ဆိုတာ အကြိမ် ငါးသောင်းမှာ တစ်ကြိမ်သာ အောင်မြင်နိုင်တယ်လို့လည်း ဟွန်ဒိုင်း ကုမ္ပဏီက ပြောပါတယ်။ အဆိုပါ Santa Fe ကား​တွေကို ၂၀၁၉ ခုနှစ် ပထမသုံးလပတ်ကစပြီး တရုတ်နိုင်ငံမှာ အကန့်အသတ်နဲ့ စတင်ရောင်းချသွားမှာဖြစ်ပြီး အနာဂါတ် မော်တော်ကားတွေမှာ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှု တွေဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဟွန်ဒိုင်းကုမ္ပဏီရဲ့…

Read More

ချယ်ဆီးအသင်းနဲ့ အနာဂါတ်ကို အမြန်ဆုံး ဆုံးဖြတ်ဖို့ ဟာဇက်ကို နည်းပြဆာရီတိုက်တွန်း

လန်ဒန်၊ ဒီဇင်ဘာ ၃၀-၂၀၁၈ ရန်နိုင်ထွန်း (VOM) ယခုနှစ် ပရီးမီးယားလိဂ်ရာသီကုန်မှာ အသင်းက ထွက်ခွာဖို့ ချိန်ဆနေတဲ့ ချယ်ဆီးတိုက်စစ်မှူး ဟာဇက်ကို အသင်းနဲ့ အနာဂါတ်အတွက် အမြန်ဆုံး ဆုံးဖြတ်သွားဖို့ နည်းပြဖြစ်သူ ဆာရီက တိုက်တွန်းလိုက်ပါတယ်။ ချယ်ဆီးအသင်းနဲ့ တစ်နှစ်ခွဲစာချုပ်သက်တမ်းရှိနေသေးတဲ့ တိုက်စစ်မှူး ဟာဇက်ကတော့ ယခုနှစ်ရာသီကုန်မှသာ အသင်းနဲ့ အနာဂါတ်ကို ဆုံးဖြတ်မယ်လို့ပြောဆိုထားပြီး ရီရဲလ်မက်ဒရစ် အသင်းနဲ့က ခေါ်ယူသွားမယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ လက်ရှိအချိန်က အသင်းနဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ဟာဇက်အနေနဲ့ ဆုံးဖြတ်ရမယ်အချိန်ဖြစ်တယ်လို့ ချယ်ဆီးနည်းပြ ဆာရီက ဟာဇက်ကို တိုက်တွန်းထားပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးမှာ ဝက်ဖို့ဒ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ယခုနှစ်ပရီးမီးယားလိဂ်ရာသီမှာ ၁၉ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်ကာ ချယ်ဆီးအသင်းရဲ့ ဂန္တ၀င်ကစားသမားတစ်ဦး ဖြစ်လိုတယ်လို့လည်း ပြောဆိုခဲ့သူဖြစ်ပါတယ်။ ချယ်ဆီးနည်းပြ…

Read More

ကမ္ဘာအကြီးဆုံးဖြစ်သည့် စည်တော်ကြီး ကောင်းမှုတော်စေတီတွင် ထားရှိမည်

/အင်းတော် ဒီဇင်ဘာ ၃၀-၂၀၁၈ မိုင်​ချယ်​ရီ(VOM) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် လက်ပံကုန်ကျေးရွာမှာ ထွင်းထုခဲ့တဲ့ ကုက္ကိုလ်သားနဲ့  ပြုလုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို စစ်ကိုင်းမြို့မှာ ရှိတဲ့ ရာဇမဏိစူဠာ လုံးတော်ကြီး ကောင်းမှုတော် စေတီတော်မြတ်ကြီးမှာ ထားရှိမှာ ဖြစ်တယ်လို့  စစ်ကိုင်းတိုင်းဒေသကြီ အစိုးရအဖွဲ့ ကနေ သိရပါတယ်။ စည်တော်ကြီးကို ၂၀၁၈ ခုနှစ် မတ်လ ထဲကနေ စတင်ပြီးတော့ ဆရာပွဲ မြန်မာ့တူရိယာ အမျိုးမျိုးရောင်းဝယ်ရေး ကနေ ပြီးတော့ ထွင်းထုခဲ့ပြီးတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ အလုံးစုံ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြီးစီးခဲ့တဲ့ စည်တော် ထားရှိမဲ့​နေရာကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ တွေ့ဆုံပြီးနောက် မှာ စည်တော်ထားဖို့ နေရာကို သီတဂူဆရာတော် ဒေါက်တာအရှင် ဥာဏိဿရ ထံ ကနေ သြ၀ါဒခံယူရာမှ ဆရာတော်ကြီးက…

Read More

မန်ယူနည်းပြသစ်အဖြစ် ဂျူဗင်တပ်နည်းပြ အလီဂရီကို ရာသီကုန်မှာခေါ်ယူဖို့ ပစ်မှတ်ထားနေ

မန်ချက်စတာ၊ ဒီဇင်ဘာ-၂၉ ရန်နိုင်ထွန်း (VOM) မန်ယူအသင်းဟာ လက်ရှိမှာ ယာယီနည်းပြအဖြစ် ဆိုးလ်ရှားကိုရာသီကုန်အထိ ခန့်အပ်ထားပေမယ့် အသင်းရဲ့ နည်းပြအဖြစ် ဂျူဗင်တပ်အသင်းက နည်းပြ အလီဂရီကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ယခုလအစောပိုင်းက နည်းပြမော်ရင်ဟိုကို မန်ယူအသင်းက ထုတ်ပယ်ခဲ့ပြီး ယာယီနည်းပြ ဆိုးလ်ရှား လက်ထက်မှာတော့ ကာဒစ်အသင်းကို အဝေးကွင်းမှာ ငါးဂိုး-တစ်ဂိုးနဲ့ ဟတ်ဒါဖီးအသင်းကို အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ရာသီကုန်မှာ နည်းပြသစ်တစ်ဦး ခန့်အပ်ဖို့ မန်ယူအသင်းက စီစဉ်နေတာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ပထမဦးစားပေး နည်းပြကတော့ စပါးအသင်းနည်းပြဖြစ်သူ ပိုချက်တီနိုဖြစ်ပြီး ၎င်းကတော့ စပါးအသင်းနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုထားလို့ မန်ယူအသင်းအနေနဲ့ ဂျူဗင်တပ်နည်းပြဖြစ်သူ အလီဂရီကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ အသက် ၅၁ နှစ်အရွယ် ဂျူဗင်တပ်နည်းပြ အလီဂရီကတော့ အသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး မန်ယူအသင်းက ခေါ်ယူမယ်ဆိုရင်တော့…

Read More

မြေယာနှင့်သီးနှံများအတွက် လျော်ကြေးငွေ ကျပ်သိန်းပေါင်း ငါးထောင့်​လေးရာကျော်ပေးအပ်

ကသာ၊ ဒီဇင်​ဘာ ၂၉-၂၀၁၈ နိုင်ကြီး (ကသာ) (VOM) စစ်ကိုင်းတိုင်း ကသာမြို့မှာ ၂၀၀၇ ခုနှစ် က စတင်ဖေါက်လုပ်ခဲ့တဲ့ ကသာ – ဗန်းမော် မီးရထားလမ်း စီမံကိန်းမှာ ပါဝင်သွားခဲ့တဲ့ မြေယာ နဲ့ သီးနှံ တွေအတွက် လျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ (၂၉)ရက်နေ့ နံနက်(၉း၃၀)အချိန်မှာ ကသာခရိုင်ထွေ/အုပ်ရုံး ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ် ။ မြေယာ နဲ့ သီးနှံတွေ အတွက် လျော်ကြေးတွေကို ကျေးရွာအုပ်စု (၆)အုပ်စု ကို ကျေးရွာအုပ်စု တစ်စုခြင်းစီ အတွက် အားလုံး စုစုပေါင်း (၅၄၇၃၉၂၆၀၂) ကျပ် တို့ကို တောင်သူဦးရေ (၁၈၇)ဦး ကိုယ်စား တောင်သူကိုယ်စားလှယ်​တွေက လက်ခံရယူခဲ့တာ ဖြစ်ပါတယ် ။ ကသာ – ဗန်းမော် မီးရထားလမ်းကို ၂၀၀၇…

Read More

ရုရှားက ဖမ်းဆီးထားတဲ့ ယူကရိန်းသင်္ဘောနဲ့ အမှုထမ်းတွေပြန်လွှတ်ပေးဖို့ ဂျာမနီနဲ့ ပြင်သစ်တောင်းဆို

ပါရီ၊ ဒီဇင်ဘာ ၂၉-၂၀၁၈ မျိုးဆက် (VOM) ကာ့ရှ်ရေလက်ကြားမှာဖြစ်ပွားခဲ့တဲ့ ရေတပ်ချင်း ပဋိပက္ခမှာ ရုရှားနိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ယူကရိန်းစစ်သင်္ဘောသုံးစင်းနဲ့ အမှုထမ်းတွေကို ပြန်လွှတ်ပေးဖို့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရိုတို့က ရုရှားနိုင်ငံကို ဒီဇင်ဘာ ၂၈ ရက်က တောင်းဆိုလိုက်ကြပါတယ်။ လွန်ခဲ့သည့် လက ရုရှားနိုင်ငံက ယူကရိန်းသင်္ဘောနဲ့ အမှုထမ်းတွေကို ဖမ်းဆီးထိန်းသိမ်းထားတာဟာ ဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ ၎င်းတို့နှစ်ဦးရဲ့ ပူးတွဲကြေညာချက်မှာ မာကယ်နဲ့ မာခရိုတို့က ပြောဆိုပါတယ်။ ကာ့ရှ်ရေလက်ကြားမှတစ်ဆင့် သင်္ဘောအားလုံး ဘေးကင်း၊ လွတ်လပ်ပြီး အတားအဆီးမရှိ ကူးသန်းသွားလာနိုင်ဖို့နဲ့ တရားမ၀င်ထိမ်းသိမ်းခံထားရတဲ့ ယူကရိန်းသင်္ဘောသားတွေကို ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့ မိမိတို့အနေနဲ့ တောင်းဆိုတယ်လို့ အဆိုပါ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ လွန်ခဲ့သည့်လက ရုရှားရေတပ်ဟာ ယူကရိန်းသင်္ဘောသုံးစင်းကိုပစ်ခတ်ဖမ်းဆီးခဲ့ပြီး သင်္ဘောသား ခြောက်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ဒီလုပ်ရပ်အပေါ် ဆန့်ကျင်တဲ့အနေနဲ့ ရုရှားနဲ့ထိစပ်နေတဲ့…

Read More

ပျားရည်အိုင် ဇာတ်ကားမှာ ကုတင်ပေါ်က ဇာတ်ဝင်ခန်းတွနဲ့ ပတ်သက်ပြီး ဖြေရှင်းလိုက်တဲ့ မေမီကိုကို

ရန်ကုန် ဒီဇင်ဘာ -၂၉ သင်းသဒ္ဒါ(VOM) ပျားရည်အိုင် ဇာတ်လမ်းတွဲမှာ အများစုက ကုတင်ပေါ်က ဆင်းန်ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် သရုပ်ဆောင် မေမီကိုကိုက ဖြေရှင်းပြောဆိုလိုက်ပါတယ်။ တကယ့်ကို ပညာပေးကားလေးပါ။ တချို့ဒါပညာပေးဇာတ်လမ်းတွဲ မဟုတ်ဘူး။ကုတင်ဆင်းန်းတွေပါဆို ပြီး ကောမန့်တွေမန့်ကြတယ်။ ကုတင်ဆင်းန်းတွေလို့ မမြင်စေချင်ပါဘူး။ ဒီဇာတ်လမ်းတွဲကို မိသားစုနဲ့ အတူတူ ကြည့်ကြမယ်။မောင်နှမတွေ အတူတူ ကြည့်ကြမယ်ဆိုရင် ကိုယ့် သမီး ကိုယ့်နှမလေးတွေကို မြိုင့်လို မဖြစ်စေနဲ့ မြညို ဘယ်လိုခံစားနေရလဲ ဆိုတာအသိပေးလို့ ရပါတယ်။ မေမီကိုယ်တိုင်လည်း အပြင်မှာ မြိုင့် လို မဖြစ်အောင်အမြဲ နေထိုင်ပါတယ်။ တကယ်ဆို မေမီလည်း မြိုင့်ကို မကြိုက်ပါဘူး။ မြိုင် ထက်မြက်တာ၊ စိတ်ထားကောင်းတာတွေကို သဘောကျ အားကျပေမဲ့ ယောက်ကျားတွေနဲ့ ပတ်သက်ရင် သူ့ရဲ့စိတ်ဓာတ်ကို မကြိုက်ဘူး။ ဒါပေမဲ့ တစ်ဖက်မှာ ပြန်ကြည့် မယ်ဆိုရင် ဒါဟာသူ့ရဲ့ကံ…

Read More

မက္ကဆီကိုနယ်စပ်တံတိုင်းရန်ပုံငွေ ကွန်ဂရက်က ခွင့်မပြုရင် နယ်စပ်ပိတ်မယ်လို့ဒေါ်နယ်ထရန့်ခြိမ်းခြောက်

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၉-၂၀၁၈ မျိုးဆက် (VOM) မက္ကဆီကို နယ်စပ်တံတိုင်းရန်ပုံငွေနဲ့ ပတ်သက်ပြီး အဆိုပြုထားတာကို အမေရိကန် ကွန်ဂရက်က ခွင့်မပြုပါက တရားမ၀င် လူဝင်မှုကြီးကြပ်ရေးပြသနာတွေဖြစ်ပွားနေတဲ့ မက္ကဆီကိုနယ်စပ်ကို ပိတ်ပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။ နယ်စပ်တံတိုင်းတည်ဆောက်မလား သို့မဟုတ် နယ်စပ်ပိတ်ပစ်မလားလို့ နိုင်ငံတော် ဘက်ဂျက်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ အကြပ်အတည်း တစ်ပတ်ကြာဖြစ်ပေါ်နေပြီးနောက် ဒေါ်နယ်ထရန့်က ၎င်းရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။ နယ်စပ်ကိုပိတ်ပစ်မယ်လို့ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်တာဟာ အမှန်တကယ်ဖြစ်တယ်လို့ အိမ်ဖြူတော်က အတည်ပြုပြီး ကွန်ဂရက်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေဟာလည်း လက်ရှိမှာ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။ ဒီလို အိမ်ဖြူတော်နဲ့ ကွန်ဂရက်အကြား အငြင်းပွားတာတွေကြောင့် အမေရိကန်အစိုးရရဲ့ လုပ်ငန်းအချို့ရပ်ဆိုင်းခဲ့ရပြီး လွှတ်တော်နှစ်ရပ်လုံးအနေနဲ့ ဒီဇင်ဘာ ၂၇ ရက်က မိနစ်အနည်းငယ်ကြာ တွေ့ဆုံခဲ့ကြပေမယ့် အစိုးရလုပ်ငန်းအချို့ ရပ်ဆိုင်းတာကို အဆုံးသတ်ရန် နည်းလမ်းရှာဖွေနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်…

Read More

ဗကသကျောင်းသား သုံးဦးကို ရုံးထုတ် ရမန်ယူ

မန္တ​လေး၊ ဒီဇင်​ဘာ ၂၉-၂၀၁၈ လင်းလင်း(VOM) နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်​မ ၅၀၅(ခ)အပါအဝင် ပုဒ်မငါးခု နဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ ဗကသကျောင်းသား သုံးဦးကို အမရပူရမြို့နယ် တရားရုံးမှာ ဒီကနေ့ ရုံးထုတ် ရမန်ရယူခဲ့ပါတယ်။ ကျောင်းလုံခြုံရေး၊ကျောင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်ပြီး ဩဂုတ်လကတည်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် ထူးခြားမှု မရှိခဲ့ကြောင်း၊ကျောင်းလုံခြုံရေး တိုးမြှင့်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျောင်း တာဝန်ရှိသူတွေဘက်က အကြောင်းပြန်ကြား ဆောင်ရွက်ပေးမှု မရှိတဲ့အတွက် ဒီဇင်ဘာလ ၂၈ ရက်နေ့က ရတနာပုံ တက္ကသိုလ်ရှေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ အချို့နဲ့ ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ ဓါတ်ပုံတွေကို မီးရှို့ခဲ့တဲ့အတွက် ဗကသကျောင်းသားသုံးဦးကို ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။ “ဒီလိုမျိုး တရားစွဲလိုက်လို့ ကျွန်တော်တို့ကို ဖမ်းဆီးလိုက်လို့ မြို့ပြင်မှာရောက်နေတဲ့ တက္ကသိုလ်တွေ လုံခြုံသွားတယ်ဆိုရင်…

Read More
VOM News

FREE
VIEW