ကုန်ကြမ်းရှားပါးမှုကြောင့် စစ်ကိုင်းအိုးလုပ်ငန်း ပျောက်ကွယ်လုနီးပါးဖြစ်နေ

စစ်ကိုင်း ဒီဇင်ဘာ၂၂ စောပြည့်ချမ်းသာ (VOM) စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်မှာ အိုးလုပ်ငန်းလုပ်ကိုင်တဲ့ကုန်ကြမ်း ရှားပါးလာတဲ့အတွက် ရေရှည်မှာ  မိရိုးဖလာ အိုးလုပ်ငန်း ကွယ်ပျောက်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ အိုးလုပ်ငန်း များတွင် အသုံးပြုနေတဲ့ မြေနီ  ရှားပါးလာခြင်း၊ အိုး လုပ်သည့် ကုန်ကြမ်းများ ဈေးနှုန်း မြင့်တက်လာခြင်း နဲ့အတူ သယ်ယူခတွေ မြင့်တက်လာခြင်း၊အလုပ်သမားရှားပါးလာတာတွေကြောင့်  အိုး လုပ်သူ တချို့ လုပ်ငန်းရပ်ဆိုင်းပြီး အလုပ်အကိုင်အသစ်တွေ ရှာဖွေလုပ်ကိုင် လာတယ်လို့ သိရပါတယ်။ “အိုးလုပ်တဲ့ မြေနီ ရှားလာတယ် အရင်တုန်းက မြေနီကို ဒီနားပတ်ဝန်းကျင်မှာ တူးလို့ရတယ် ၀ယ်လို့ ရတယ်နောက်ပြီး မင်းကွန်းသွားတဲ့ လမ်းက ပယ်ငါးဆယ်၊ ခိုတောင် ချောင်းပေါက်ရွာတွေဘက်က ဝယ်လို့ရတယ် အခုကျတော့ အဲ့ဘက်ကရွာတွေမှာ ဝယ်မရတော့ဘူး အဲ့ဘက်ကလမ်းတွေ ပျက်စီးမှာဆိုးတော့မရောင်းကျတော့တာ လက်ရှိမှာတော့ စစ်ကိုင်း ရွာသစ်ကြီးဘက်ကဝယ်ရတယ်အရင်က အဲ့ရွာ…

Read More

ထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဆို

လန်ဒန်၊ ဒီဇင်ဘာ ၂၂-၂၀၁၈ မျိုးဆက်(VOM) မြန်မာနိုင်ငံ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဟာ အပြစ်မရှိဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရန်ကုန်ခရိုင်တရားရုံးက စက်တင်ဘာလအတွင်းက  အပြစ်ရှိကြောင်း အမိန့်ချလိုက်ပြီး ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင် လျှောက်လှမ်းနေမှုအပေါ် မေးခွန်းထုတ်ခဲ့ကြကာ နိုင်ငံတကာသံတမန်တွေနဲ့  လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုလည်း ထွက်ပေါ်နေပါတယ်။ ယင်းဖြစ်စဉ်နဲ့  ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများအကြား စိုးရိမ်နေကြောင်း လက္ခဏာတစ်ရပ်အဖြစ် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ထောင်ကျနေတဲ့  ရိုက်တာသတင်းထောက်နှစ်ဦးကို ထောက်ခံကြောင်း ရုပ်သံဖိုင်တစ်ခု ရိုက်ကူးပြောကြားခဲ့ပြီး ယင်းဖြစ်စဉ်အပေါ် ဗြိတိန်အနေနဲ့ လွန်စွာ စိုးရိမ်ပူပန်မိတယ်လို့ ဂျယ်ရမီဟန့်က ပြောပါတယ်။ ၎င်းတို့နှစ်ဦးမှာ  အပြစ်မရှိဘူးလို့ ယုံကြည်တဲ့အတွက် ကမ္ဘာကြီးက မမေ့လျော့ကြရန်လိုအပ်ကြောင်း၊ ယခုနှစ်အတွင်း သတင်းသမားတွေထောင်ချခံရတာနဲ့ သတ်ဖြတ်ခံရတာတွေလည်း တိုးပွားလာနေတာကိုလည်း တွေ့မြင်နေရတယ်လို့ …

Read More

ကျွန်တော်ပုံတွေ Share ပေးတဲ့ ကောင်မလေးတွေ အားလုံးကို အရမ်းချစ်ပါတယ်ဆိုတဲ့ “ဒေါင်း”

ရန်ကုန် ဒီဇင်ဘာ ၂၂-၂၀၁၈ သင်းသဒ္ဒါ(VOM) နှုတ်ခမ်းနီမလေးများ အသည်းကျော် ဒေါင်းကတော့ ကျွန်တော်ပုံတွေ Share ပေးတဲ့ ကောင်မလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို အရမ်းချစ်ပါတယ်လို့ဆိုပါတယ်။ မိန်းကလေးပရိသတ်အများဆုံး ဒေါင်း၏ ဓာတ်ပုံအရမ်းကို Share တဲ့အပေါ်မှာ “ဓာတ်ပုံရိုက်ရင် ကင်မရာကို မကြည့်ဖြစ်ဖူး၊ ချစ်တဲ့ပရိသတ်တွေကို ရင်ထဲကကြည့်ပြီးတော့ ရိုက်ဖြစ်ပါတယ်၊ ဒီပရိသတ်တွေရှိလို့ ကျွန်တော် ကံကောင်းတယ်လို့ ယူဆပါတယ်၊နောက် ကျွန်တော်ကို ယုံကြည်စွာနဲ့အားပေးတဲ့အတွက်ပါ၊ အနုပညာပတ်သက်ပြီးတော့လည်း အများကြီး ကြိုးစားပါမယ်”လို့ဆိုပါတယ်။ လက်ရှိမှာတော့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်မယ့် လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်တွေဖြစ်တဲ့ နိုင်းနိုင်း၊ ၀တ်မှုန်ရွှေရည်နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့နဲ့ အတူုပါဝင် သရုပ် ဆောင် ထားပါတယ်။ “ကျွန်တော် ဒီဇာတ်ကားမှာတော့ ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်၊ ဓာတ်ပုံအတွက်ဆိုရင် မရရအောင်လုပ်ဆောင် ကြည့်ချင်သူပေါ့၊မရိုက်ခင်မှာ ဒီဇာတ်ကောင်ကို အကောင်းဆုံး ကြိုးစားထားပါတယ်၊အံ့သြထိန့်လန့်စရာ သရဲကားလည်းဖြစ်လို့…

Read More

ခန္တီးမြို့၌ လေယာဉ်အပိုင်းအစ ဟု ယူဆရတဲ့ အရာတစ်ခု ကောင်းကင်ပေါ်က ပြုတ်ကျ

ခန္တီး၊ ဒီဇင်ဘာ ၂၂-၂၀၁၈ မိုင်ချယ်ရီ(VOM) စစ်ကိုင်းတိုင်း ခန္တီးမြို့ပေါ်မှာ လေယာဉ်အပိုင်းအစ လို့ ယူဆရတဲ့ အစိတ်အပိုင်းတစ်ခုဟာ ဒီနေ့မနက် ၆ နာရီ ၀န်းကျင်အချိန်ခန့်က ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန က တာဝန်ရှိသူတစ်ဦး ရဲ့ ပြောကြားချက်အရ သိရပါတယ်။ လေယာဉ်ကိုယ်ထည်ရဲ့ အပိုင်းအစလို့ယူဆရတဲ့ အလျား ၉ ပေ ၈ လက်ခွဲ တစ်ဖက်အနံ ၄ ပေ ၃ လက်မ နဲ့ တစ်ဖက်အနံ ၂ပေ ၈ လက်မ အရွယ်အစားရှိတဲ့ အပိုင်းအစ ဟာ ဆိုရင် ဆူညံတဲ့ ပေါက်ကွဲသံ ပုံစံမျိုး ကြားရပြီးတဲ့ နောက်မှာ ခန္တီးမြို့ မေတ္တာရပ်ကွက် မှာ ရှိတဲ့ ခန္တီးမြို့တွင်းကနေ ခန္တီးမြို့ လေယာဉ်ကွင်းဆိပ် ကို သွားတဲ့…

Read More

ထွေအုပ်ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက် ပြောင်းတော့မယ်

  နေပြည်တော် ဒီဇင်ဘာ ၂၁-၂၀၁၈ မြတ်မင်းခန့် (VOM) ပြည်ထဲရေးလက်အောက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အောက် ပြောင်းဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေးက သောကြာနေတိုင်းကျင်းပတဲ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ဒီကနေ့ ပြောလိုက်ပါတယ်။ မြတ်မင်းခန့် သတင်းပေးပို့ထားတာပါ။ #voiceofmyanmar #အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန#ဦးဇော်ဌေး

Read More

ပင်လယ်ပြင်အတွင်း ငါးတွေကိုဓါတုဆေးဝါးနဲ့ မိုင်းတွေအသုံးပြုပြီး ဖမ်းဆီးနေတာတွေရှိနေ

ဂွ၊ ဒီဇင်ဘာ ၂၁-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် သံတွဲခရိုင် ဂွမြို့နယ်အတွင်း ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းတွေလုပ်ကိုင်နေကြတဲ့ ကမ်းနီးကမ်းဝေးငါးဖမ်း လှေတွေဟာ ပင်လယ်ပြင်အတွင်းက ငါးတွေကို မိုင်းခွဲဖမ်းဆီးတာတွေနဲ့ ဓါတုပစ္စည်းတွေကို အသုံးပြုဖမ်းဆီးတာတွေရှိ နေပါတယ်။ အခုလိုမျိုး ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ ငါးတွေကို နည်းမျိုးစုံသုံးပြီး ဥပဒေမဲ့ဖမ်းဆီးနေကြတာကြောင့် ပင်လယ်ပြင်အတွင်းက သဘာဝဇီဝမျိုးစိတ်တွေဟာ ပျက်စီးဆုံးရှုံးမှုပိုမိုများပြားလာနေတယ်လို့ ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RCA) ဥက္ကဌ ဒေါက်တာမောင်မောင်ကြည်က ပြောပါတယ်။ “ကျွန်တော်တို့ ရခိုင်ပင်လယ်ပြင်အတွင်းမှာ ငါးတွေကိုဖမ်းဆီးနေတဲ့ ငါးဖမ်းလှေတွေဟာ ဓါတုဆေးဝါးတွေကို အသုံးပြုပြီးတော့ ဖမ်းဆီးနေကြတာရှိတယ်၊ တစ်ခေါက်ကျွန်တော် သွားပြီးကမ်းခြေကိုလေ့လာမှုတွေ ပြုလုပ်တဲ့အခါမှာ ပုလင်းခွံတွေကိုတော့ရတယ်၊ ဘာလဲကြည့်တော့ အဲဒီပုလင်းတွေက Potash ပုလင်းတွေဖြစ်နေတယ်၊ ဒါတွေကို ကျေးရွာတွေမှာတောင် ခိုးပြီးရောင်းချနေတဲ့ ဈေးဆိုင်တွေရှိနေတယ်လို့ ပြောကြတယ်”လို့ ဒေါက်တာမောင်မောင်ကြည်က ပြောပါတယ်။ ဒါ့အပြင် ဒရွတ်ပိုက်တွေနဲ့ ငါးဖမ်းဆီးနေတဲ့ငါးဖမ်းလှေတွေအနေနဲ့လည်း သန္တာကျောက်တန်းတွေရှိတဲ့နေရာတွေမှာ ဝင်ရောက်ပြီး ငါးဖမ်းဆီးမှုတွေပြုလုပ်နေတဲ့အတွက်…

Read More

စည်ပင်ဆောင်ရွက်ချက်တွေ မကျေနပ်လို့ မုံရွာမြို့မှာ ဒေသခံတွေ ဆန္ဒပြ

မုံရွာ၊ ဒီဇင်ဘာ ၂၁-၂၀၁၈ အောင်ကိုလတ်(VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က စည်ပင်သာယာရေးရဲ့ ဆောင်ရွက်ချက်တွေကို ကျေနပ်အားရမှု မရှိတဲ့အပြင် အဂတိလိုက်စားတာ၊ စီမံခန့်ခွဲမှု လွဲချော်နေတာတွေကို တွေ့နေရတဲ့အတွက် မုံရွာမြို့ အရပ်ဖက်အဖွဲ့အစည်းတွေ ဦးဆောင်ကာ အင်အား ၂၀၀ ခန့်က ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို မုံရွာမြို့ခံတွေတင်မက ကောလင်း၊ ကန့်ဘလူ၊ ဒီပဲယင်းစတဲ့ မြို့နယ်တွေက ပြည်သူတွေလည်း လာရောက်ဝန်းရံခဲ့ကြပါတယ်။ ကောလင်းမြို့က ပြည်သူတွေကလည်း ကောလင်းမြို့ပေါ် ဗိုလ်ချုပ်ပန်းခြံမှာ မြို့ပေါ်ရပ်ကွက်က ပြည်သူတွေကိုတောင် အသိမပေးဘဲ မြို့တော်ခန်းမ ဆောက်လုပ်နေတဲ့အတွက် ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ “ကျွန်တော်တို့ကတော့ စည်ပင်နဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုလွဲနေတာတွေ တွေ့နေရတယ်၊ ဘက်ဂျက်တွေ အလေအလွင့်ဖြစ်နေတာတွေ တွေ့နေရတယ်၊ ဒါ့အပြင် တချို့ကိစ္စတွေမှာ ဘက်ဂျက်တွေ ပိုတောင်းတာတွေ တွေ့ရတယ်၊ ဘက်ဂျက်ကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုမရှိဘူး၊ အဂတိလိုက်စားတဲ့ ဝန်ထမ်းတွေလည်း ရှိနေတယ်၊…

Read More

ဗလတောင့်တောင့် အကြီးကြီးတွေ  မကြိုက်ဘူးဆိုတဲ့ ခင်ဝင့်ဝါ

ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ် သရုပ်ဆောင် ခင်ဝင့်ဝါကတော့ “လူငယ်ဆိုတော့ အချစ်ရေးက ပြောလို့တော့မရ သေး ဘူးပေါ့။ ဗလတောင့်တောင့် အဲလို အကြီးကြီးတွေ ဘယ်လိုပြောရမလဲ မကြိုက်ဘူး”လို့ဆိုပါတယ်။ ချစ်သူအပေါ် စိတ်ကူးယဉ်ပုံစံကတော့ “ညီမက ကိုယ့်သတ်မှတ်ပြီးတော့ စံထားတာတော့ မရှိပါ ဘူး၊လူတိုင်းကတော့ Perfect ဖြစ်တဲ့သူကို လိုချင်တာပေါ့လေ၊ ဘယ်အရာမှ Perfect ဖြစ်တာမှမရှိတာ၊ ပြီး ပြည့်စုံတယ်ဆိုတာ ဘယ်နေရာမှမရှိဘူးလေ၊ ဘယ်လိုပြောမလဲ ကံပေါ့၊ ညီမက ကိုရီးယားမင်းသား ပုံစံလေး တွေ ကြိုက်တယ်”လို့ဆိုပါတယ်။ 2019 ခုနှစ်မှာတော့ အနုပညာအလုပ်တွေကို ပရိသတ်လက်ခံလာအောင် အကောင်းဆုံးလုပ်ဆောင် သွားမယ် လို့လည်း သိရပါတယ်။လာမယ့်နှစ်ထဲ သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရုံတင်ပေးဖို့ ကျန်သေး တယ်လို့လည်း သိရပါတယ်။ ၂၀၁၈ခုနှစ်ရဲ့ အနုပညာသုံးသပ်ချက်ကတော့ “ကိုယ့်အများကြီးထက်ပြီးတော့ ကြိုးစားဖို့ လိုသေးလို့ ထင်ပါ…

Read More

အမေရိကန်က ခြိမ်းခြောက်နေသရွေ့ နျူကလီးယားလက်နက် မစွန့်ဘူးလို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဒီဇင်ဘာ ၂၁-၂၀၁၈ မျိုးဆက် (VOM) မြောက်ကိုရီးယားအပေါ် နျူကလီးယားခြိမ်းခြောက်မှုတွေကို အမေရိကန်က မဖယ်ရှားသေးသ၍ နျူးကလီးယား လက်နက်တွေကို တစ်ဖက်သတ်စွန့်လွှတ်မှာမဟုတ်ဘူးလို့ ဒီဇင်ဘာ ၂၀ ရက်မှာ မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။ ယင်းသို့ အပြန်အလှန်ခြိမ်းခြောက်မှုတွေကို ဖယ်ရှားမှာသာ ဖြစ်ပေါ်နေတဲ့ သံသယတွေကို ဖယ်ရှားပြီး နျူစွန့်လွှတ်ရေး ဆွေးနွေးပွဲတွေရဲ့ လက်ရှိအကြပ်အတည်းများကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဇွန်လအတွင်းစင်ကာပူမှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်နျူကလီးယား ကင်းမဲ့ရေး ရှေးရှုလုပ်ဆောင်ဖို့အတွက် ကင်ဂျုံအန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့သဘောတူခဲ့ကြပေမယ့် ယေဘူယျဆန်တဲ့ သဘောတူညီချက်ဖြစ်ပြီး နျူကလီးယားစွန့်လွှတ်ရေး တိကျတဲ့ လုပ်ငန်းစဉ်တွေတော့ ပါဝင်ခြင်းမရှိပါဘူး။ ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းမဲ့ရေး ရည်ညွှန်းရာမှာ တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံလုံးရဲ့ ဒေသတွေမှာ  နျူကလီးယားခြိမ်းခြောက်မှုအားလုံးကိုဖယ်ရှားဖို့ ဆိုလိုတာဖြစ်ကြောင်းနဲ့ အမေရိကန်ရဲ့ နျူကလီးယားလက်နက်များအပါအ၀င် တောင်ကိုရီးယားမှာ စစ်သည်တွေကို တပ်ဖြန့်ထားတာတွေလည်း ပါဝင်တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။ လက်ရှိအချိန်မှာလည်း နျူကလီးယားစွန့်လွှတ်ရေးနဲ့ပတ်သက်ပြီး…

Read More

ဘာသာပေါင်းစုံအကြီးအကဲတွေက အသစ်တည်ဆောက်နေတဲ့ သုသာန်ကို သင်္ကြန်ပြီး မှ ပြောင်းပေးရန် တောင်းဆို

စစ်ကိုင်း၊ဒီဇင်ဘာ ၂၁-၂၀၁၈ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့မှာ အသစ်တည်ဆောက်နေတဲ့ အေးငြိမ်းမြေသုသာန်ကို သင်္ကြန်ပြီး မှ ပြောင်းရွှေ့ပေးရန် ဘာသာပေါင်းစုံ က တောင်းဆိုထားတယ်လို့ စစ်ကိုင်းမြို့နယ်စည်ပင်သာယာကော်မတီကနေ သိရပါတယ်။ စစ်ကိုင်းမြို့မှာလက်ရှိ အသုံးပြုနေတဲ့   မြို့မသုသာန်ကို ယခုနှစ်ကုန်တွင် ပိတ်သိမ်းပြီး  ၂၀၁၉ ဇန်နဝါရီလအတွင်းကနေစတင်ပြီး  စစ်ကိုင်းနဲ့ရွှေဘိုခရိုင်ချင်းဆက်လမ်းဘေးရှိ စာရေးရွာအနီး အသစ်ပြုလုပ်ထားတဲ့ အေးငြိမ်းမြေသုသာန် သို့ ရွှေ့ပြောင်းသွားရန် စီစဉ်ထားသော်လည်း ဘာသာပေါင်းစုံ က သင်္ကြန်ပြီး မှ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုထားပါတယ်။ “ မနေ့က သုဿန်အသစ်ကို  အမြန်ဆုံး ပြောင်းရွှေ့ပေးနိုင်ရေး ဘာသာပေါင်းစုံက အကြီးအကဲတွေနဲ့ တွေ့ဆုံညှိနှိုင်းတယ်၊အဲမှာ သူတို့က သင်္ကြန်းပြီးမှ အားလုံးရွှေ့ပြောင်းချင်ပါတယ်ဆိုပြီး တင်ပြလာတယ်၊သင်္ကြန်အပြီး မေလ(၁)ရက်နေ့ ကို တောင်းဆိုထားတယ်၊ အဲဒါကလည်း ဘာသာခြားတွေရဲ့ ရိုးရာခေါ်တာလား မသိဘူး၊ သူတို့ဘာသာပဲ နားလည်မှာပါ၊ တနယ်တကျေး၊နိုင်ငံခြားရပ်ခြား ရောက်နေတဲ့  ဆွေးမျိုးသားချင်းတွေက ရွှေ့ပြောင်းဖို့ အပေါ်မှာ…

Read More
VOM News

FREE
VIEW