တီးတိန်မြို့မှာ မြေတူးရာက လက်နက်ဟောင်း ရာကျော် တူးဖော်တွေ့ရှိ

တီးတိန် ဒီဇင်ဘာ ၂၉-၂၀၁၈ မိုင်​ချယ်​ရီ(VOM) ချင်းပြည်နယ် တီးတိန်မြို့နယ် မြို့မရပ်ကွက်​က နေအိမ်တစ်လုံးမှာ ဒီနေ့မနက်ပိုင်းက နေအိမ်အောက်မှာ ကားထားဖို့ ဒီနေ့မနက် ၁၀ နာရီကျော် အချိန်လောက်က မြေတူးဖော်ရာကနေ သေနတ်အဟောင်း အလက် ရေ ရာကျော် တူးဖော်တွေ့ရှိခဲ့တယ်လို့ တီးတိန်မြို့နယ် စည်ပင်သာယာရေးဌာနရုံးကနေ သိရပါတယ်။ မြို့မ ရပ်ကွက်မှာ နေထိုင်တဲ့ ဦးဇမ်ကျင်ထန်း အိမ်အမှတ်(မ/၂၄၂) ရဲ့ အိမ်အောက်ခြေမှာ ကားထားဖို့အတွက် မြေညှိတူးဖော်ချိန်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တွေ့ရှိခဲ့တဲ့ ဂျပန်ခေတ်တုန်းက သေနတ်ဖြစ်ခဲ့ဟန်တူတဲ့ သံတိုသံစ အချောင်းရေ ၁၅၀ လောက်ရှိတယ် လို့ တီးတိန်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ က ပြောပါတယ်။ တီးတိန်မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဒမ်ခေါဇမ်း က “လက်နက်ပုံစံတောင် မရှိတော့ဘူး သံတို သံစတွေ လို ဖြစ်နေပါပြီ” လို့…

Read More

အာဖဂန်နစ္စတန်မှ အမေရိကန်မထွက်ရင် ဆိုဗီယက်လို ခြေမှုန်းခံရမယ်လို့ တာလီဘန်အဖွဲ့ သတိပေး

ကဘူး၊ ဒီဇင်ဘာ ၂၈-၂၀၁၈ မျိုးဆက် (VOM) အကြမ်းဖက်မှုတွေကြောင့် ယိုယွင်းပျက်စီးနေတဲ့ အာဖဂန်နစ္စတန်မှ မထွက်ခွာရင် ၁၉၈၀ ပြည့်နှစ်များက ဆိုဗီယက်လိုမျိုး ခြေမှုန်းခံခြင်းကို အမေရိကန် ရင်ဆိုင်ရလိမ့်မယ်လို့ တာလီဘန်စစ်သွေးကြွအဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။ အမေရိကန်တပ်ဖွဲ့ဝင်များအနေနဲ့ အာဖဂန်မှာ ဆက်ရှိနေပါက အရှက်ကွဲခြင်းနဲ့ ရင်ဆိုင်ရမှာဖြစ်သလို စစ်အေးခေတ်က တာလီဘန်တို့ရဲ့ ရန်သူ ဆိုဗီယက်တို့ရဲ့ အတွေ့အကြုံတွေကို လေ့လာနိုင်တယ်လို့ တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဘူးလာ့မူဂျာဟစ်က ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။ အာဖဂန်မှာ ဆိုဗီယက်တို့ချေမှုန်းခံလိုက်ရတာကို သတိပြုရန်ဖို့နဲ့ အာဖဂန်နစ္စတန်တို့ရဲ့ စိတ်ဓါတ်ကို စမ်းသပ်ဖို့ အတွေးကို စွန့်လွှတ်သင့်တယ်လို့ အာဖဂန်ကို ဆိုဗီယက်တို့ကျူးကျော်သည့် ၃၉ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ ကြေညာချက်တွင်ဖော်ပြထားပါတယ်။ ၁၉၈၉ ခုနှစ်မှာ အာဖဂန်နစ္စတန်မှ ဆိုဗီယက်တို့ ထွက်ခွာခဲ့ခြင်းဖြင့် ဆယ်စုနှစ်တစ်ခုကြာ တိုက်ခိုက်သိမ်းပိုက်ထားခြင်းကို အဆုံးသတ်ယုံမျှမက…

Read More

အဆိုတော် လားရှိုးသိန်းအောင် အမေရိကန်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်

ရန်ကုန် ဒီဇင်ဘာ ၂၈-၂၀၁၈ သင်းသဒ္ဒါ(VOM) ဂီတလောကရဲ့  ကြယ်တစ်ပွင့်ဖြစ်တဲ့  အဆိုတော်ကြီး လားရှိုးသိန်းအောင်  (ခ) ဂျင်မီဂျက် အသက် ၇၃ နှစ်ကတော့ အမေရိကန်နိုင်ငံမှာ ကွယ်လွန်သွားပြီလို့တယ်လို့ သိရပါတယ်။ လားရှိုးသိန်းအောင်ကတော့  အသက် ၇၃ နှစ်နဲ့ နှလုံးရောဂါဖြစ်ပြီး အမေရိကန်နိုင်ငံ စံတော်ချိန် ည ၂ နာရီခွဲမှာ အမေရိကန်နိုင်ငံ ၊ texas ပြည်နယ် ၊ ဟူစတန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ” မြန်မာစတူဒီယိုခေတ်တွင် အောင်မြင်ခဲ့သော အဆိုတော်ကြီးဖြစ်ပြီးတော့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၈ မိနစ်မှာသွားလွန်ခဲ့တာပါ၊ လာရှိုးသိန်းအောင်ရဲ့ ညီအစ်ကိုအရင်းတွေဖြစ်တဲ့ ကိုတိုးအောင်က ကျွန်တော်ကို ပြောလို့သိရပါတယ်၊ နှလုံးရောဂါ ဖြစ်နေတာ ကြာပြီလို့ ထင်ပါတယ်၊ ဦးသိန်းအောင်က တော့ ဗုဒ္ဓ ဘာသာဝင်ဖြစ်တယ်။လောလောဆယ်တော့ ဟူစတန်မြို့မှာ မြန်မာများရင် မြန်မာလိုသင်္ဂြိုလ်မယ်လို့ ထင်ပါတယ်၊အမျိုးသမီးကတော့…

Read More

ပြည်သူတွေကို ခြိမ်းခြောက်အနိုင်မကျင့်ဖို့နဲ့ အဓမ္မလုပ်အားပေးမခေါ်ဆောင်ဖို့ ANP ထုတ်ပြန်

စစ်တွေ၊ ဒီဇင်ဘာ ၂၈-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ဒေသခံတိုင်းရင်းသားတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြ ရတာတွေနဲ့ပတ်သက်လို့ နိုင်ငံတော်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက လိုအပ်တဲ့အကူအညီတွေပေးကြဖို့အတွက် ရခိုင်အမျိုးသားပါတီ ANP က ဒီဇင်ဘာလ ၂၇ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကြေညာချက်မှာ တိုက်ပွဲတွေအတွင်း ဒုက္ခရောက်နေကြတဲ့ ဒေသခံပြည်သူတွေကို ခြိမ်းခြောက်အနိုင်ကျင့်မှုတွေ မလုပ်ဖို့နဲ့ အဓမ္မလုပ်အားပေးခေါ်ယူတွေမလုပ်ဖို့အတွက် တောင်းဆိုထားတာဖြစ်ပါတယ်။ “တစ်နေ့က ဘူးသီးတောင်မြို့နယ် စည်တောင်ရွာသား ၁၁ ဦးယောက်ကို တပ်မတ်ေကခေါ်သွားတယ်၊ ပြန်ရောက်လာတယ်လို့ ပြောတယ်၊ ဒီစစ်ဖြစ်တဲ့ကိစ္စမှာ အပြစ်မဲ့တဲ့ပြည်သူလူထုကို ထပ်ဆင့်ပြီးတော့ ဒုက္ခတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်ရအောင် အနှောင့်အယှက်ပေးခြင်း၊ ခြိမ်းခြောက်ခြင်းတွေ၊ အဓမ္မလုပ်အားပေးခေါ်ယူတာတွေ မလုပ်ဖို့အတွက် သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကို ကျွန်တော်တို့ မေတ္တာရပ်ခံတယ်”လို့ ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်​က ပြောပါတယ်။ ဒါ့အပြင် တပ်မတော်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပစ်ခတ်ရပ်စဲကြောင်း ကြေညာချက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ဟာ အကျုံးမဝင်ခြင်းဟာ…

Read More

ကွန်ဂိုသမ္မတရွေးကောက်ပွဲ ရွှေ့ဆိုင်းလို့ အီဘိုလာရောဂါ စမ်းသပ်တဲ့ဆေးခန်းကိုတိုက်ခိုက်

ကင်ရှာဆာ၊ ဒီဇင်ဘာ-၂၈ မျိုးဆက် (VOM) ကွန်ဂိုနိုင်ငံရှိ ဒေသအချို့မှာ သမ္မတရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်တဲ့အပေါ် အမျက်ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက အီဘိုလာဖြစ်နိုင်ခြေရှိသူတွေကို စမ်းသပ်နေတဲ့ ဆေးခန်းတစ်ခုကို တိုက်ခိုက်လိုက်ကြပါတယ်။ ဒီလိုတိုက်ခိုက်မှုဟာ ရွေးကောက်ပွဲမဲပေးခြင်းကို ရွှေ့ဆိုင်းခံလိုက်ရတဲ့ အတိုက်အခံတို့ရဲ့ မဲဆန္ဒနယ်မြေသုံးခုထဲမှ တစ်ခုဖြစ်သော ဘီနီမြို့အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး အီဘိုလာ ရောဂါဖြစ်ပွားနေဖွယ်ရှိတဲ့ လူနာအချို့လည်း လွတ်မြောက်သွားတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်ရခြင်းရဲ့ နောက်ကွယ်မှကြောင်းရင်းက အဆိုပါဒေသတွေမှာ အီဘိုလာရောဂါဖြစ်ပွားနေတာကြောင့်ဖြစ်တယ်လို့ ကွန်ဂိုရွေးကောက်ပွဲကော်မရှင်က အကြောင်းပြ ပြောဆိုပါတယ်။ ဒါပေမယ့် အတိုက်အခံပါတီများကတော့ တာဝန်ရှိသူတွေအနေဖြင့် ရွေးကောက်ပွဲ မဲမသမာမှု ပြုဖို့ ကြံစည်နေကြောင်း စွပ်စွဲပြောဆိုနေကြပါတယ်။ ဘီနီ၊ ဘူတန်ဘိုနဲ့ နိုင်ငံအနောက်ပိုင်းရှိ ယန်ဘီတို့မှာ မတ်လတိုင်အောင် သမ္မတရွေးကောက်ပွဲ မဲပေးခြင်းကို ရွှေ့ဆိုင်းထားခဲ့ပါတယ်။ ကွန်ဂိုသမ္မတ ဂျိုးဇက်ကာဘီလာရဲ့ နေရာကိုဆက်ခံမယ့် သမ္မတသစ်ကတော့ လာမည့်လမှာ ကျမ်းကျိမ်မှာဖြစ်ပြီး ဒေသအချို့မှာ ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်တာကြောင့် လူဦးရေတစ်သန်းကျော်ရဲ့…

Read More

ရိက္ခာပိတ်ဆို့ခံနေရတဲ့ စစ်ဘေးရှောင်တွေနဲ့ ကျေးရွာသားတွေ အခက်ခဲရှိနေ

ကျောက်တော်၊ ဒီဇင်ဘာ ၂၈-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီတွေလိုအပ်လျက်ရှိနေပြီး အဲဒီထဲကတချို့ကျေးရွာတွေကို ရိက္ခာပို့ဆောင်ခွင့်မရရှိတဲ့အတွက် အခက်အခဲနဲ့ ကြုံတွေ့နေကြရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မြို့နယ်လေးခုအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေက တချို့ကျေးရွာတွေမှာ ရွာသားတွေမနေရဲတဲ့အတွက် ထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။ “စစ်ဘေးရှောင်တွေကတော့ ထပ်တိုးလာနေပါတယ်။ အဓိကကတော့ အကူအညီတွေလိုအပ်နေတယ်။ ပိတ်ဆို့ထားတာတွေမလုပ်ဖို့နဲ့ အဲဒီလူတွေစားရေးသောက်ရေးအတွက် အဆင်ပြေအောင် တပ်မတော်အနေနဲ့ လမ်းဖွင့်ပေးဖို့လိုပါတယ်”လို့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ ကပြောပါတယ်။ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းဒေသကို ရိက္ခာသယ်ယူပို့ဆောင်ခွင့်မပြုတဲ့အတွက် စစ်ဘေးရှောင်တွေ အပြင် ဒေသခံတွေပါ စားရေးသောက်ရေး အခက်အခဲတွေရှိနေကြတာဖြစ်ပါတယ်။ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပိုမိုဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာသူတွေ ထပ်တိုးလာနေပြီး မြို့နယ်လေး ခုအတွင်းက ကျေးရွာ ၇ ရွာမှာ စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်အထိရှိနေပြီဖြစ်ပါတယ်။ “တိုက်ပွဲတွေက ပြီးခဲ့တဲ့ရက်အထိကို ဖြစ်ပွားနေတယ်။ ဒေသခံတွေကမနေရဲဘူး။ ဒေသအာဏာပိုင်တွေကလည်း…

Read More

လာဘ်စားမှုကြောင့် တရုတ်ထောက်လှမ်းရေးအကြီးအကဲဟောင်းကိုထောင်တစ်သက်တစ်ကျွန်းချ

ပေကျင်း၊ ဒီဇင်ဘာ ၂၈-၂၀၁၈ မျိုးဆက် (VOM) တရုတ်နိုင်ငံ ထောက်လှမ်းရေးအကြီးအကဲဟောင်း မာဂျင်ရန်ဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ လက်ပြောင်းလက်လွှဲလုပ်ကာ ရှယ်ယာဈေးကစားမှုအပါအ၀င် ရာဇ၀တ်မှုများအတွက် တရားရုံးက ထောင်ဒါဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။ ၎င်းကို ၂၀၁၅ ခုနှစ်မှစ၍ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ တရုတ်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်လိုက်ပါတယ်။ မာဂျင်ရန်ဟာ အပြစ်ရှိကြောင်းထွက်ဆိုခဲ့ပြီး အမှုအတွက် အယူခံဝင်တော့မှာ မဟုတ်ဘူးလို့ လျောင်နင်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ တရားရုံးက ထုတ်ပြန်ပါတယ်။ တစ်သက်တစ်ကျွန်းပြစ်ဒါဏ်ကျခံရတဲ့ မာဂျင်ရန်ဟာ နိုင်ငံရပ်ခြားနဲ့ တန်ပြန်ထောက်လှမ်း ရေးတွေလုပ်ဆောင်ရတဲ့ တရုတ်နိုင်ငံ နိုင်ငံလုံခြုံရေးဝန်ကြီးဌာနရဲ့ ဒုတိယ၀န်ကြီးတစ်ဦးဖြစ်ပါတယ်။ ၎င်းလာဘ်ယူခဲ့တဲ့ ငွေတွေဟာ ပမာဏများစွာရှိပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားထိခိုက်စေသလို ၀န်ထမ်းတွေရဲက ဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်လို့ တရားရုံးက ပြောပါတယ်။ တရုတ်နိုင်ငံမှာ သမ္မတ ရှီကျင်းပင်ရဲ့အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ် အရှိန်အဟုန်နဲ့ လုပ်ဆောင်နေရာမှာ အဆင့်မြင့်အရာရှိအမြောက်အများ ပြုတ်ကျခဲ့ပါတယ်။ #voiceofmyanmar#တရုတ်​​ထောက်​လှမ်း​ရေးအရာရှိ#လာဘ်​စားမှု​ကြောင့်​​ထောင်​တစ်​သက်​ကျ# Ref :…

Read More

ပရိတ်သတ်ထဲ ရေဗူးကန်လိုက်လို့ အက်ဖ်အေရဲ့ အရေးယူခံရဖွယ်ရှိနေတဲ့ အာဆင်နယ်နည်းပြ အမ်မရီ

လန်ဒန်၊ ဒီဇင်ဘာ-၂၈ ရန်နိုင်ထွန်း (VOM) အာဆင်နယ်အသင်း နည်းပြ အူနိုင်းအမ်မရီဟာ ဒီဇင်ဘာ ၂၆ ရက်က ဘောက်ဆင်ဒေးမှာ ဘရိုက်တန် အသင်းနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ပွဲမှာ ရေဗူးကို ပရိတ်သတ်ထဲကန်လိုက်တာကြောင့် အက်ဖ်အေရဲ့ စွဲချက်တင်ခြင်းခံလိုက်ရပါတယ်။ မလျော်ကန်တဲ့အပြုအမူနဲ့ ရေဘူးကို ပရိတ်သတ်ဆီိကို ကန်ထဲ့တယ်ဆိုတဲ့ အက်ဖ်အေရဲ့ စွဲချက်နဲ့ ပတ်သက်ပြီး လာမယ့် ဇန်န၀ါရီ ၂ ရက်နေ့မှာ အမ်မရီအနေနဲ့ ပြန်လည်ဖြေရှင်းရမှာဖြစ်တယ်လို့ အက်ဖ်အေက ထုတ်ပြန်ထားပါတယ်။ ဘရိုက်တန်နဲ့ ပွဲပြီးခါနီးမှာ သရေရလဒ်အပေါ် မကျေနပ်တာကြောင့် ဒေါသတကြီး ရေဗူးကန်လိုက်ပေမယ့် ကွင်းဘေးနားကိုသွားပြီး ရေဗူးထိမှန်ခဲ့ တဲ့သူအပါအ၀င် ပရိတ်သတ်တွေကို တောင်းပန်ခဲ့တယ်လို့ အာဆင်နယ်နည်းပြ အမ်မရီက ပြောပါတယ်။ ဒီလိုမျိုး မသင့်တော်တဲ့ အပြုအမူတွေလုပ်ခဲ့တဲ့ နည်းပြတွေကို အက်ဖ်အေကနေ ပွဲကြီးကြပ်ခွင့်တွေ ပိတ်ပင်တဲ့ ပြစ်ဒါဏ်မျိုးတွေချမှတ်ခဲ့ဖူးပါတယ်။ အမ်မရီကတော့ ဒီလုပ်ရပ်ဟာရည်ရွယ်ချက်တစ်စုံတစ်ရာမပါဝင်ဘူးလို့ ငြင်းဆိုထားပြီး အက်ဖ်အေရဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို…

Read More

အဆိုတော်ရသကို မူးယစ်အမှုနဲ့ အလုပ်နှင့်ထောင်ဒဏ်(၁၁)နှစ်​ ချမှတ်

မန္တ​လေး၊ ဒီဇင်​ဘာ ၂၈-၂၀၁၈ လင်းလင်း(VOM) မန္တလေးမြို့မှာ  မူးယစ်ဆေးဝါးတွေနှင့် ဖမ်းဆီးခံခဲ့ရတဲ့ အဆိုတော်ရသကို ဒီဇင်ဘာ(၂၈)ရက် နေ့လည်ပိုင်းက မန္တလေးခရိုင်တရားရုံးကနေ အလုပ်နှင့်ထောင်ဒဏ်(၁၁)နှစ်စီ ချမှတ်မှတ်ခဲ့ပါတယ်​။ သြဂုတ်(၁၄)ရက် ညနေ(၃)နာရီခန့်က ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း၊ ၄၉လမ်းနှင့် လမ်း၅၀ ကြားမှာရှိတဲ့ နန်းထိုက်ပန်ဧည့်ရိပ်မွန်၊ အခန်းအမှတ်(၂၀၃/၂၀၅)မှာ မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိခဲ့တဲ့ အဆိုတော် ရသ အပါအ၀င်​(၃)ဦးကို ဖမ်းဆီးခဲ့ပြီး (ပ)၁၁/၂၀၁၈၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉ (က) နဲ့  အမှုဖွင့်အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။ ၎င်းတို့ကို အောင်ပင်လယ်နယ်မြေရဲစခန်းက ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ သြဂုတ်(၁၅)ရက်နေ့က ပထမအကြိမ် ချုပ်ရမန် နဲ့ စက်တင်ဘာ(၁၀)ရက်နေ့မှာ ဒုတိယအကြိမ် ချုပ်ရမန်များ ရယူစစ်ဆေးခဲ့ပြီး စက်တင်ဘာ(၁၇)ရက်နေ့က ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုတော်ရသ အပါအဝင် အဆိုတော် မခေမီ(ခ)ဗျာတားမီး နှင့် ယာဉ်မောင်းဖြစ်သူ မျိုးတင့်တို့ကို ခရိုင်တရားရုံးမှ တစ်ဦးလျှင် အလုပ်နှင့်ထောင်ဒဏ်(၁၁)စီ…

Read More

သင်ခန်းစာတွေမှာ ဘာသာရေး ခွဲခြားဆက်ဆံမှုကို အားပေးတာတွေ ပြုပြင်ပြောင်းလဲပေးဖို့ အရပ်ဘက်အဖွဲ့အစည်း တစ်ရာကျော် တိုက်တွန်း

မန္တလေး၊ ဒီဇင်ဘာ ၂၇-၂၀၁၈ လင်းလင်း(VOM) မူလတန်းသင်ရိုးညွှန်းတမ်းပါ စာရိတ္တနှင့် ပြည်သူ့နီတိ သင်ခန်းစာတွေမှာ လူမျိုးရေး ၊ ဘာသာရေး ခွဲခြားဆက်ဆံမှုကို အားပေးတဲ့ သင်ခန်းစာတွေ ပါဝင်လာတာတွေ့ရှိရတာ နှင့်  ပတ်သက်ပြီး ပြုပြင်ပြောင်းလဲပေးဖို့ အရပ်ဘက်အဖွဲ့အစည်း တစ်ရာကျော်နှင့် တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်တွေက  ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ နိုင်ငံတော်သမ္မတနှင့် လွှတ်တော် အသီးသီးကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြတယ် လို့ သိရပါတယ်။ ပညာရေးဝန်ကြီးဌာနကနေ အသိအမှတ်ပြုခွင့်ပြုထားတဲ့ အခြေခံပညာ သင်ရိုးညွှန်းတန်း၊မူလတန်းအဆင့် ဘဝတွက်တာ ကျွမ်းကျင်စရာ၊စာရိတ္တနှင့် ပြည်သူ့နီတိ  သင်ခန်းစာသင်ရိုးညွှန်းတမ်းတွေမှာ ဝံသာနုစိတ်ဓာတ်မြှင့်တင်ရေးခေါင်းစဉ်နှင့် “သွေးနှောခြင်းကို ငါတို့မုန်း လူမျိုးအညွှန့်တုန်း” ဆိုတဲ့ သင်ကြားမှုတွေကို မြန်မာနိုင်ငံဒေသအတော်များများမှာရှိတဲ့ အခြေခံပညာကျောင်းတွေအပါအဝင် ပုဂ္ဂလိကကျောင်းအချို့မှာပါသင်ကြားနေတာကို တွေ့ရှိရပြီး ၊ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ အခန်း(၁)၊ ပုဒ်မ ၃မှာ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ တို့ နေထိုင်သည့် နိုင်ငံဖြစ်တယ်လို့ အတိအလင်းဖွင့်ဆိုထားရုံသာမက…

Read More
VOM News

FREE
VIEW