အီရန်း စီပေါကောင်းလယ်
Read MoreYear: 2018
မန္တလေးမှာ သင်္ကန်းဝတ် ၂ယောက်ဆီကနေ မူးယစ်ဆေးတွေမိ
မန္တလေး၊ အောက်တိုဘာ ၁၇၊ ၂၀၁၈ ဟိန်းကို အောက်တိုဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နဲ့ ပြည်ကြီးတံခွန်မြို့နယ်မှာ သင်္ကန်းဝတ်ပုဂ္ဂိုလ် ၂ယောက်ဆီကနေ မူးယစ်ဆေးတွေဖမ်းမိခဲ့ပါတယ်။ ခုလိုသာသနာ့ နယ်မြေအတွင်းက ဥပဒေနဲ့ မညီတဲ့ကိစ္စရပ်တွေဖြစ်ပွားနေတယ်လို့ ခိုင်မာတဲ့သတင်းရရင် သက်ဆိုင်ရာ သံဃာ့နာယကနဲ့ သာသနာရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးအရေးယူမူတွေ လုပ်သွားမှာပါလို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး မျိုးအောင်က ပြောပါတယ်။
Read Moreလက်ကိုင်ဖုန်း အိမ်သာကျင်းထဲပြုတ်ကျ၍ ဆင်းကောက်ရာမှ ကျောင်းသားလေးဦးသေဆုံး
နတ်မောက်၊ အောက်တိုဘာ ၁၇၊ ၂၀၁၈ တာရာ မကွေးတိုင်း၊ နတ်မောက်မြို့နယ် ရွှေပန်းတောကျေးရွာအုပ်စု ဈေးကုန်းရွာမှာ လက်ကိုင်ဖုန်း အိမ်သာကျင်းထဲပြုတ်ကျသွား၍ ဆင်းဆယ်ရာက ကျောင်းသားလေးဦ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ရွှေပန်းတော နယ်မြေရဲစခန်းက သိရပါတယ်။ နတ်မောက်မြို့နယ် ရွှေပန်းတောကျေးရွာအုပ်စု ဈေးကုန်းရွာမှာရှိတဲ့ ”ပညာဥယျာဉ်” ဘာသာရပ် ပညာသင်တန်းကျောင်းက ကျောင်းဆရာတစ်ဦးရဲ့ လက်ကိုင်ဖုန်း၊ အိမ်သာကျင်းထဲပြုတ်ကျသွားတာကို ဘော်ဒါနေ ကျောင်းသားလေးဦးက သူတို့ သဘောဆန္ဒအလျှောက် ဆင်းကောက်ရာကနေ အသက်ရှုကြပ်သေ ဆုံးသွားခဲ့ဖြစ်ကြောင်း ရွှေပန်းတော နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်လှဝင်းက ပြောပါတယ်။ “ဆရာတစ်ယောက်ကနေ အိမ်သာကျင်းထဲ ဖုန်းကျ သွားတယ်လို့ ပြောလိုက်တယ်။အဲမှာ ကလေးတွေက သူတို့ သဘောနဲ့ သူတို့ ဆင်းဆယ်တာပေါ့ ကျောင်းဆရာလည်း မကောက်ခိုင်းဘူး။ တစ်ယောက်က ဆင်း ၊နောက်တစ်ယောက်လည်း ဆင်းဆယ် လှေကားလည်း မရှိဘူး ဒီအတိုင်း ဆင်းတာ၊ နောက်နှစ်ယောက်ကျ…
Read Moreမန္တလေးမှာ ရဲအင်အားနဲ့မြို့နေလူဦးရေ မမျှမတဖြစ်နေ
မန္တလေး၊ အောက်တိုဘာ ၁၇၊ ၂၀၁၈ ဟိန်းကို မန္တလေးမြို့မှာ ဒုစရိုက်မှုတွေ အဖြစ်များခဲ့တာနဲ့ပက်သက်ပြီး မန္တလေးမြို့က အရပ်ဖက်အဖွဲ့အစည်းတွေက စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ယနေ့အောက်တိုဘာ(၁၇)ရက်နေ့ ၊နံနက်ပိုင်းက ၂၆လမ်း ၈၇လမ်းနဲ့ ၈၈ကြားမှာရှိတဲ့ ပဒုမ္မာ ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ မန္တလေးလူထုက မန္တလေးမြို့မှာ ဒုစရိုက်မှုတွေ ပပျောက်ဖို့ရဲတပ်ဖွဲ့က စီမံချက်တွေနဲ့ ပြုလုပ်နေတာရှိပေမယ့်လည်း မြို့လူထုနဲ့စာရင် ရဲတပ်ဖွဲ့အင်အား လုံလောက်မှုမရှိတာတွေကို ထည့်သွင်းဆွေးနွေးသွားပါတယ်။
Read Moreကျောက်ဆည်ဆင်ပွဲတော်မှာ ဆင်အဖွဲ့(၂၀) ဝင်ရောက်ယှဉ်ပြိုင်မည်
ကျောက်ဆည် – အောက်တိုဘာ ၁၇၊ ၂၀၁၈ တာရာ ဒီနှစ် ကျောက်ဆည်ဆင်အလှူတော် နဲ့ ဆင် အကအလှပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဆင်အဖွဲ့ ၂၀ ရှိကြောင်း ကျောက်ဆည်မြို့ ဆင်ပြိုင်ပွဲကျင်းပရေးနဲ့ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီထံက သိရပါတယ်။ ကျောက်ဆည်ဆင်အလှူတော် နဲ့ ဆင်အကအလှပြိုင်ပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှာ ရွှေသာလျောင်းတောင်ခြေမှာရှိတဲ့ ဆင်ပြိုင်ကွင်းတွင်းမှာ ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်ဆင်အကအလှပြိုင်ပွဲ မှာတော့ ဘော်ကြယ်ဆင် လေးစီး၊ကလေးဆင် ၄စီး၊ ရိုးရာဆင် ၉ စီး ၊ သဘာဝဆင် ၃စီး၊ စုစုပေါင်း ဆင်အဖွဲ့ ၂၀ က ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်း ဆင်ပြိုင်ပွဲကျင်းပရေးနဲ့ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဦးခင်မောင်မြင့်က ပြောပါတယ်။ ဆုကြေးများအနေနဲ့ ဘော်ကြယ်ဆင် အကအလှပြိုင်ပွဲမှာ ပထမဆု (၈)သိန်း၊ ဒုတိယဆု (၆)သိန်း၊ တတိယဆု…
Read Moreသရပါ အလုပ်သမားအရေး ဆွေးနွေးမှုများလုပ်နေ
မန္တလေးတိုင်း၊ ပုဂံ ညောင်ဦးမြို့နယ်က သရပါဟိုတယ်ရှေ့မှာ အလုပ်ပြန်လည်ခန့်ထားပေးရေး တောင်းဆိုနေတဲ့ အလုပ်သမားတွေထဲက (၈)ဦးကို အလုပ်ရှင်က အလုပ်ပြန်လည်ခန့်အပ်ဖို့အတွက် ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ဒါကြောင့် အောက်တိုဘာ ၁၆ ရက်နေ့နောက်ဆုံးထားပြီး ဆွေးနွေး ညှိနှိုင်းမှုလုပ်ပေးဖို့ တောင်းဆိုထားတာကို ရက်တိုးပြီး စောင့်ဆိုင်းပေးသွားမှာဖြစ်တယ်လို့ သရပါဟိုတယ် အလုပ်ရှင်ကိုယ်စားလှယ် ဦးမြင့်မြတ်ထူးသူက အောက်တိုဘာ(၁၆)ရက်နေ့၊ မီဒီယာများနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။ သပိတ်စခန်းဖွင့်နေတဲ့ အလုပ်သမားတွေကတော့ အလုပ်ထုတ်ခံရတဲ့သူတွေကို ယခင်နေရာ၊ရာထူးအတိုင်း ပြန်လည်ခန့်အပ်နိုင်သည့်အချိန်ထိ တောင်းဆိုသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
Read Moreပုဝါမကူ ရေမရှူကြေး
ပုဝါမကူ ရေမရှူကြေး
Read Moreမန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ် အီလက်ထရောနစ် အားကစားပြိုင်ပွဲ ကျင်းပမည်
မန္တလေးမြို့မှာ တက္ကသိုလ်(၁၆)ခုပါဝင်ပြီး အီလက်ထရောနစ်အားကစားပြိုင်ပွဲနဲ့ Cosplay Contest Anime ဇာတ်ကောင်အတိုင်း ဝတ်ဆင်ပြီး သရုပ်ဖော်ပြိုင်တဲ့ပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် အောက်တိုဘာလ(၁၃) မှ (၁၄)ရက်ထိ မန္တလေးမြို့ အမျိုးသားကဇာတ်ရုံ မှာ နှစ်ရက်တာကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲဒီပွဲကို Speed Gaming မှ ကြီးမှူး၍ ကျင်းပသွားမှာဖြစ်ပြီး တက္ကသိုလ်(၁၆)ခုကနေ အသင်း(၈၀)ကျော် ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ” E sport သမား တစ်ဦးအနေနဲ့ ရပ်တည်ချင်တဲ့သူတွေလည်း ရှိပါတယ်၊ အဲလိုရပ်တည်ချင်တဲ့ လူငယ်တွေကို အခွင့်အလမ်း ရစေချင်တာရယ်၊နိုင်ငံတကာမှာ ဂိမ်းကစားတာကို E sport အီလက်ထရောနစ်အားကစားအဖြစ် သတ်မှတ်ပေးပြီး ပြိုင်ပွဲတွေ ကျင်းပပေးတယ်၊ လူကြီးတွေရဲ့ အမြင်ပြောင်းလဲလာအောင်ရယ်အတွက် အခုလို ဒီပွဲကို စီစဉ်ဖြစ်တာပါ” ဟု ပွဲကျင်းပရေးမှာ ပါဝင်သူ ကိုကောင်းသူရက ပြောပါတယ်။ အဆိုပါ ပြိုင်ပွဲတွင် ပထမဆု Grand…
Read Moreအယ်ဒီတာ့ အာဘော်
ဒီနေ့ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ လက်ရှိအစိုးရလက်ထက်မှာ ပိုမိုကျဆင်းနေတယ်ဆိုတာ ကမ္ဘာကရော မြန်မာပြည်မှာလုပ်နေတဲ့ သတင်းမီဒီယာအသိုင်းအဝိုင်းကပါ အသံကျယ်ကျယ်နဲ့ ပြောနေကြချိန်ဖြစ်ပါတယ်။ ရိုက်တာသတင်းထောက် ၂ယောက်ကို အလုပ်နဲ့ ထောင် ၇နှစ်ချလိုက်လို့ ကမ္ဘာကြီးရဲ့ ဝေဖန်သံတွေညံနေဆဲအချိန်မှာပဲ ခု Weekly Eleven သတင်းဌာနက အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်ချုပ် စုစုပေါင်း ၃ယောက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူအများက အကြည်ညိုပျက်အောင် အယုံကြည်မဲ့အောင်လုပ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက အရင်စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချလေ့ရှိတဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်လိုက်ပြန်ပါတယ်။ ဒီပုဒ်မမှာ “အများပြည်သူအကြား အကြောက်တရား၊ သို့မဟုတ် ထိတ်လန့်မှု ဖြစ်စေရန် ရည်ရွယ်ကာ” သတင်းအချက်အလက်များ ထုတ်ဝေဖြန့်ချိသည့် ဆောင်ရွက်မှု လို့ဖွင့်ဆိုထားပြီး အာမခံမရဘဲ ထောင် ၂နှစ် ချနိုင်ပါတယ်။ ဒီပုဒ်မ ၅၀၅ (ခ) ဆိုတာ…
Read Moreမန္တလေးမြို့တွင် တပ်မတော်ထောက်ခံပွဲ သုံးကြိမ်မြောက်ပြုလုပ်
မန္တလေးမြို့၊မဟာအောင်မြေမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ဦးဆောင်ပြီး တပ်မတော်ကိုထောက်ခံခြင်း နှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်ခြင်း ဆန္ဒထုတ်ဖော်ပွဲကို စက်တင်ဘာ(၁၆)ရက်၊နံနက်(၉)နာရီက မနော်ရမ္မံပြည်သူ့ဟစ်တိုင်ကွင်းရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ “ပြောချင်တာကတော့ အချက်နှစ်ချက်ပဲ တပ်မတော်က နိုင်ငံတော်ရဲ့တာဝန်တွေကို ဥပဒေနဲ့အညီဆောင်ရွက်နေတာဖြစ်တယ်အတွက် တပ်မတော်ကိုထောက်ခံတယ်ဆိုတာ အားလုံးသိအောင် ပြောချင်တာက ပထမအချက် ၊ဒုတိယအချက်ကတော့ ပြင်ပက၊ နိုင်ငံတော်ရဲ့အချုပ်အချာ အာဏာကို မတရားဝင်ရောက်စွက်ဖက်တဲ့ လုပ်ရပ်တွေကို ကန့်ကွက် ရှုတ်ချ ဆန့်ကျင်တဲ့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ် ” လို့ မဟာအောင်မြေမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဒုတိယဥက္ကဌ ဦးဝင်းဖေ(ဗိုလ်ကြီး\ငြိမ်းစား) မှ ပြောပါတယ်။ အဆိုပါ ထောက်ခံပွဲတွေကို စက်တင်ဘာ(၁၃)ရက်နေ့က ချမ်းအေးသာစံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ပထမအကြိမ် ပြုလုပ်ခဲ့ပြီး စက်တင်ဘာ(၁၅)နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ပြုလုပ်ခဲ့ပါသေးတယ်။ မဟာအောင်မြေမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ကတော့ ဒီနေ့မှာ သုံးကြိမ်မြောက်အဖြစ် တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခဲ့ပါတယ်။
Read More