ကလေးမြို့၌ ဆိုင်ကယ်နဲ့ကား တိုက်မိ တပ်မတော်သား တစ်ဦးသေဆုံး

ကလေး ဇန်​န၀ါရီ ၁-၂၀၁၉
မိုင်​ချယ်​ရီ(VOM)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊  ၅၆မိုင်ကျေးရွာအနီး ကလေး-တမူးသွားကားလမ်းမပေါ်မှာ
ဒီဇင်ဘာလ ၃၀ရက် မွန်းလွဲပိုင်းက အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် က တပ်ကြပ်မောင်းတဲ့ စစ်ကားနဲ့ ဆိုင်ကယ် တိုက်မိရာကနေ ဆိုင်ကယ်မောင်းလာတဲ့ ဒုတပ်ကြပ်အဆင့်ရှိ တပ်မတော်သားတစ်ဦး သေဆုံးခဲ့တယ်လို့  ကလေးမြို့မရဲစခန်း ကနေ သိရပါတယ်။
သေဆုံးတဲ့ တပ်မတော်သားဟာ ဆိုရင်အမှတ် ၃၆၃ ခြေမြန်တပ်ရင်း က  ဒုတပ်ကြပ် လျမ်ဆွင်းမန်(၂၉)နှစ်
်ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်လို့  မော်တော်ယာဉ်မောင်း တပ်ကြပ် ဝင်းနိုင်(၄၆)နှစ်နဲ့ သေဆုံးသူ ဒုတပ်ကြပ် လျမ်ဆွင်းမန် တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က  အမှုဖွင့်ထားတယ်လို့ ကလေးမြို့မရဲစခန်းကနေ သိရပါတယ်။

#voiceofmyanmar#ကလေးမြို့#ဆိုင်ကယ်နဲ့ကားတိုက်တပ်မတော်သားတစ်ဦးသေဆုံး#

Related posts

Leave a Comment

VOM News

FREE
VIEW