ဒါရိုက်တာဏကြီး နဲ့ အကယ်ဒမီ ပိုင်ဖြိုးသုတို့ရဲ့ မင်္ဂလာဦးအလှုပြုလုပ်

ရန်ကုန် ဇန်နဝါရီ ၁-၂၀၁၉
သင်းသဒ္ဒါ(VOM)

ဒါရိုက်​တာ ဥာဏတင်ဦး (ခ)ဏကြီး နဲ့ အကယ်ဒမီ ပိုင်​ဖြိုးသုတို့ရဲ့ မင်္ဂလာဦးအလှူပွဲကိုတော့ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိတဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဗဟိုမှာ ပြုလုပ်ခဲ့ပါတယ်။

”သု အကယ်ဒမီ စရတုန်းကလည်း ကိုယ်လူချောအဖွဲ့ရော စက်မှုအဖွဲ့တွေကို လှူခဲ့ဖူးပါတယ်၊ အဲလှူရတာ သုအရမ်းပျော်တယ်၊ မင်္ဂလာဦးကျရင် ထိုင်​မသိမ်းတွေနဲ့ လုပ်မယ့်အစား သုတို့တွေကို လှူရအောင်လို့ တိုင်ပင်ပြီး လှူဖြစ်တာပါ၊ ယနေ့ ဝတ်စုံကို ယဉ်သူထိုက်ပိုးထည်တိုက်ကပါ၊ကြာတိုက်ပုံကိုတော့ ခင်စန်းယဉ်ယက္ကန်းတိုက်ပါ၊ ဒီဇိုင်နာ မယုံ့ယုံ့ ဖန်တီးပေးထားတာပါ၊ လက်ဝတ်ရတနာက စိန်နန်း​တော်ကပါ ”လို့ အကယ်ဒမီ ပိုင်ဖြိုးသုက​ပြောပါတယ်​။

အဆိုပါ အခမ်းအနားမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌဇင်ဝိုင်း ၊ စက်​မှုအခြေခံ သာရေးနာရေးအဖွဲ့ဝင်​ ခေါင်းဆောင် ကိုသားကျော်တို့က မုဒိတာစကားပြောဆိုခဲ့ပါတယ်။

ဏကြီး နှင့် ပိုင်ဖြိုးသုက သရုပ်ဆောင် ကိုယ်​လူချောအဖွဲ့ (၈၂)ဦး၊ စက်​မှုအခြေခံ သာရေးနာရေးအဖွဲ့ဝင်​ (၁၈၀)ဦး၊ စုစုပေါင်း ၂၆၂ ဦးတို့အတွက်​ ဆန်​တစ်​တင်းခွဲ၊ ဆီ ၃ပိသာ ဆီလှူဒါန်းပွဲကို လှူဒါန်းခဲ့ကြပါတယ်။

ဒါရိုက်တာ ဏကြီး နှင့် အကယ်ဒမီ ပိုင်ဖြိုးသုကတော့ ၂၀၁၈ခုနှစ် ဇွန် ၂၁ ရက် နံနက်ပိုင်းကလည်း ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ စေ့စပ်ခဲ့ကြပါတယ်။ ယနေ့ညနေ ညနေ ၆ နာရီမှာလည်း ရန်ကုန်မြို့ အင်ယားလိတ်ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲကို ဆက်လက် ကျင်းပသွားမှာဖြစ်ပါတယ်။

#voiceofmyanmar#အကယ်​ဒမီပိုင်​ဖြိုးသု#
သင်းသဒ္ဒါ -ဓာတ်ပုံ

Related posts

Leave a Comment

VOM News

FREE
VIEW